ရှမ်းမြောက်က တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးထားတဲ့ မြို့နယ်တွေနဲ့ ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှန်သမျှကို စစ်ကောင်စီက ဒီရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဖြတ်တောက်ပိတ်ဆို့လာပါတယ်။
ရွေးကောက်ခံသမ္မတ Donald Trump က အစိုးရသစ်အတွက် ပြင်ဆင်နေရာမှာ စွမ်းအင်ဝန်ကြီးဌာနကို ဦးဆောင်ဖို့ ရေနံလုပ်ငန်း ဝန်ဆောင်မှုကုမ္ပဏီပိုင်ရှင် Chris Wright ကို ရွေးချယ်လိုက်ပါတယ်။
ဩစတြေးလျ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံ ၃ နိုင်ငံ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ ဒီနေ့ တနင်္ဂနွေနေ့မှာ သဘောတူလိုက်ကြပါတယ်။
ယူကရိန်းနိုင်ငံက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ရုရှားက မစ်ဇိုင်းဒုံး ၁၂၀၊ ဒရုန်း ၉၀ နဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အစ္စရေးနိုင်ငံ Caesarea ကမ်းရိုးတန်းမြို့က အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နေအိမ်ကို မီးကျည်တွေနဲ့ ပစ်ခတ်ခံခဲ့ရပြီးနောက် မသင်္ကာသူ ၃ ယောက်ကို အစ္စရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ပြိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုဖို့ အရေးကြီးကြောင်း Peru နိုင်ငံ Lima မြို့မှာ ကျင်းပတဲ့ အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေး (APEC) ညီလာခံမှာ သီးသန့်တွေ့ဆုံခဲ့ကြတဲ့ အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့က ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီမှာ အာဏာလွှဲပေးရတော့မယ့် သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဒီနေ့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ကမ္ဘာကျော် Heavy Weigh လက်ဝှေ့ချန်ပီယံဟောင်း Mike Tyson နဲ့ YouTube ပေါ်မှာ ဗွီဒီယိုတွေ တင်ဆက်ပြီး နာမည်ကြီးတဲ့ YouTuber ကနေ လက်ဝှေ့သမား ဖြစ်လာသူ Jake Paul တို့ သောကြာနေ့ညက ယှဉ်ပြိုင်ထိုးသတ်ကြတာမှာ ၈ ချီထိုးအပြီး Jake Paul က အနိုင်ရသွားပါတယ်။
အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်မှာရှိတဲ့ ဆေးရုံတခုက မွေးကင်းစ ကလေးငယ်တွေထားတဲ့အဆောင် မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် မွေးကင်းစ ကလေးငယ် ၁၀ ဦး သေဆုံးပြီး၊ ၁၆ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲက ကုန်းလောရွာအပေါ် စစ်တပ်က နိုဝင်ဘာ ၁၅ ရက်၊ သောကြာနေ့တုန်းက လေကြောင်းကနေ ဗုံးကြဲခဲ့မှုအတွင်း သေဆုံးခဲ့သူတွေရဲ့ အသုဘအခမ်းအနားကို ဒီနေ့ နိုဝင်ဘာ ၁၆ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကလို့ ယူဆရတဲ့ ရိုဟင်ဂျာ ၇၀ ကို နိုင်ငံတောင်ပိုင်းက ကျွန်းတခုပေါ်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြောပါတယ်။ ထိန်းသိမ်းခံရသူတွေထဲ ကလေးငယ် ၃၀ လည်း ပါဝင်တယ်လို့ ပြောပါတယ်။
ရီပတ်ဘလစ်ကန်ပါတီတွင်း အကြိုရွေးကောက်ပွဲတွေမှာ သမ္မတလောင်းနေရာ ဝင်အရွေးခံခဲ့တဲ့ Nikki Haley နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo တို့ကို လာမယ့်သူ့အစိုးရအဖွဲ့မှာပါဖို့ ကမ်းလှမ်းမှာ မဟုတ်ကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က စနေနေ့က ပြောလိုက်ပါတယ်။
ဘေရွတ်မြို့တော်မြောက်ပိုင်း ကျေးရွာတခုမှာ ဒီကနေ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက် အပါအဝင် လူ ၂၀ သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို ပစ်မှတ်ထားပြီး ယူကရိန်းက ဒရုန်း ၃၄ ခုထက်မနည်းသုံးပြီး ဒီကနေ့ပဲ တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားက ၂၀၂၂ ခုနှစ်မှာ စတင်ကျုးကျော်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း၊ အရေအတွက် အများဆုံးအဖြစ် တိုက်ခိုက်မှု ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲဟာ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် အီရန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး၊ နောက်နေ့မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ အီရန်နိုင်ငံပိုင်သတင်းက ဒီကနေ့ပဲ ဖော်ပြလိုက်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲ နောက်ဆုံးမဲရလဒ်တွေအရ Arizona ပြည်နယ်မှာ သမ္မတဟောင်း Donald Trump အနိုင်ရကြောင်း အမေရိကန် သတင်းဌာနတွေက တွက်ချက်အတည်ပြုခဲ့ကြတာကြောင့် အကြိတ်အနယ်ယှဉ် ပြိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ ပြည်နယ် ၇ ခုစလုံးမှာ ရီပတ်ဘလစ်ကန်ပါတီက အနိုင်ရသွားပါပြီ။
မြန်မာ့နိုင်ငံရေးမှာ တရုတ် ဝင်ရောက်ပါဝင်နေတာကို ဆန့်ကျင်တဲ့အနေနဲ့ ဗြိတိန်မှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ ဒီနေ့ လန်ဒန်မြို့တော်နဲ့ မန်ချက်စတာမြို့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။
ကမ္ဘာပေါ်မှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ခြိမ်းခြောက်ခံနေရချိန်မှာ လွတ်လပ်မှုရဲ့ ပြယုဂ်တခု ဖြစ်ခဲ့တဲ့ ဘာလင်တံတိုင်းကြီးကို ဖြိုဖျက်နိုင်ခဲ့မှု နှစ်ပတ်လည် အခမ်းအနားတွေကို ဂျာမနီမှာ ဒီနေ့ စနေနေ့မှာ ကျင်းပနေကြပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ဘလူချီစတန်ပြည်နယ်ထဲက လူစည်ကားတဲ့ မီးရထားဘူတာရုံတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ၅၀ ကျော်လည်း ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အခုအနိုင်ရထားတဲ့ Donald Trump နဲ့ လူသိများတဲ့ အီရန်နွယ်ဘွား အမေရိကန် သတင်းထောက်တယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ အီရန်က စီစဉ်ခဲ့တယ်လို့ အစိုးရရှေ့နေတွေ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်