မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြသူတွေ အပေါ် စစ်တပ်က ဖြိုခွင်းတဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin က ပြောဆိုလိုက်ပြီး နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာကျင်းပနေတဲ့ ၂၀၂၀ အိုလံပစ်အားကစားပြိုင်ပွဲကနေ ထွက်သွားရပါပြီ။ ဒီကနေ့မှာ ဘယ်လ်ဂျီယံကြက်တောင်မယ် Lianne Tan နဲ့ အုပ်စုဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ကစားတာမှာ ၂၁-၆၊ ၂၁-၈ နဲ့ နှစ်ပွဲပြတ်ရှုံးနိမ့်သွားတဲ့အတွက် ပြိုင်ပွဲကနေ ထွက်သွားရတာပါ။
မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးရွာတဲ့အတွက် ရာနဲ့ချီတဲ့လူတွေ အိုးအိမ်မဲ့ဖြစ်နေကြရသလို ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းတွေလည်း နှေးကွေးကုန်တယ်လို့ ဒေသခံတွေက ရိုက်တာသတင်းဌာနကို ဒီကနေ့ပြောပါတယ်။
မြန်မာနိုင်ငံမှာ အရေးပေါ် "ကိုဗစ် အပစ်အခတ်ရပ်စဲရေး" အတွက် တွန်းအားပေးကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူး Tom Andrews က လုံခြုံရေးကောင်စီနဲ့ ကုလအဖွဲ့ဝင်နိုင်ငံတွေကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
အာဖဂန်နစ္စတန်အပြင် တရုတ်နိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေးနဲ့ ပတ်သက်လို့ စောင့်ကြည့်မှုတွေရှိနေချိန်မှာပဲ အိန္ဒိယနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken လာရောက်ဖို့ရှိပါတယ်။
အီရတ်မှာ ရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေး တာဝန်ကို လာမယ့် လပိုင်းတွေ အတွင်း အဆုံးသတ်မှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ Joe Biden က တနလာၤနေ့မှာ ကြေညာခဲ့ပါတယ်။
တရုတ်နဲ့ အမေရိကန်ကြား သဘောထား မတူ ကွဲပြားနေတဲ့ အချက်တွေထက် တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ကမ္ဘာ့ အင်အားကြီးသူ အဖြစ် ရာသီဥတု ပြောင်းလဲမှုအရေး၊ နောက် Covid-19 ကပ်ဘေးရောဂါ အရေးတို့လို ခက်ခဲတဲ့ ကမ္ဘာ့ အရေးကိစ္စတွေမှာ အမေရိကန်နဲ့ အတူ ပူးတွဲ ဆောင်ရွက်ဖို့ အမေရိကန် အကြီးတန်း သံတမန်က တိုက်တွန်းပါတယ်။
မြန်မာကိုဗစ်ရောဂါကူးစက်မှုတိုက်ဖျက်ရေးနဲ့ ပြည်တွင်းကရောဂါခံစားနေရတဲ့ ဝေဒနာသည်တွေကိုကူညီကယ်ဆယ်ရေးမှာ ပြည်ပနိုင်ငံတွေမှာရောက်နေတဲ့မြန်မာဗုဒ္ဓဘာသာသံဃာတော်တွေရဲ့အခန်းကဏ္ဍအရေးကြီးသလိုအားလုံးလက်တွဲကြဖို့လိုတဲ့အကြောင်း ပြည်တွင်းပြည်ပသာသာနာပြုအလိုတော်ပြည့်ဆရာတော်ဒေါက်တာဘဒ္ဒန္တအရိယဝံသက တိုက်တွန်းပန်ကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့အတူ စစ်အာဏာသိမ်းမှုကြောင့် ကြုံလာရတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံ့စီးပွားရေးဟာ ဒီနှစ်ထဲ ၁၈ % အထိ ကျဆင်းနိုင်တဲ့အကြောင်း ကမ္ဘာ့ဘဏ်က ဒီကနေ့ ခန့်မှန်:
နိုင်ငံတကာမှာ လတ်တလော တကြော့ပြန် ကူးစက် ပြန့်နှံ့နေတဲ့ Delta ကိုဗစ်-၁၉ မျိုးကွဲဟာ အာရှတိုက်အတွင်းမှာလည်း အရှိန်မြင့် ကူးစက် နေတာမှာ တရုတ်နိုင်ငံမှာ ဒီကနေ့ တနင်္လာတရက်ထဲမှာတင် ပြည်တွင်း ကူးစက်သူ ၄၀ ဦး အပါအဝင် ကိုဗစ်-၁၉ ကူးစက်သူ ၇၉ ဦး တွေ့ရှိခဲ့
အိန္ဒိယ နိုင်ငံ အနောက်ပိုင်းပြည်နယ် Maharashtra မှာ မုတ်သုံးမိုးကြောင့် မြေနိမ့်ပိုင်းတွေမှာ ရေကြီး မြေပြိုပြီး ရာနဲ့ချီတဲ့ ကျေးရွာတွေ ဆက်သွယ်ရေး ပြတ်တောက်ခဲ့ပြီး အနည်းဆုံး လူ ၁၁၂ ဦးလည်း သေဆုံးရကြောင်း ဇူလိုင်လ ၂၃ ရက်နေ့ သောကြာနေ့မှာ အာဏာပိုင်တို့က ပြောပါတယ်။
မြန်မာစစ်တပ်အတွက် တိုက်လေယာဉ်တွေအပါအဝင် စစ်ဘက်ဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေကို ပေးပို့သွားဖို့ နှစ်နိုင်ငံ အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြောင်း ရုရှားနိုင်ငံပိုင် လက်နက်အရောင်းအဝယ်လုပ်ငန်း Rosoboronexport အကြီးအကဲ Alexander Mikheev ကလည်း ဗုဒ္ဓဟူးနေ့က ပြော
အရှေ့တောင်အာရှရဲ့ တောင်ပေါ် အပူပိုင်းသစ်တောတွေမှာ သစ်ပင်တွေ အလျှင်အမြန် ပျောက်ကွယ်ကုန်ပြီး သဘာဝ ပတ်ဝန်ကျင် ပျက်စီးကုန်မှာ စိုးရိမ်နေရကြောင်း သုတေသန ပညာရှင်တွေက လေ့လာတွေ့ရှိကြပါတယ်။
တာလီဘန်တွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံက သတင်း မီဒီယာသမားတွေကို အထူးဗီဇာတွေပေးပြီး ပြည်ဝင်ခွင့်ပြုဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နဲ့ ကွန်ကရက်ကို အမေရိကန် ပြည်ထောင်စု ရှိ သတင်း မီဒီယာညွန့်ပေါင်းအဖွဲ့ကြီး တခုက မနေ့က တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားသူ ကျောင်းသား(၁၂)ဦးအပေါ် ဘုရင်ကို အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ကြာသပတေးနေ့က တရားစွဲလိုက်ကြောင်း ကျောင်းသားရဲ့ ရှေ့နေတွေက ပြောပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်သင်းသင်းအောင် အပါအဝင် ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့နေတာဟာ သတိပေးချက် အဆင့် ၄ ကို ရောက်လာပြီဖြစ်တာကြောင့် မြန်မာနိုင်ငံမှာရောက်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ အမြန်ဆုံး တိုင်းပြည်အတွင်းက ထွက်ခွာကြဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာချက် ထုတ်ပြန်
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် Prayuth Chan-O char အစိုးရရဲ့ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေးထိုးပေး ရေး အစီအစဉ်တွေနှေးကွေးနေပြီး လူဦးရေရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်သေးတဲ့အပေါ်မှာ ပြည်သူအများက မကျေမနပ်ဖြစ်နေကြပါတယ်။
Covid-19 ကူးစက် ဖြစ်ပွားသူ တိုးများလာရင် အချိန်ကပ်ပြီး အားကစားပွဲတွေ ဖျက်သိမ်းမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ပွဲတော် စီစဉ်ရေး ကော်မတီ အကြီးအကဲက ပြတ်ပြတ်သားသား ပြောဆိုမထားပါဘူး။
နောက်ထပ်ကြည့်ရှုရန်