မြန်မာနိုင်ငံမှာ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေတဲ့ နော်ဝေးအခြေစိုက် Telenor Group လုပ်ငန်းကြီးက မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လုပ်သင့် မသင့်ကို သုံးသပ်စဉ်းစားနေပြီလို့ ဒီနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ လအတွင်း တရားလွှတ်တော်ရှေ့နေ အနည်းဆုံး ၆ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဇူလိုင်လ ၂ ရက်၊ ဒီကနေ့ ရက်စွဲနဲ့ အစီရင်ခံစာ တစောင် ထုတ်ပြန် လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့ အမေရိကန် သတင်းစာဆရာ Daniel Fenster ဟာ ကိုယ်အလေးချိန် လျော့ကျသွားပေမယ့် ၊ နေကောင်း ကျန်းမာနေတယ်လို့ ကြာသပတေးနေ့က တရားခွင်မှာ သူ့ကို တွေ့ဆုံခဲ့တဲ့ သူ့ရှေ့နေက ပြောကြားလိုက်ပါတယ်။
နော်ဝေးနိုင်ငံပိုင် တယ်လီနော်ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံက မိုဘိုင်း နဲ့ အင်တာနက် ဆက်သွယ်ရေး လုပ်ငန်းတွေကို ရောင်းချတော့မယ်လို့ TMT Business မီဒီယာက မနေ့ ကြာသပတေးနေ့ ဖော်ပြ ထားပါတယ်။
ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က တောင်းဆိုလိုက်ကြောင်း အတွင်းရေးမှုးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Eri Kaneko က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း အကြမ်းဖက် နှိပ်ကွပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် စစ်တပ်အပေါ် ဆွစ်ဇာလန်နိုင်ငံက ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့မှာ ဒဏ်ခတ်အရေးယူမှုအသစ်တွေ ထပ်မံ ချမှတ်လိုက်ပါတယ်။
ဒီကနေ့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ထုတ်ပြန်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ မလေးရှားနိုင်ငံဟာ အနိမ့်ဆုံးအဆင့်ထိ လျော့ကျသွားမှာဖြစ်ကြောင်း ဒီအစီရင်ခံစာနဲ့ ရင်းနှီးဆက်စပ်မှုရှိတဲ့ သတင်းရင်းမြစ် ၂ ခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြ
ဥရောပမှာ ကိုဗစ်ရောဂါကူးစက်မှု ၂ လလောက်ကျဆင်းသွားခဲ့ပြီး အခုနောက်တခါ ကူးစက်မှုပြန်များလာနေကြောင်းနဲ့ စည်းကမ်း ကန့်သတ်ချက်တွေဆက်မထားရင် ကူးစက်မှုလှိုင်းသစ်တခုဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။
ဂျပန်နဲ့ ဖီလစ်ပိုင်လေတပ်တွေ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ရှိတယ်လို့၊ ဂျပန်ဘက်က ဒီနေ့ ပြောလိုက်ပါတယ်။ ရှေ့အပတ်ထဲမှာပဲ၊ ဒီ ၂ နိုင်ငံ လေတပ်တွေအနေနဲ့ လေကြောင်းချိတ်ဆက်လေ့ကျင့်ခန်းသင်တန်းတွေကို လူသာချင်းစာနာမူနဲ့ ကပ်ဘေးဒုက္ခဆိုင်ရာကဏ္ဍအတွက် လုပ်ဆောင်သွားမှာပါလို့ ဖီလစ်ပိုင်ရှိ ဂျပန်သံရုံးက ထုတ်ပြန်
မြန်မာနိုင်ငံ ပုံမှန် ပြန်လည် ရောက်ရှိရေးကို ရုရှား အနေနဲ့ လိုလားကြောင်း၊ ဒါပေမယ့်လည်း စစ်တပ်ကတော့ နိုင်ငံရေးမှာ ဆက်ပါနေဦးမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ်ကြီးက ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ Covid-19 ရောဂါပိုးတွေ့သူ ၁၅၈၀ ရှိကြောင်း မြန်မာအားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ရောဂါပိုးကူးခံရသူ တနေ့ထက်တနေ့ စံချိန်တင်မြင့်တက်လာ
နိုင်ငံတကာဥပဒေတွေကိုအကြီးအကျယ်ချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီတပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေတိုးလာနေတာနဲ့အမ ျှ သူတို့ကို ပြစ်ဒဏ်ကကင်းလွတ်ခွင့်မရအောင်လုပ်ဖို့ သိပ်ကိုအရေးကြီးနေပြီ လို့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ SAC-M ကဒီကနေ့ကြေငြာချက်ထုတ်ပြန်ပါတယ်။
မြစ်ကြီးနား၊ ထားဝယ်၊ ဟားခါး၊ လားရှိုး အပါအဝင် မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တချို့မှာထိမ်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားရာနဲ့ချီ ဒီကနေ့ ပြန်လွတ်လာပါတယ်။ သူတို့အများစုဟာ စစ်အာဏာသိမ်းကန့်ကွက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။
အာဖဂနစ္စတန်နိုင်ငံမှာ လုံခြုံရေး အခြေအနေတွေ ဆိုးရွားလာနေတဲ့အပေါ် စိုးရိမ်ကြောင်း အာဖဂနစ္စတန်နိုင်ငံက တပ်ဖွဲ့တွေ ရုပ်သိမ်းရေး အစီအစဉ်ကို ကြီးကြပ်နေတဲ့ အမေရိကန်တပ်မှူး ဗိုလ်ချုပ်ကြီး Austin Scott Miller ကပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူ ရာနဲ့ချီ ရှိနေပြီး၊ ဒီအထဲမှာ ဖမ်းဆီးထားစဉ် သေဆုံးမှုတွေ ရှိနေကြောင်းလည်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူ ၅ ထောင်ကျော်ရှိပြီး၊ ရာနဲ့ချီတဲ့ လူတွေကိုလည်း တရားရုံး လုပ်ထုံးလုပ်နည်းနဲ့ မညီပဲ အရေးယူ အပြစ်ပေးခဲ့ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
အိန္ဒိယရဲ့ ဆေးဝါး လုပ်ငန်း ကုမ္ပဏီ Cipla က သူ့ရဲ့ လုပ်ငန်းမိတ်ဖက် Moderna ရဲ့ Covid-19 ကာကွယ်ဆေးကို ဖြန့်ချိရေး အတည်ပြုပြီး ဖြစ်ကြောင်း အိန္ဒိယ တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ကြေညာပါတယ်။
ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေဟာ ငါးဖမ်းသဘောၤတွေမှာ အလုပ်လုပ်ရေး အတွက် သူတို့ မဖတ်တတ်တဲ့ စာချုပ်တွေမှာ လက်မှတ်ထိုးခိုင်းခံနေရကြောင်း စစ်တပ်သစ် တရပ်က တွေ့ရှိထားပါတယ်။
G20 စက်မှုထိပ်သီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အီတလီနိုင်ငံမှာ အခုအင်္ဂါနေ့ တွေ့ဆုံရမှာပါ။ ကိုရိုနာဗိုင်းရပ်ကပ်ဘေး၊ ကမ္ဘာဥတုရာသီဖောက်ပြန်မှုနဲ့ စားနပ်ရိက္ခာဖူလုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူနေတဲ့ ရဲတစ်ဦး ဒီနေ့မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ အဲ့နီးနားမှာ နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ အခင်းဖြစ်ပြီး မကြာခင်ရဲတွေရောက်လာပြီး လမ်းသွားလမ်းလာတွေကို ပိတ်ဆို့စစ်ဆေးပြီး ပစ်ခတ်တာတွေလည်းရှိ
နောက်ထပ်ကြည့်ရှုရန်