ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ဝင်ဘယ်လ်ဒန် အမျိုးသားတဦးချင်း တင်းနစ် ဗိုလ်လုပွဲမှာတော့ ဆားဘီးယားနိုင်ငံသား တင်းနစ်အကျော်အမော် Novak Djokovic က အီတလီနိုင်ငံသား Matteo Berrettini ကို 6-7, 6-4, 6-4, 6-3 နဲ့ နောက်ပိုင်းသုံးပွဲမှာ ဆက်တိုက်နိုင်ပြီး ဗိုလ်စွဲသွားပါတယ်။