ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာမွတ်စလင် ၈၅၀,၀၀၀ ထဲက တချို့ကို COVID-19 ရောဂါကာကွယ်ဆေး စထိုးပေးတော့မယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ပြည်တွင်းမှာ အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူက ၂၂၀ ၀၀၀ ကျော်ရှိနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က သောကြာနေ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။
ဟေတီအရေးမှာ အမေရိကန်က စစ်ရေးအရ ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်းနဲ့ ဟေတီနိုင်ငံ Port-au-Prince မြို့တော်မှာ ရှိတဲ့ အမေရိကန် သံရုံးလုံခြုံရေး အတွက်ပဲ တပ်တွေ စေလွှတ်ဖို့စီစဉ်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
မန္တလေးမြို့မှာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ လှုပ်စစ်ဓါတ်အားပေးဌာန ရုံးတရုံးမှာ လက်လုပ်ဗုံးတလုံးပေါက်ကွဲပြီး အနည်းဆုံး လူ၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ် တောင်ပိုင်းမှာ မနေ့ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း Pulitzer ပူလစ်ဇာ သတင်းဆု ရရှိထားတဲ့ အိန္ဒိယနိုင်ငံသား ရိုက်တာသတင်းထောက် သေဆုံးခဲ့ပါတယ်။
ကူးစက်မြန် ဗီဇပြောင်း delta ကိုဗစ်ကပ်ရောဂါ ဗိုင်းရပ်စ်ပိုးသစ်ဟာ အရှေ့တောင်အာရှဒေသမှာ အလျှင်အမြန်ပျံ့နှံနေတဲ့အတွက် ဒေသတွင်းနိုင်ငံတွေက အသုံးပြုနေကြတဲ့ တရုတ်ကာကွယ်ဆေး Sinovac Biotech ရဲ့ အနိသင်နည်းမှုအပေါ်မှာသံသယဝင်ပြီး စိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ အမေရိကန်နိုင်ငံသား သတင်းသမား Danny Fenster မနေ့ ကြာသပတေးနေ့က အင်တာနက်အွန်လိုင်းကနေ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး မြန်မာ့ဒီမိုကရေစီရေးအပေါ် သစ္စာဖေါက်မှုကို သံအမတ်ကြီးဦးကျော်မိုးထွန်းက လက်မခံပဲ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံအတွက် ရပ်တည်ပြခဲ့တာကို အမေရိကန်က ချီးကြူးကြောင်းလည်း ပြောပါတယ်။
ရောဂါပိုးကူးစက်နေသူတွေအတွက် အောက်စီဂျင်လိုအပ်ချက်တွေ ကြီးမားနေတာကြောင့် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို အာခံပြီး အောက်စီဂျင်ရရှိရေးအတွက် ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ တန်းစီ စောင့်ဆိုင်းနေကြတဲ့ လူတန်းရှည်ကြီးတွေရဲ့ ပုံတွေလည်း လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကျူးဘား၊ အင်ဒိုနီးရှား၊ Sierra Leone အပြင် စပိန် အပန်းဖြေကျွန်းတချို့က ပြန်လာတဲ့ ဗြိတိန်နိုင်ငံသားတွေ ကိုဗစ်ကာကွယ်ဆေးနှစ်လုံး အပြည့်အဝမထိုးရသေးရင်သီးခြားခွဲ ဟိုတယ် Quarantine ၁၀ ရက်နေဖို့ ဗြိတိန်အစိုးရက ညွှန်ကြားလိုက်ပါတယ်။
ကာကွယ်ဆေးရရှိမှု နှောင့်နှေးတဲ့နိုင်ငံတွေမှာ စီးပွားရေးပြန်နာလန်ထူဖို့ ပိုခက်ခဲသလို ဒီဒေသတွင်းက နိုင်ငံ အများအပြားမှာ လာမယ့် ၂၀၂၄ ခုနှစ်အထိ ကာကွယ်ဆေး အပြည့်အ၀ ထိုးနိုင်မယ့်အခြေအနေလည်း မရှိသေးဘူးလို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မြန်မာစစ်ကောင်စီကိုယ်စား ပြောဆိုစည်းရုံး လော်ဘီလုပ်ပေးဖို့ ငှားရမ်းထားသူ အစ္စရေးလ်-ကနေဒါနိုင်ငံသား Ari Ben-Menashe က အခကြေးငွေ ရယူရေး အခက်အခဲကြောင့် စစ်ကောင်စီအတွက် လော်ဘီလုပ်နေတဲ့လုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အကြောင်း ရိုက်တာသတင်းဌာနကို မနေ့က ပြောပါတယ်။
မြန်မာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပတ်သက်နေတဲ့ ဂျပန် အိမ်ခြံမြေ စီမံကိန်းတခုဟာ မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်း ဖြစ်တာမို့ ဒါကို ပြန်ရုပ်သိမ်းဖို့ ဂျပန်နိုင်ငံကို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။
တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နှစ်က ခိုးယူရောင်းစားခံရတဲ့ ကလေးငယ်တယောက်ဟာ အခုအသက် ၂၆နှစ်အရွယ်ရောက်တဲ့အခါကြမှ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံစည်းခွင့်ရရှိခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်တွေ အပြီးတိုင် ပြန်ရုပ်သိမ်းတာဟာ သမ္မတ ဂျိုးဘိုင်ဒန်အတွက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အမေရိကန် သမ္မတဟောင်း George W. Bush က ပြောကြားလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညီလာခံတခုကို ကျင်းပဖို့အတွက် ပါကစ္စတန်နိုင်ငံက စီစဉ်နေပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါဆိုင်ရာ ဓာတ်ခွဲနမူနာပေါင်း ၂၁,၀၀၀ ကျော်ကို စစ်ဆေးခဲ့တာမှာ ရောဂါပိုးကူးစက်ထားသူ ၇,၀၀၀ ကျော် ထပ်တွေ့ပြီး သေဆုံးသူက ၁၄၅ ယောက်ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုတွေအဆုံးသတ်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးပြန်လည်ဖေါ်ဆောင်ရေးနဲ့မတရားဖမ်းဆီးခံရသူတွေအားလုံး ပြန်လည်လွတ်မြောက်ရေးမှာအာဆီယံဘက်ကလက်တွဲပြီး အရေးယူ ဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကအာဆီယံအရှေ့တောင်အာရှနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကိုတိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ်အသိအမှတ်မပြုဖို့နဲ့၊ သူ့ကို စွဲဆိုထားတဲ့ အမှုအတွက် တရားရင်ဆိုင်ဖို့ မြန်မာနိုင်ငံဖက် လွဲှပြောင်ပေးရေး မြန်မာစစ်ကောင်စီက အမေရိကန်နိုင်ငံခြားရေးဌာနကို တောင်းဆိုထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်