မနေ့တုန်းက အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ကျင်းပခဲ့တဲ့ ၆၉ ကြိမ်မြောက် Miss Universe မယ်စကြဝဠာပြိုင်ပွဲမှာ မြန်မာအလှမယ် သူဇာဝင့်လွင် က အကောင်းဆုံး အမျိုးသား ဝတ်စုံ Best National Costume ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟတ်တဲ့ရွေးကောက်ပွဲဖြစ်ပြီး မဲမသမာမှုတွေရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်တပ်က အာဏာသိမ်းတာဟာ ကျိုးကြောင်းခိုင်လုံမှု မရှိတဲ့အကြောင်း နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တခုက ဒီနေ့အဆုံးသတ်အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ကမ်းပါးမှာ နေ့စဉ် လူသေအလောင်း ရာချီ မျောလာနေတယ်လို့ မြစ်ကမ်းနဘေး Prayagraj မြို့ခံတွေက တနင်္ဂနွေနေ့က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ချက်ချင်းရပ်ပစ်လိုက်ဖို့ အစီအစဉ် မရှိသေးဘူးလို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား အပြန်အလှန် တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်ပြီး အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
မင်းတပ်မြို့က ပြည်သူတွေကို စစ်တပ်က စစ်မြေပြင်သုံး လက်နက်ကြီးတွေ၊ စစ်ရဟတ်ယာဉ်တွေသုံးပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သလို ဒေသခံတွေကိုပါ လူသားဒိုင်းသဖွယ် သုံးခဲ့တာအတွက် စစ်တပ်ကို အရေးယူနိုင်ဖို့နဲ့ ဒေသခံတွေကိုပါ အကူအညီပေးနိုင်ဖို့ လုပ်ဆောင်နေကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
မြန်မာပြည်သူတွေအနေနဲ့ မကောင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန် စိတ်ပျက် အားငယ်တာ၊ အချင်းချင်း သွေးကွဲတာတွေ မဖြစ်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံအတွက် အထူးပြုလုပ်ပေးတဲ့ ဆုတောင်းပွဲအတွင်း ဒီကနေ့ မိန့်ကြားလိုက်ပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း လူငယ် ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ရက်ပေါင်း ၁၀၀ ကျော်လာပြီ ဖြစ်ပေမယ့် နိုင်ငံတဝန်းက မြို့အတော်များများမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကတော့ ဒီနေ့အချိန်အထိ ရှိနေဆဲပါ။
တရုတ်နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းပြည်နယ်တွေမှာ သောကြာနေ့က လေဆင်နှာမောင်း တိုက်ခတ်တာကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို သတင်းယူရင်း ဖမ်းဆီးခံလိုက်ရတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ဟာ စစ်တပ်က ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ပေးလိုက်တာကြောင့် ဂျပန်နိုင်ငံကို ပြန်ရောက်သွားပြီ ဖြစ်ပါတယ်။
NGO တွေအပေါ် စည်းကမ်းထိန်းချုပ်ရေး ထိုင်းအစိုးရက ပြုစုနေတဲ့ ဥပဒေသစ်ဟာဆိုရင် နိုင်ငံတွင်းက လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းတွေအတွက် အမှန်တကယ် ခြိမ်းခြောက်မှု ဖြစ်နေပြီး တချို့အဖွဲ့အစည်းတွေ ပိတ်ပစ်ရတာမျိုး ဒါမှမဟုတ်လည်း ထွက်ခွာသွားရတာမျိုး ဖြစ်နိုင်ကြောင်း အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးထားပါတယ်။
အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်တွင်းက ဂင်္ဂါမြစ်အတွင်းမှာ စနေနေ့က သေဆုံးသူ ရုပ်အလောင်းတွေ ထပ်ပြီး တွေ့ရှိခဲ့ပါတယ်။
အစ္စရေးလ်ရဲ့ စနေနေ့က လေကြောင်းတိုက်ခိုက်မှုအတွင်း AP သတင်းအေဂျင်စီရုံးနဲ့ Al-Jazeera သတင်းဌာနရုံးတွေရှိရာ Gaza City က အထပ်မြင့် အဆောက်အဦးတလုံး ပျက်စီးခဲ့ပါတယ်။
မြန်မာနိုင်ငံ ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်က အရပ်သားတွေကို ပစ်ခတ်တာ အပါအဝင် အကြမ်းဖက်မှုတွေ တိုးလာနေတာကို ဗြိတိန်အစိုးရက သိရှိရကြောင်းနဲ့ အခုလို အရပ်သားတွေအပေါ် တိုက်ခိုက်တာဟာ တရားမဝင်တဲ့အပြင် တရားမျှတမှုလည်း မရှိကြောင်း ရန်ကုန် ဗြိတိန်သံရုံးက သူ့တွစ်တာမှာ စနေေ့က ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် ကြုံလာရတဲ့ လူသားချင်းစာနာမှု ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ဂျပန်အစိုးရက WFP ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်ကနေတဆင့် အရေးပေါ် စားနပ်ရိက္ခာ အကူအညီ နောက်ထပ် အမေရိကန်ဒေါ်လာ ၄ သန်း ပေးအပ်ခဲ့ပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ သခင်ယေရှု ကောင်းကင်ဘုံကိုကြွတဲ့ ပွဲတော်နေ့ဖြစ်တဲ့ ဒီကနေ့ မေလ ၁၆ ရက် တနင်္ဂနွေနေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အထူးဆုတောင်းပေးမှာ ဖြစ်ကြောင်း Vatican သတင်းမှာ ဖော်ပြထားပါတယ်။
စစ်တပ်က အရပ်သားပြည်သူတွေအပေါ် စစ်ဘက်တိုက်ခိုက်ရေးမှာ သုံးတဲ့ လက်နက်တွေနဲ့ အသုံးပြု တိုက်ခိုက်နေတာကို ရပ်တန်းကရပ်ဖို့ ရန်ကုန် အမေရိကန်သံရုံးက မေလ ၁၅ ရက် စနေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာနဲ့ အပြင်းအထန် ဖမ်းဆီးတာတွေကြောင့် နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ အရှိန်လျော့လာပေမယ့်လည်း ဒီကနေ့အထိတော့ ရှိနေတုန်းပါပဲ။
အိန္ဒိယအိမ်နီးချင်း နီပေါနိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှုနှုန်း စံချိန်တင် ပြန်မြင့်တက်လာနေပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ နေ့စဉ်ဘဝတွေကို အကြီးအကျယ် ထိခိုက်လာနေပါပြီ။
နောက်ထပ်ကြည့်ရှုရန်