အမေရိကန် ပြည်ထောင်စု၊ တက်ဆက်စ် ပြည်နယ် Uvalde မြို့က မူလတန်းကျောင်း ပစ်ခတ်မှုကို ကိုင်တွယ်ရတဲ့ ရဲမှူးဟာ ကျောင်းသားတွေအတွက် အန္တရာယ်မရှိတော့ဘူးလို့ ယူဆတဲ့အတွက် သေနတ်သမားရှိနေတဲ့ စာသင်ခန်းထဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ တက္ကဆက် အများပြည်သူ လုံခြုံရေးဌာနအကြီးအကဲ Steven McCraw က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး လူသားချင်းစာနာမှု အကျပ်အတည်းတွေ ကြုံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သောကြာနေ့က သီးသန့်ဆွေးနွေးပါတယ်။
IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ အနေနဲ့ သီရိလင်္ကာနိုင်ငံမှာ ကြုံနေရတဲ့ ပြဿနာကို ကူညီမှာ ဖြစ်ကြောင်း ဒါပေမယ့် အကူအညီပေးရေးဆိုင်ရာ ဘယ်အစီစဉ်ပဲ ဖြစ်ပါစေ၊ နိုင်ငံရဲ့ ထိမ်းမနိုင်ဖြစ်နေတဲ့ ကြွေးမြီအတွက် စီစဉ်ဆောင်ရွက်နိုင်တဲ့ အပေါ်မူတည်နေကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။
အစိုးရဘက်က ၆ ရက်အတွင်း ရွေးကောက်ပွဲအမြန်ကျင်းပပေးဖို့ ပျက်ကွက်ခဲ့ရင် သိန်းနဲ့ချီတဲ့ပြည်သူတွေနဲ့ အတူ သူကိုယ်တိုင် အစ္စလန်မာဘတ်မှာ ထိုင်သပိတ် ကျင်းပမှာ ဖြစ်ကြောင်း ဖြုတ်အချခံရတဲ့ ဝန်ကြီးချုပ်ဟောင်း Imran Khan က သူ့ကို ထောက်ခံသူတွေကို ကြာသပတေးနေ့မှာ ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ မူလတန်းကျောင်းသား ၁၉ ယောက်နဲ့ ဆရာ ၂ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှုကို တုံ့ပြန်ဖြေရှင်းရာမှာ အချိန်ကြာခဲ့တဲ့အပေါ် လုံခြုံရေးအာဏာပိုင်တွေ အပြင်းအထန် မေးခွန်းထုတ်ခံနေရပါတယ်။
ချင်းပြည်နယ်မှာ စစ်ရေးတင်းမာမူ ကာလအတွင်း အရပ်သားတွေ ပစ်သတ်ခံရမှု ဖမ်းဆီးခံရမှုတွေ ပိုများလာနေပါတယ်။ ချင်းပြည်သူတွေ မတရားအသတ်ခံရတာ (၂၀၀ ) ကျော်ရှိ နေပြီးလို့လဲ ချင်းလူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ခင်မောင်စိုးမင်း ကပြောပြ ပေးမှာပါ။
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း Imran Khan ဦးဆောင်ပြီး ရွေးကောက်ပွဲအသစ်လုပ် ပေးဖို့တောင်းဆိုတဲ့ ဆန္ဒပြချီတက်သူတွေဟာ ဗုဒ္ဓဟူးနေ့က မြို့တော် အစ္စလမ်မာဘတ် ကိုဦးတည်ချီတက်လာရာမှာ ရဲတွေကမျက်ရည်ယိုဗုံးတွေ၊ ဒုတ်တွေအသုံးပြုပြီ းနှိမ်နင်းခဲ့သလို ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်မှာ ဆယ်ဘီးကားတစီးပေါ် တာလပတ်အုပ်ပြီး လူကုန်ကူးသူတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား၁၀၀ကျော်ကို ထိုင်းလုံခြုံရေးတပ်ဖွဲတွေက မေလ၂၅ရက်နေ့မှာဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာ အင်္ဂါနေ့က ဆယ်ကျော်သက်အရွယ် သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် မူလတန်းကျောင်းသားကျောင်းသူကလေးတွေ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပြီးမှာ လက်နှက်ရောင်းဝယ်မှုနဲ့ လက်နက် မှောင်ခိုမှုတွေကို ပုပ်ရဟန်းမင်းကြီး Francis က ပြင်းထန်စွာရှုံ့ ချကြောင်း ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။
မူလတန်းကျောင်းသား ၁၉ ယောက်နဲ့ ဆရာ ၂ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်ခဲ့ရာ အမေရိကန် ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ကို မကြာခင် သွားရောက်ဖို့ရှိကြောင်း သမ္မတ Joe Biden ကပြောလိုက်ပါတယ်။ သက်ဆိုင်ရာမိသားစုတွေနဲ့ တွေ့ဆုံအားပေးဖို့ တက္ကဆက်ကို သမ္မတကတော်နဲ့အတူ မကြာခင်သွားမယ့်အကြောင်း ပြောလိုက်တာပါ။
ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့်ထားကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောလိုက်ပေမဲ့ ရုရှားသမ္မတ Vladimir Putin နဲ့သာ တိုက်ရိုက် စကားပြောမယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ထွက်ပြေးလာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်အရေး နိုင်ငံတကာက မေ့မထားကြဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက သတိပေးလိုက်ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရဲ့ ခရီးစဉ်ကို တရုတ်အာဏာပိုင်တွေက ဝါဒဖြန့်ဖို့ အသုံးချမှာကို တက်ကြွလှုပ်ရှားသူတွေ စိုးရိမ်နေချိန်မှာပဲ၊ လူ့အခွင့်အရေးဟာ ဦးစားပေးကိစ္စဖြစ်ကြောင်း မဟာမင်းကြီး Michelle Bachelet ကပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်ကုန်မှာ အာရှ ၂ နိုင်ငံသွားရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ပြန်ထွက်ခွာသွားအပြီး ရက်ပိုင်းအတွင်း မေ ၂၅ မနက်ပိုင်းမှာ မြောက်ကိုရီးယားက ဒုံးကျည်တွေထပ်ပြီး ပစ်ခတ်ခဲ့ပါတယ်။ ဒါကိုတုန့်ပြန်တဲ့အနေနဲ့ တနေ့တည်းမှာပဲ အမေရိကန်နဲ့ တောင်ကိုရီးယားက တကယ့်ခဲယမ်းအစစ်တွေသုံးပြီး စစ်ရေးလေ့ကျင့်မှုလုပ်ပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေ ၃ လ ရှိလာချိန်မှာပဲ ယူကရိန်းအရှေ့ပိုင်း Donbas ဒေသမှာ မကြံဖူးလောက်အောင် အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါ စတင်ပြီးနောက်ပိုင်း ကမ္ဘာပေါ်က ကုဋေကြွယ် သူဌေးကြီးတွေရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ သန်းပေါင်း သန်းချီ တိုးလာချိန်မှာ၊ ကမ္ဘာပေါ်က အဆင်းရဲဆုံးသူတွေကတော့ ကုန်ဈေးနှုန်းနဲ့ အကြွေးတွေ တိုးလာနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ပရဟိတ အဖွဲ့အစည်း တခုဖြစ်တဲ့ Oxfam အဖွဲ့ရဲ့ သုံးသပ်ချက်က ဖော်ပြလိုက်ပါတယ်။
ကိုဗစ် ကပ်ရောဂါ မပြီးဆုံးသေးဘူးဆိုတာ အတော့်ကို သေချာပါတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Tedros Adhanom Ghebreyesus က တနင်္ဂနွေနေ့မှာ သတိပေးလိုက်ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ နှစ်ပတ်လည် ညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။
ဆီနီဂေါသမ္မတ Macky Sall က သူဟာ အာဖရိကသမဂ္ဂ AU ကိုယ်စား အလှည့်ကျဥက္ကဌ အနေနဲ့ ရုရှားနဲ့ ယူကရိန်းကို မကြာခင်မှာ သွားရောက်မှာ ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်