မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မူတွေ မြင့်တက်လာတဲ့အချိန်မှာပဲ စင်္ကာပူအနေနဲ့ မြန်မာနိုင်ငံက လာမယ့် ခရီးသည်တွေကို နိုင်ငံတွင်း ဝင်ခွင့် ကန့်သတ်ချက်ထုတ်လိုက်ပါတယ်။
ကပ်ရောဂါကာလ မြန်မာနိုင်ငံတွင်း ကြုံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့နိုင်ငံတကာအနေနဲ့ အရေးတကြီး ကူညီဆောင်ရွက်ဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် လာမယ့် လပိုင်းတွေ အတွင်း စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ကြုံရနိုင်တာကြောင့် အရေးပေါ် ရိက္ခာ ဖြန့်ဖြူးနိုင်ရေး ကုလသမဂ္ဂက ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ကပ်ဘေးရောဂါ အခြေအနေ ဆိုးရွားလာနေတာကို ကိုင်တွယ် ဖြေရှင်းနိုင်ရေး အတွက် လက်ရှိ နိုင်ငံရေး ပြသနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ဆတိုး ကြိုးပမ်းကြဖို့ ASEAN အဖွဲ့ဝင် နိုင်ငံတွေကို အကူအညီပေးရေး အဖွဲ့ CARE International အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
တိုကျိုအိုလံပစ်ပွဲကို သွားမယ့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို သမ္မတကတော် ဂျေးဘိုင်ဒန် က ဦးဆောင်လိုက်ပါ သွားမယ်လို့ သမ္မတအိမ်ဖြူတော်က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါ ဓာတ်ခွဲနမူနာပေါင်း ၁၁,၆၈၆ ခုကို စစ်ဆေးခဲ့တာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားသူအရေအတွက် ၄,၀၄၇ ယောက်ထပ်တွေ့ပြီး နောက်ထပ်သေဆုံးသူ ၁၀၉ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ဒေသအတော်များများမှာ COVID-19 တတိယလှိုင်းဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ကြားမှာပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဆန္ဒပြနေသူတွေကတော့ ကိုဗစ်ကာကွယ်ရေး နှာခေါင်းစည်းတွေတပ်ပြီး ဆန္ဒပြတာတွေ ဆက်လုပ်နေကြဆဲပါ။
ဒီသီတင်းပတ်အတွင်း ထိုင်ဝမ်နဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေကို ဂျပန်နိုင်ငံက AstraZeneca COVID-19 ကာကွယ်ဆေး ထပ်တိုးလှုဒါန်းသွားမယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Toshimitsu Motegi က ဒီကနေ့ ပြောလိုက်ပါတယ်။
နိုင်ငံကောင်းစားရေးအတွက် ဟေတီနိုင်ငံရေး ခေါင်းဆောင်တွေ အတူတကွ လက်တွဲ လုပ်ဆောင်ကြဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပန်ကြားလိုက်ပြီး ဟေတီနိုင်ငံသားတွေအတွက် ငြိမ်းချမ်းမှုရော လုံခြုံမှုပါ ရသင့်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိန္ဒိယနိုင်ငံ ပြည်နယ် ၂ ခုမှာ မိုးကြိုးပစ်လို့ ၂၄ နာရီအတွင်း အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရာဂျစတန်ပြည်နယ်က ၁၂ရာစု အမ်ဘာခံတပ်က မျှော်စင် အနီးမှာ မိုးကြိုးပစ်ရာကနေ လူ ၁၁ ဦးသေဆုံးခဲ့တာပါ။
ကမ္ဘာတလွှား ကူးစက်မြန်ဗီဇပြောင်း ပိုးသစ် Delta ကြောင့် ကိုဗစ် ၁၉ အကူးစက်ခံရသူဟာ သီတင်း ၄ ပတ် ဆက်တိုက်တိုးလာနေပြီး အခုအခါမှာ အနည်းဆုံး နိုင်ငံပေါင်း ၁၀၄ နိုင်ငံ ကို ပြန့်နှံ့နေပြီလို့ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
မြန်မာနိုင်ငံတို့မှာလည်း တိုက်ပွဲတွေမှာ လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားမှုတွေ ရှိနေတယ်ဆိုတဲ့အတွက် စီးပွားရေးပိတ်ဆို့မှုတွေ ထပ်မံချမှတ်သွားဖို့ရှိတယ်လို့ လည်းဆိုပါတယ်။
မြန်မာနိုင်ငံတလွှားမြို့ကြီးတွေမှာ ပေါက်ကွဲမှုတွေ တိုက်ခိုက်မှုတွေကြောင့် နေ့စဉ်လိုလို သေဆုံးဒဏ်ရာရနေတာတွေ့နေရတဲ့ အတွက် စိုးရိမ်နေကြောင်းနဲ့ ကျည်အစစ်သုံးပစ်ခတ်တာ၊ မိုင်းထောင်တာတွေ အပါအဝင် အကြမ်းဖက်မှုတွေ ရှောင်ကြဉ်ကြဖို့ ကုလသမဂ္ဂက ပန်ကြားလိုက်ပါတယ်။
မြန်မာနိုင်ငံ ကိုရိုနာဗိုင်းရပ်ကူးစက်မှုတွေတိုးပြီး သေဆုံးနှုန်းကလည်း များလာတဲ့အတွက် ၊ ဖမ်းဆီးခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလူထုအတွက် စိုးရိမ်ပူပင်နေတယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ကိုဗစ်ရောဂါထိန်းချုပ်ရေးအတွက် လူထုအချင်းချင်း ညီညွတ်ဖို့ ပန်ကြား
ဟေတီနိုင်ငံမှာ သမ္မတ Jovenel Moise လုပ်ကြံခံရပြီးတဲ့နောက် လုံခြုံရေး အခြေအနေနဲ့ တခြား လိုအပ်ချက်တွေကို အကဲဖြတ် စစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုက အဖွဲ့တဖွဲ့ မနေ့က စေလွှတ်လိုက်ပါတယ်။
ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း ကိုဗစ်ကပ်ရောဂါကူးစက်နေတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အထူးကုသဆောင် ICU မှာ ကုသမှု ခံယူနေရပါတယ်။
သည်းထိပ်ရင်ဖို စွန့်စားရတာကို လုပ်လေ့ရှိတဲ့ အင်္ဂလိပ်လူမျိုး ဘီလျံနာသူဌေးကြီး Richard Branson ဟာ သူ့ကိုယ်ပိုင် အာကာသယာဉ်နဲ့ စမ်းသပ်ပျံသန်းရင်း အာကာသထဲကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
တရုတ်သမ္မတ Xi Jinping နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့က ၂ နိုင်ငံ မိတ်ဆွေအဖြစ် သဘောတူခဲ့တဲ့ နှစ် ၆၀ ပြည့် အထိမ်းအမှတ်နေ့မှာ သူတို့ရဲ့ ဆက်ဆံရေးပုံစံသစ် စတင်ဖို့ ကတိပြုခဲ့ကြကြောင်း မြောက်ကိုရီးယားအစိုးရရဲ့ KCNA သတင်းမှာ တနင်္ဂနွေနေ့က ဖော်ပြထားပါတယ်။
မြန်မာနဲ့ အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတကျောမှာ မြန်မာစစ်တပ်က တိုက်ခိုက်မှုတွေ တိုးလုပ်လာနေတယ်လို့ ထိုင်းအခြေစိုက် Free Burma Rangers အဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်း ပြင်းထန်လာပြီး ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ အစိုးရနဲ့လက်တွဲပြီး ဒီရောဂါတိုက်ဖျက်ဖို့အတွက် NGO အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေဟာ နိုင်ငံရပ်ခြားက ကာကွယ်ဆေးတွေ ပိုဝယ်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်