အမေရိကန်နိုင်ငံမှာ တနင်္လာနေ့ကျရောက်တဲ့ ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ အတွက် Arlington စစ်သင်္ချိုင်းမှာ ပြုလုပ်တဲ့ အခမ်းအနားကို သမ္မတ ဂျိုးဘိုင်ဒန် တက်ရောက်ပြီး စစ်ပွဲတွေအတွင်း ကျဆုံးခဲ့ရတဲ့ စစ်သည်တွေ အတွက် အမှတ်ရအောက်မေ့စကား ပြောကြားပြီးဂုဏ်ပြုခဲ့ပါတယ်။
မျောက် ကျောက်ရောဂါ ဖြစ်ပွားသူဟာ ဒီကနေ့ အထိ ရာနဲ့ချီ တွေ့နေရပေမယ့်လည်း နောက်ထပ် ကပ်ဘေးရောဂါ အဖြစ်ကို ရောက်မယ်လို့ မယူဆကြောင်း WHO ကမ ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ မျောက် ကျောက်ရောဂါ ဆိုင်ရာ ထိပ်တန်း ကျွမ်းကျင်သူက ပြောပါတယ်။
သီရိလင်္ကာနိုင်ငံမှာ စီးပွါးရေး ယိုယွင်းပျက်ပြားမှုကနေ ကြုံလာရတဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာဖို့ အတွက် အစိုးရကို ဆန္ဒပြနေကြတဲ့ လူငယ်လူရွယ်တွေ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှာ အစိတ်အပိုင်း တခုအနေနဲ့ ပါဝင်ကြဖို့ သီရိလင်္ကာ ဝန်ကြီးချုပ်သစ် Ranil Wickremesinghe က တနင်္ဂနွေနေ့မှာ ပန်ကြားလိုက်ပါတယ်။
သြစတြေးလျဝန်ကြီးချုပ်သစ် က သူတို့အစိုးရနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံမှုတွေအပေါ်မှာ ပစီဖိတ်ဒေသ ကျွန်းစုနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက အလွန်ကို အပြုသဘောဆောင်တယ်လို့ ပြောပါတယ်။
သောင်မတင် ရေမကျ ဖြစ်နေတဲ့ ရုရှားရေနံတင်သွင်းမှု ကန့်သတ်မယ့်ကိစ္စ၊ တနင်္လာနေ့ ဘရပ်ဆဲလ်မှာ စတင်မယ့် အရေးပေါ်ညီလာခံမတိုင်ခင် ပြတ်ပြတ်သားသားလုပ်နိုင်အောင် အပေးအယူဘာတွေလုပ်နိုင်မယ် ဆိုတာကို အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံက သံအမတ်ကြီးတွေဟာ တနင်္ဂနွေနေ့မှာ ဆန်းစစ်နေကြပါတယ်။
မြန်မာနဲ့ မြေပြင်ဆက်သွယ်ရေး၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပင်လယ်ပြင် ဆက်သွယ်ရေးတွေဟာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အထိ ကုန်သွယ်ရေး ပမာဏ ကြီးကြီးမားမား ဖြစ်ပေါ်လာအောင် ဖွင့်ပေးနိုင်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar က ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအကြီးအကဲရဲ့ ရှင်ဂျန်းဒေသခရီးစဉ်အပေါ် တရုတ်က ကန့်သတ်ချယ်လှယ်မှာကို စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။
ဗြိတိနိုင်ငံက ကုမ္ပဏီတချို့ဟာ တပတ်မှာ အလုပ် (၄) ရက်လုပ်ပြီး (၃) ရက် နားဖို့ကိစ္စကို စတင်စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ Pressure Drop ဘီယာကုမ္ပဏီအပါအဝင် ဗြိတိန်က ကုမ္ပဏီ (၆၀) လောက်ဟာ တပတ်ကို (၄) ရက်ပဲ၊ အလုပ်လုပ်တာကို (၆) လ လောက် စမ်းသပ်မှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဆွေးနွေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားရေး အကျပ်အတည်းကို အဆုံးသတ်ဖို့ အမေရိကန်ပြည်ထောင်စုက အာဆီယန်ကို တိုက်တွန်းလိုက်ပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်းက Sievierodonetsk မြို့ကို ဒီနေ့တနင်္ဂနွေနေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ တိုက်ပွဲတွေကြောင့် လျှပ်စစ်မီးတွေနဲ့ တယ်လီဖုန်းတွေ ပြတ်တောက်သွားခဲ့ပြီး၊ ထွက်မပြေးတဲ့ အရပ်သားတွေကိုလည်း အကြမ်းဖက် ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။
မူလတန်းကျောင်းမှာ ကလေးတွေကို သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ကြရတဲ့ တက္ကဆက်ပြည်နယ် က Uvalde မြို့ကို သမ္မတဂျိုးဘိုင်ဒင် က ဒီနေ့တနင်္ဂနွေနေ့မှာ သွားရောက်ပါတယ်။ သေနတ်သမားတွေက အကြောင်းမဲ့ ပစ်ခတ်တဲ့အတွက် သေဆုံးသွားကြသူတွေရဲ့ မိသားစုတွေကို သမ္မတက သွားရောက်တွေ့ဆုံတာဟာ တစ်လအတွင်းမှာ ဒါဟာ ဒုတိယ မြို့ ဖြစ်ပါတယ်။
တက်ဆက်စ်ပြည်နယ် Uvalde မြို့ မူလတန်းကျောင်း ပစ်ခတ်မှုမှာ သေဆုံးသူ ၂၁ ယောက်အတွက် ဒါဇင်နဲ့ချီတဲ့လူတွေ စုဝေးပြီး စနေနေ့က အောက်မေ့ဆုတောင်းတဲ့ အခမ်းအနား ကျင်းပကြပါတယ်။
ဒီသီတင်းပတ်မှာ ကျရောက်တဲ့ အမေရိကန်က ကျဆုံးစစ်သည် အောက်မေ့ဖွယ်နေ့ Memorial Day အားလပ်ရက်နဲ့ နွေရာသီမှာ ခရီးထွက်ကြတဲ့သူတွေ လေယာဉ်ခတွေ ဈေးတက်တာအပြင်၊ ခရီးစဉ်တွေ ဖျက်သိမ်းတာနဲ့ပါ ကြုံနေရပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ဆိုးဝါးလာနေတဲ့ စီးပွါးရေး အခြေနေကို မကိုင်တွယ်နိုင်တဲ့ သမ္မတ Gotabaya Rajapaksa နှုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြသူတွေ စနေနေ့က သမ္မတရုံးနားကပ်ဖို့ ကြိုးစားလာတာကို ရဲက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသရဲ့ အဓိက ရထားလမ်းဆုံမြို့ဖြစ်တဲ့ Lyman မြို့ကို သိမ်းပိုက်လိုက်ကြောင်း ရုရှားစစ်တပ်က ကြေညာလိုက်ပါတယ်။
ယူကရိန်စစ်ဖြစ်တဲ့အချိန် ကမ္ဘာနေရာအတော်များများ လှုပ်လှုပ်ရှားရှားဖြစ်ပြီး တဦးချင်း ယူကရိန်းကို ကူညီဖို့ သွားရောက်မယ်ဆိုပြီး ပြောဆိုလှုပ်ရှားမှုတွေ ရှိလာကြပေမယ့်၊ တကယ့်လက်တွေမှာတော့ ထင်သလိုမဟုတ်ဘဲ၊ ယူကရိန်းကို နိုင်ငံတကာတိုက်ခိုက်ရေးသမားတွေ ဝင်ရောက်မှုက အတော်နည်းခဲ့ပါတယ်။
ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ Prak Sokhonn ဟာ လာမယ့်ဇွန်လမှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်ဖို့ရှိပါတယ်။
အင်္ဂလန် ပရီမီယာလိဂ်က ချယ်ဆီးအသင်းကို ရောင်းချဖို့အတွက် အပြီးသတ် သဘောတူညီမှု ရသွားပြီဖြစ်တယ်လို့ ချယ်ဆီးအသင်းက ဒီနေ့ မေလ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။
လူအမြောက်အများ သေကျေထိခိုက်နိုင်တဲ့ လက်နက်ထုတ်လုပ်မှုတွေကို အားပေးကူညီနေတယ်လို့ စွပ်စွဲခံရတဲ့ ရုရှားဘဏ် ၂ ခု၊ မြောက်ကိုရီးယား ကုမ္ပဏီတခုနဲ့ လူပုဂ္ဂိုလ်တဦးတို့ကို သောကြာနေ့က အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။
ရုရှားထောက်ခံအားပေးနေတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေက ရထားလမ်းကြောင်းအများအပြားရှိရာ ယူကရိန်းအရှေ့ပိုင်း စက်မှုလုပ်ငန်းတွေ ရှိတဲ့ Donbas ဒေသကို သိမ်းပိုက်နိုင်ပြီလို့ ကြေညာရင်း သောကြာနေ့မှာ ပြင်းပြင်းထန်ထန် ပစ်ခတ် တိုက်ခိုက်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်