ကိုဗစ်ကူးစက်မှုတွေမြင့်တက်ပြီး ကျွမ်းကျင်သူတွေ ပြင်းပြင်းထန်ထန်သတိပေးနေတဲ့ကြားက ကိုဗစ်တားမြစ်ကန့်သတ်ချက်တွေကို ဗြိတိန်ဝန်ကြီးချုပ် Boris Johnson တနင်္လာနေ့မှာ စတင်ရုပ်သိမ်းလိုက်ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ကြီးမားကြမ်းကြုတ်လှတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုအောက်မှာ လူ့အခွင့်အရေးကာကွယ်သူတွေဟာ ပစ်မှတ်ထားဖိနှိပ်ခံနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ လွတ်လပ်တဲ့ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူးတွေက တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
ဟေတီနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ် Claude Joseph က နိုင်ငံရေးအရ သူ့ကိုစိန်ခေါ်သူလည်းဖြစ် နိုင်ငံတကာရဲ့ ထောက်ခံမှုပိုမိုရရှိထားသူအတွက် အခွင့်အလမ်းရရှိစေဖို့ သူ့အနေနဲ့ ရာထူးကနေနုတ်ထွက်မယ့်အကြောင်း မနေ့ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေး လှုပ်ရှားမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင် ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ ကမ္ဘာတလွှား ဆန္ဒပြနေကြပါတယ်။
အာဖဂန်နစ္စတန် အစိုးရဟာ ပါကစ္စတန်မှာရှိနေတဲ့ သူတို့ရဲ့ သံတမန်အားလုံးကို တနင်္ဂနွေနေ့က ပြန်လည် ခေါ်ယူလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးပုဂ္ဂိုလ် Sean Turnell ရဲ့ ဇနီးသည်က သူ့ခင်ပွန်းကို ပြန်လွှတ်ပေးဖို့ ပန်ကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်သူတွေ တိုးလာနေတာမှာ ခင်ပွန်းသည်ရဲ့ ကျန်းမာရေးကို စိုးရိမ်ကြောင်း ထောက်ပြပြီး အခုလို ပန်ကြားလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အသစ်တွေ တိုးလာနေတဲ့ ကိစ္စကို စိုးရိမ်ကြောင်း ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရာရှိချုပ် ဒေါက်တာ Vivek Murthy က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ၉ ရက်တာ အများပြည်သူရုံးပိတ်ရက် သတ်မှတ်ပြီး မလိုအပ်ရင် အိမ်ပြင်မထွက်ဖို့ ကန့်သတ်ချက် ထုတ်ပြန်ထားတာ ဒုတိယရက်မြောက်လာပါပြီ။
မြန်မာနိုင်ငံတဝန်း COVID-19 တတိယလှိုင်း အရှိန်မြင့် ဖြစ်ပေါ်နေတာကြောင့် ရောဂါပိုး ကူးစက်သူတွေ ဆေးကုသခွင့်ရရေး၊ လိုအပ်တဲ့ အောက်စီဂျင် ရရှိရေးတို့အတွက် နေ့စဉ် လုံးပန်းနေကြရပေမယ့် တဖက်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေနဲ့ ပစ်ခတ် ဗုံးဖောက်ခွဲမှုတွေကတော့ ဆက်ရှိနေဆဲပါ။
ထိုင်းနိုင်ငံမှာ ဒီကနေ့ တနင်္ဂနွေနေ့ ဘန်ကောက်မြို့ပေါ် စုရုံး ဆန္ဒပြသူတွေကို ထိုင်းရဲတွေက မီးသတ်ပိုက်တွေသုံး လူစုခွဲခဲ့ပါတယ်။
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ COVID-19 တတိယလှိုင်း ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့အတွက် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်ကြောင်း ခရစ်ယာန် ရဟန်းအမတ် Cardinal Charles Bo က မေတ္တာရပ်ခံလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာလည်း မုတ်သုံမိုးရွာသွန်းပြီး ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ၁၇ ယောက် သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ကမ္ဘာ့နိုင်ငံတချို့မှာ ပြည်ပရောက် မြန်မာတွေက ဆက်လက် ဆန့်ကျင်နေတာမှာ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့မှာလည်း စနေနေ့က ပြည်နယ်လွှတ်တော်ရှေ့ ဆန္ဒပြခဲ့ကြပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ ပြည်သူအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ အစိုးရ ဒါမှမဟုတ် သူတို့နေထိုင်ရာ လူ့အဖွဲ့အစည်းက ဘာသာရေးအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ နှစ်စဉ် တိုးပြီး လုပ်လာတာကို ခံနေရတယ်လို့ IRF အဖွဲ့က ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုတွင်း ရွှေ့ပြောင်း အခြေချသူ လူငယ်တွေကို ဌာနေပြန်ပို့မယ့် အရေးကနေ ကာကွယ်ပေးထားတဲ့ အစီအစဉ်ဟာ တရားမဝင်ဘူးလို့ တရားသူကြီးတဦးက စီရင်ချက် ချလိုက်တာကို အမေရိကန် တရားရေးဝန်ကြီးဌာနက အယူခံဝင်မယ့်အကြောင်း သမ္မတ Joe Biden က စနေနေ့မှာ ပြောပါတယ်။
ဂျာမနီအနောက်ပိုင်းနဲ့ ဘယ်လ်ဂျီယံမှာ မိုးအကြီးအကျယ်ရွာသွန်းပြီး ရေကြီးတဲ့အတွက် အိမ်တွေပြိုပြီး လမ်းတွေ ဓာတ်အားလိုင်းတွေ ပျက်စီးခဲ့ရသလို သေဆုံးရသူဟာ စနေနေ့အထိဆို ၁၆၈ ယောက်ရှိနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၄,၀၅၂ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ၅,၄၉၇ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်က ၂၃၃ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ဟာ စစ်ကောင်စီက အများပြည်သူရုံးပိတ်ရက်အဖြစ် မလိုအပ်ရင် အပြင်မထွက်ဖို့ ကြေညာထားတဲ့ ၉ ရက်တာကာလ ပထမနေ့ ဖြစ်ပေမယ့်လည်း ဒေသတချို့မှာတော့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်ရှိခဲ့ပါတယ်။
ဂျပန်အိုလံပစ်အားကစားရွာမှာ ပြည်ပကလာသူတဦး ကိုဗစ် ဓာတ်ခွဲအတည်ပြု တွေ့ရှိလိုက်ပါတယ်။
COVID-19 ရောဂါကာကွယ်ဆေး မျှဝေပေးရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်သွားကြဖို့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ သောကြာနေ့ အစည်းအဝေးအတွင်း သဘောတူခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်