ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပြင် လေဆိပ်နားမှာရှိတဲ့ ဖော့နဲ့ ပလတ်စတစ် ကော်စေ့ထုတ်တဲ့ စက်ရုံဝင်းမှာ တနင်္လာနေ့က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့အတွက် သေဆုံးသူ အနည်းဆုံး တဦးရှိပြီး ဒဏ်ရာရသူက ၆၂ ယောက်ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ဗြိတိန်အစိုးရရဲ့ ထောက်ပံ့မှုနဲ့ ဖွဲ့စည်းထားတဲ့ Myanmar Witness အဖွဲ့က မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေတွေကို စုံစမ်းစစ်ဆေးဖို့ ဇူလိုင်လ ၅ ရက် တနင်္လာနေ့မှာ စတင်လုပ်ဆောင်နေပါပြီ။
မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အခက်ကြုံနေရတာဟာ ပြည်တွင်းရေးကြောင့်ဖြစ်ပြီး နိုင်ငံရေးဖြေရှင်းရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်ထဲကနေ ဆွေးနွေးဖို့လိုကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း စစ်အာဏာရှင် ကျရှုံးရေးနဲ့ အဖမ်းခံနေရသူတွေ ပြန်လွတ်မြောက်ရေး ဆန္ဒပြလှုပ်ရှားနေတဲ့ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ပြည်ပရောက် မြန်မာတွေကလည်း စနေ၊ တနင်္ဂနွေနေ့တိုင်း ချီတက်ဆန္ဒပြပွဲတွေ နိုင်ငံတွင်းက လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မယ့် ရန်ပုံငွေရှာတာတွေ လုပ်ဆောင်နေကြပါတယ်။
မြန်မာနိုင်ငံမှာ တနင်္ဂနွေ တရက်တည်းမှာတင် ကိုဗစ်ပိုးစမ်းသပ်မှု ၁၀,၀၀၀ ကျော် ပြုလုပ်ခဲ့ရာမှာ အတည်ပြုလူနာသစ် ၂,၃၀၀ ကျော် တွေ့ခဲ့ရပြီး သေဆုံးရသူက ၃၅ ဦး ရှိနေတယ်လို့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
နှစ် ၂၀ နီးပါးကြာ အာဖဂန်စစ်ပွဲကနေ အမေရိကန်တပ်တွေ တဖြည်းဖြည်း ဆုတ်ခွာနေချိန်မှာပဲ တာလီဘန်သူပုန်တွေကလည်း နယ်မြေ တခုပြီးတခု သိမ်းပိုက်နေတာကြောင့် ဟိုတချိန်တုန်းကလို တာလီဘန်သူပုန်တွေရဲ့ ထိန်းချုပ်မှုအောက် အာဖဂန်နစ္စတန်နိုင်ငံ ကျရောက်သွားမှာကို စိုးရိမ်ကြောင်း အမေရိကန် စစ်ဘက်အကြီးအကဲတဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ကူးစက်သူ လူနာအရေအတွက် သိသိသာသာ တိုးလာနေတာမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၀,၃၇၈ ခုကို စစ်ဆေးခဲ့တာမှာ ပိုးကူးစက်သူ လူနာသစ် ၂,၃၁၈ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ည ၈ နာရီမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၅ လကျော်လာပြီဖြစ်ပေမယ့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဒေသတချို့မှာ ဆက်လက် ပြုလုပ်နေကြဆဲ ဖြစ်သလို ဗုံးဖောက်ခွဲမှုတွေနဲ့ ပစ်ခတ် သတ်ဖြတ်မှုတွေလည်း နေ့စဉ်ဆိုသလို ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် ၂၀၂၀ အိုလံပစ် အားကစားပွဲစဉ်တွေအတွက် ရောက်ရှိလာတဲ့ ဆားဘီးယားနိုင်ငံသား လှေလှော်အားကစားသမားတဦးမှာ ကိုဗစ်ကူးစက်နေတာကို စနေနေ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Thomas Vajda က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ပြန်လည်ရရှိပါစေလိုကြောင်း ဆုတောင်းလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေ သြဂုတ်လကုန်ပိုင်းမှာ အပြီးသတ် ထွက်ခွာမယ့်အကြောင်း အမေရိကန်အစိုးရက ကြေညာထားတဲ့ အချိန်မှာပဲ အာဖဂန်မှာရှိတဲ့ တာလီဘန်တပ်ဖွဲ့တွေဟာလည်း နယ်မြေအတော်များများကို တိုးချဲ့ သိမ်းပိုက်လာနေပါတယ်။
ဂျပန်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် တိုကျိုအနောက်ပိုင်းက Atami မြို့ကလေးမှာ မြေပြိုပြီး ကားတွေ၊ ဒါဇင်နဲ့ချီတဲ့ နေအိမ်တွေ ရွှံ့နွံတွေအောက် နစ်မြုပ်ကုန်သလို လူပေါင်း ၁၉ ယောက်ထက်မနည်း ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒီကနေ့ ဇူလိုင်လ ၄ ရက် တနင်္ဂနွေနေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။
COVID-19 တကျော့ပြန် ကူးစက်မှုနှုန်း မြင့်မားလာနေတဲ့ မြန်မာနိုင်ငံမှာ နေ့စဉ်ဆိုသလို ပိုးကူးစက်မှုတွေ့ရှိသူ ထောင်နဲ့ချီ ဆက်တိုက်တွေ့ရှိခဲ့ပြီး ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့မှာလည်း ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၉,၀၅၄ ဦးကို စစ်ဆေးခဲ့တာမှာ ပိုးတွေ့အတည်ပြုလူနာသစ် ၁,၈၇၇ ဦးအထိ ထပ်မံတွေ့ရှိပါတယ်။
အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နာမည်တပ်ပြီး ဦးတည်ပစ်မှတ်ထားတဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ မြန်မာနိုင်ငံ နေရာအတော်များများမှာ လုပ်ခဲ့ကြပါတယ်။
ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကို ခုခံကာကွယ်နိုင်ဖို့ ကိုဗစ်ကာကွယ်ဆေး AstraZeneca ပထမအကြိမ် ထိုးနှံထားပြီးသူတွေအနေနဲ့ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးမယ်ဆိုရင် Pfizer ဖြစ်စေ Moderna ကာကွယ်ဆေးကိုဖြစ်စေ ထိုးနှံသင့်တယ်လို့ ဂျာမနီ ကာကွယ်ဆေးထိုးကော်မတီက တိုက်တွန်းပါတယ်။
ရေနံတင်ပို့ရောင်းချတဲ့ နိုင်ငံများအဖွဲ့ (OPEC) အနေနဲ့ ရေနံထုတ်မူဝါဒ မချမှတ်နိုင်သေးဘဲ တနင်္လာနေ့မှာ ပြန်ဆက်ဆွေးနွေးကြဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဆန္ဒပြပွဲတွေနဲ့ CDM အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို စစ်ကောင်စီက ဖြိုခွင်းရာမှာ အသက်ငယ်ရွယ်လွန်းတဲ့ ကလေးငယ်တွေကိုပါမချန် ဖမ်းဆီးနေတဲ့အပေါ် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က မြန်မာစစ်ကောင်စီကို ဝေဖန်ပြစ်တင်ပါတယ်။
စစ်အုပ်ချုပ်ရေးကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ မြန်မာ ဆန္ဒပြသူတွေ ဖမ်းဆီး သေဆုံးစာရင်းတွေနဲ့ပတ်သက်ပြီး ဇွန်လ ၂၉ရက်နေ့က ပြောဆိုချက်တွေဟာ မှန်ကန်တိကျမှုမရှိကြောင်း တွေ့ရှိတဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်