နေတိုအဖွဲ့ဝင်ဖြစ်ရေး ဖင်လန်နဲ့ ဆွီဒင်နိုင်ငံတို့ လျှောက်ထားမှုအပေါ် တူရကီက ဟန့်တားနေမှုကို ဖြေရှင်းဖို့ နေတိုးအကြီးအကဲက ကြိုးစားနေပါတယ်။
အမေရိကန် လေယာဉ်တင်သင်္ဘော ပါဝင်တဲ့ အမေရိကန်-တောင်ကိုရီယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတရပ်ကို ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းအပြင်ဖက် နိုင်ငံတကာရေပိုင်နက်မှာ သုံးရက်ကြာ ပြုလုပ်ခဲ့ကြပါတယ်။
ရုရှား-ယူကရိန်းစစ် ရက် (၁၀၀) ပြည့်ချိန်၊ ယူကရိန်းအရှေ့ပိုင်း တိုက်ပွဲပြင်းနေပြီး နှစ်ဘက်လုံးက သူတို့နိုင်နေပြီလို့ အပြိုင်ကြုံးဝါးလိုက်ပါတယ်။
လွန်ခဲ့တဲ့ (၃၃) နှစ်တုန်းက တရုတ်နိုင်ငံ တီအန်နန်ပင်ရင်ပြင် (Tiananmen Square) မှာ တရုတ်တပ်ဖွဲ့တွေရဲ နှိပ်ကွပ်မှုခံခဲ့ရတဲ့ ဒီမိုကရေစီရေး လိုလားတတ်ကြွတဲ့ ဆန္ဒပြကျောင်းသားတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဂုဏ်ပြုတဲ့ ကြေညာချက် သောကြာနေ့က ထုတ်ပြန်ပါတယ်။
ယူကရိန်း စစ်ပွဲကြောင့် အာဖရိကတိုက်မှာ အစားအစာ အကျပ်အတည်း ကြုံနေရကြောင်း ရုရှား သမ္မတ Vladimir Putin နဲ့ တွေ့ဆုံရာမှာ အာဖရိက သမဂ္ဂ AU ခေါင်းဆောင်တွေက ပြောဆိုခဲ့ကြပေမဲ့၊ ကမ္ဘာတဝှမ်း စားနပ်ရိက္ခာ ပြဿနာအတွက် တာဝန်မရှိကြောင်း ရုရှားက ပြောလိုက်ပါတယ်။
ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ ၂ ဦးကို သေဒဏ်အပြစ်ပေးဖို့ မြန်မာစစ်တပ်က ဆုံးဖြတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂ ကဝေဖန်လိုက်ပြီး သေဒဏ်အပြစ်ပေးတာကို ပယ်ဖျက်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ထိုးတာ ရက် ၁၀၀ပြည့်တဲ့နေ့မှာပဲ ယူကရိန်းသမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ယူကရိန်းမြေပေါ်ကနေ ဗွီဒီယိုသတင်းစကားအခုလို ပါးလိုက်ပါတယ်။ ရုရှားကျူးကျော်စစ်စတင်ခါစ ဖေဖော်ဝါရီ ၂၅ရက်နေ့ကလည်း အလားတူ သတင်းစကားမျိုး သမ္မတဇလန်းစကီးပြောဆိုခဲ့ဖူးပါတယ်။
■ ဗြိတိန်ဘုရင်မကြီး နန်းသက် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားတွေကို ဗြိတိန်နဲ့ ဓနဿဟာယနိုင်ငံတွေမှာ ကျင်းပ နေကြပါတယ်။ ဗြိတိန်မှာ ဇွန်လ ၂ရက် ကြာသပတေးနေ့က စတင်ပြီး အခမ်းအနားတွေကို ၄ ရက်ကြာကျင်းပမှာပါ။
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်အကိုင်ရှာဖွေလိုကြတဲ့ အထောက်အထားမဲ့ မြန်မာ၈၀ကျော် အဖမ်းဆီးခံရပြီး၂ရက်အတွင်း မြန်မာ၁၀၀ကျော်ဖမ်းဆီးခံရပါတယ် ။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
အနောက်တိုင်းနိုင်ငံတွေအနေနဲ့ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး ရေရှည်စစ်ပွဲအတွက် တောင်ခံထားနိုင်ဖို့ လိုအပ်တယ်လို့ NATO အကြီးအကဲ Jen Stolenberg က ကြာသပတေးနေ့ က သတိပေးလိုက်ပါတယ်။
ရုရှားတပ်ဖွဲ့တွေ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာ သောကြာနေ့က ရက် ၁၀၀ ပြည့် ပြီဖြစ်ပြီး၊ ယူရိန်းပိုင်နက်ရဲ့ ၂၀ ရာခိုင်နှုန်းကို ရုရှားတပ်တွေ သိမ်းပိုက်ထားတယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ကြာသပတေးနေ့ ကပြောဆိုလိုက်ပါတယ်။
မပေါက်ကွဲသေးတဲ့ အမြောက်ဆံနဲ့ ဗုံးပေါင်း ၁၅၀ ကို ဇွန်လ ၁ရက် ဗုဒ္ဓဟူးနေ့က ယူကရိန်းနိုင်ငံ ကိယက်ဗ်ဒေသမှာ ဖောက်ခွဲဖျက်ဆီးနေတာဖြစ်ပါတယ်။ ကိယက်ဗ်အနီးဝန်းကျင်ကို ရုရှားဘက်ကတိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ ဒီပစ္စည်းအမျိုးပေါင်းများစွာကို ယူကရိန်းဗုံးရှင်းလင်းဖယ်ရှားရေးအဖွဲ့က ဖောက်ခွဲခဲ့တာပါ။
မြန်မာနိုင်ငံမှာ နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ အရေအတွက်ဟာ အခုအချိန်မှာ တသန်းကျော်ထိ ရောက်ရှိလာကြောင်း ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး OCHA က ပြောဆိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephen Dujerric က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အာရှနွယ်ဖွားတွေအပေါ် အမုန်းတရားနဲ့ တိုက်ခိုက်တဲ့ ရာဇဝတ်မှုတွေ ပပျောက်ရေး ကြိုးပမ်းမှု တရပ်အနေနဲ့ တောင်ကိုရီးယားနိုင်ငံက ကမ္ဘာကျော် K-Pop တေးဂီတအဖွဲ့ BTS အဖွဲ့ကို မေလ ၃၁ရက်နေ့က သမ္မတအိမ်ဖြူတော်မှာ ဖိတ်ကြားခဲ့ပါတယ်။
ယူကရိန်းရဲ့ အရှေ့ဖက်ခြမ်း စက်မှုဒေသဖြစ်တဲ့ ဒုန်ဘက်စ် ဒေသကို သိမ်းယူဖို့အတွက် အရေးပါတဲ့ မြို့ကြီးတခုဖြစ်တဲ့ Sievierodonetsk ရဲ့ တဝက်ကျော်လောက်ကို ရုရှားတွေက ထိန်းချုပ်လိုက်ကြောင်း ယူကရိန်း ဒေသခံ အုပ်ချုပ်ရေးမှူးနဲ့ မြို့တော်ဝန်တို့က အင်္ဂါနေ့ မှာ အတည်ပြု ပြောဆိုပါတယ်။
ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားတပ်တွေထဲက စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယ ရှိသူ ၆၀၀ ကို စုံစမ်းဖေါ်ထုတ်ထားနိုင်တယ်လို့ ယူကရိန်း အစိုးရရှေ့နေအဖွဲ့ အကြီးအကဲက ပြောဆိုလိုက် ပါတယ်။ "ယူကရိန်းမှာ နေ့စဉ် စစ်ရာဇဝတ်မှု ၂၀၀၊ ၃၀၀ လောက် တိုးလာနေပါတယ်။
မြန်မာ စစ်အာဏာပိုင်တွေဟာ လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ အပါအဝင် အရပ်သားတွေ အပေါ် သိမ်းကျုံးပြီး ဒဏ်ခတ်တဲ့ လုပ်ရပ်မျိုးတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ကျုးလွန်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International က စွပ်စွဲလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လူအစုလိုက် သေနတ်နဲ့ပစ်သတ်ခံရမှု ပိုဆိုးဆိုးဝါးဝါး ကြုံလာနေရတာကြောင့် သေနတ်ရောင်းချမှု ကန့်သတ်တားမြစ်တာကို ဆန့်ကျင်သူတွေတောင် ဒီအဖြစ်ဆိုးတွေ ဖြစ်မလာအောင် တားဆီးဖို့ လက်တွေ့ကျကျ တွေးလာကြပြီလို့ သမ္မတဂျိုးဘိုင်ဒန်က တနင်္လာနေ့မှာ ပြောပါတယ်။
ရွှေ့ပြောင်းပေးတဲ့ သတင်းတွေ ရယူနေတဲ့ အသက် ၃၂ နှစ်အရွယ် ပြင်သစ်သတင်းထောက် Frédéric Leclerc-Imhoff ဟာ တနင်္လာနေ့က လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်