ကမ္ဘာ့နိုင်ငံပေါင်း (၅၀) ကျော်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ Monkeypox လို့ခေါ်တဲ့ မျောက်ကျောက်ရောဂါကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ပေမယ့် ဒီရောဂါဟာ ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေငြာရလောက်တဲ့ အခြေအနေကို ရောက်မလာသေးဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တာဝန်ခံမှုရှိရေးဟာ နိုင်ငံတကာနဲ့ အာဆီယန်ရဲ့ ပြဿနာလည်းဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
ဘဲလာရုစ် နိုင်ငံကို Islander-M မိုလ်ဘိုင်း ပဲ့ထိန်း မစ်ဇိုင်းဒုံးစနစ် လာမယ့် လပိုင်းတွေ အတွင်းမှာ ပေးအပ်မယ့် အကြောင်း ရုရှားသမ္မတ Vladimir Putin က စနေနေ့မှာ ပြောပါတယ်။
အမေရိကန် တရားရုံးချုပ် ဆုံးဖြတ်ချက်ကြောင့် အနည်းဆုံး ပြည်နယ် (၁၃) ခု မှာ သန္ဓေသားဖျက်ချခွင့် တားမြစ်တဲ့ဥပဒေကို အသက်သွင်းနိုင်ဖို့ ရှိနေပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က သူ့ခရီးစဉ်အတွင်း ဆွေးနွေးချက်တွေကို NUG အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ မနေ့က ဆွေးနွေးခဲ့တဲ့အကြောင်း ပြောပါတယ်။
ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူတွေကို R2P နဲ့အညီ အမြန်ဆုံးကူညီပေးဖို့ ကုလသမဂ္ဂကို ထပ်မံတောင်းဆိုလိုက်ပါတယ်။
နော်ဝေနိုင်ငံ အော်စလိုမြို့မှာ လူနှစ်ဦး သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တဲ့ ညလုံးပေါက် ပစ်ခတ်မှုဟာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှု ဖြစ်နိုင်ပြီး စုံစမ်းစစ်ဆေးမှုတွေတော့ ဆက်လုပ်နေတဲ့အကြောင်း နော်ဝေရဲတပ်ဖွဲ့က ပြောပါတယ်။
ရုရုားရဲ့ မဟာမိတ်၊ အိမ်နီးချင်း ဘဲလားရုစ်နိုင်ငံ (Belarus) ထဲကနေ ဒီကနေ့ ယူကရိန်းကို အပြင်းအထန် ဗုံးကျဲ တိုက်ခိုက်နေတယ်လို့ ယူကရိန်းစစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းကို EU ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်လာရေး ကနဦးအဆင့် အဖွဲ့ဝင်နိုင်ငံလောင်းအဖြစ် ဥရောပကောင်စီ ထိပ်သီးပွဲမတိုင်ခင် ဥရောပလွှတ်တော် (EP) ဘက်က တခဲနက် မဲခွဲ အတည်ပြုပေးလိုက်ပါတယ်။
ယူကရိန်း ဓာတ်ပုံဆရာလည်းဖြစ် မှတ်တမ်းကားထုတ်လုပ်သူလည်းဖြစ်တဲ့ Maks Levin နဲ့ သူ့ကိုလုံခြုံရေးယူပေးတဲ့တပ်သားတယောက်ကို ရုရှားတပ်ဖွဲ့က သတ်ဖြတ်ခဲ့တယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ကပြောပါတယ်။
မဲခေါင်မြစ်ရဲ့ ကမ္ဘောဒီးယားနိုင်ငံ အပိုင်းမှာ ကီလိုဂရမ် ၃၀၀ ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရေချို ငါးလိပ်ကျောက် ငါးကြီးတကောင်ကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့ငါးကြီးဟာ ခေါင်းကနေ အမြီးထိ ၁၃ ပေရှည်လျားပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကဖမ်းမိခဲ့တာပါ။
ရုရှားတပ်တွေဟာ စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေကြောင်း ယူကရိန်းရှေ့နေတွေရဲ့ စွပ်စွဲချက်တွေကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ အမေရိကန်ရှေ့နေချုပ် Merrick Garland အင်္ဂါနေ့က ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ဒုက္ခသည်တွေ အပါအဝင် ကမ ္ဘာတလွှား ဒုက္ခသည် ၂ သန်းကျော်ကို လာမယ့် ၂၀၂၃ ခုနှစ်မှာ တတိယ နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်နဲ့ အခြေချနိုင်ရေး လိုအပ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို ဝင်ရောက်တိုက်ခတ်နေတဲ့ မုတ်သုန်မိုးကြောင့် လူပေါင်း ၆ သန်းလောက် ဘေးဒုက္ခ ရောက်နေကြပြီး အခြေအနေဟာ ဒီထက် ပိုဆိုးနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံကို ပြန်ပို့ပေးရေးအတွက် ရိုဟင်ဂျာလူမျိုးတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္ဂနွေနေ့က သောင်းချီ ဆန္ဒပြခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်က လူတစ်သိန်းလောက် ဆန္ဒပြပြီးကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုလို လူစုလူဝေးလုပ်တာကို ပိတ်ပင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားတွေကို ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ ဒီမိုကရေစီ လိုလားသူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။
ဒုက္ခကြုံနေရတဲ့ မြန်မာပြည်သူတွေကို ကူညီဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိရေးအတွက် ဂျပန်အင်န်ဂျီအို အဖွဲ့အစည်းအသစ်တစ်ဖွဲ့ဟာ ရံပုံငွေ ရှာဖွေရေး လှုပ်ရှားမှုတစ်ရပ်အဖြစ် ဇွန်လ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲက တာရှည်နိုင်တယ်လို့ နေတိုးအဖွဲ့အကြီအကဲက တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ ယူကရိန်းကို ဥရောပသမဂ္ဂ ဝင်ခွင့်ပြုသင့်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌက အကြံပြုလိုက်ပြီး ရက်ပိုင်းအတွင်းမှာ နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် Jens Stoltenberg ပြောဆိုပါတယ်။
အာဖဂန်နစ္စတန် တာလီဘန်တို့က သူတို့ အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုမှု ရရှိရေးမှာ အမေရိကန် ပြည်ထောင်စုက ပိတ်ပင် တားဆီးနေတာ ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်