အိန္ဒိယနိုင်ငံမှာ နေ့စဉ်ပိုးကူးစက်ခံရသူ ၃ သိန်းကျော်တက်လာခဲ့တာ ၂၄ ရက်ဆက်တိုက် ရှိလာပါတယ်။ ကူးစက်ခံရသူ စုစုပေါင်း ၂၄ သန်းကျော်လာပြီး သေဆုံးသူကလည်း ၂၆၀,၀၀၀ ကျော်လာနေပါပြီ။
စစ်တပ်က အာဏာသိမ်းယူတာကို ဆန့်ကျင်သူတွေက အကြမ်းဖက် တိုက်ခိုက်တာကြောင့် လူပေါင်း ၆၃ ယောက် သေဆုံးခဲ့ရပြီးပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ ထိုင်းဝန်ကြီးချုပ်တို့ ဘန်ကောက်မြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်း စားနပ်ရိက္ခာအကူအညီ ဒေါ်လာ၄သန်းဖိုးကို ဂျပန်နိုင်ငံက WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကတဆင့် ဒီကနေ့ ပေးအပ်လိုက်ပါတယ်။ ဂျပန်သတင်းထောက်Yuki Kitazumi ကို မြန်မာစစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့ တရက်ထဲမှာပဲ ဂျပန်နိုင်ငံရဲ့ ဒီအကူအညီကိစ္စ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ WFP တို့က ထုတ်ပြန်ခဲ့တာပါ။
ထိုင်းနိုင်ငံရဲ့ ကိုဗစ်တတိယလှိုင်းအတွင်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် ၄,၈၈၇ ယောက်နဲ့ စံချိန်ချိုးအောင် တိုးများလာတဲ့ထဲ ၂,၈၃၅ ယောက်က ထောင်ကျအကျဉ်းသားတွေ ဖြစ်ကြပါတယ်။ လူပြည့်ကျပ်နေတဲ့ ထိုင်းအကျဉ်းထောင်တွေထဲမှာ ကိုဗစ်ကူးစက်မှု နောက်တကျော့ပြန်ဖြစ်နေတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းကနေ ကစားသမားတချို့နုတ်ထွက်သွားကြပေမယ့် ၅၅နှစ်ကြာ ဝေးကွာနေတဲ့အာရှဖလားပွဲမှာ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးဆိုတဲ့ မျှော်လင့်ချက်ကိုထားရှိဆဲဖြစ်ကြောင်း မြန်မာအသင်းနည်းပြ Antoine Hey က ပြောပါတယ်။
ကနီမြို့နယ် ကလေးဝ-ယာကြီး ကားလမ်းနဘေးက အောင်မင်္ဂလာရွာနဲ့ ဇီးပင်တွင်းရွာတွေကို မေလ(၁၁)ရက်နဲ့ (၁၂)ရက်နေ့တုန်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ဒါဇင်နဲ့ချီတဲ့ အမျိုးသားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အဲဒီဒေသအတွက် အရေးပေါ် ဆေးဝါးပစ္စည်း ကူညီထောက်ပံ့နေတဲ့ အမျိုးသမီးတဦးက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို လွှတ်ပေးဖို့နဲ့ နိုင်ငံတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက်တွေကို ပယ်ဖျက်ဖို့ စစ်ကောင်စီကို အမေရိကန်ပြည်ထောင်စုက ဝါရင့် သတင်းစာနယ်ဇင်းအဖွဲ့ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက် ကိုမင်းညို ကို မနေ့ ဗုဒ္ဓဟူးနေ့က စစ်ကောင်စီကနေ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ သတင်းသမားတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဟာ ကြောက်မက်ဖွယ်ကောင်းနေတယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ AI အဖွဲ့ကြီးက သတိပေးပြောကြားလိုက်ပါတယ်။
စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေတဲ့ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟာမတ်စ်စစ်သွေးကြွ တပ်မှူးအများအပြား သေဆုံးခဲ့ကြောင်း ဟာမတ်စ်အဖွဲ့နဲ့ အစ္စရေးလ် တာဝန်ရှိသူတွေ ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ကြပါတယ်။
မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ မကြာသေးခင်ကစလို့ လက်နက်ကိုင် ပဋိပက္ခတွေ တကျော့ပြန် ဖြစ်ပွားရာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ အကူအညီ အထောက်အပံ့တွေ ပေးအပ်ဖို့လည်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးအရခွဲခြား ဖိနှိပ်မှုတွေအတွက် တာဝန်ရှိသူတွေထဲမှာ စစ်အာဏာသိမ်းခေါင်းဆောင်တွေပါဝင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
အိန္ဒိယမှာ ပထမဆုံး တွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တကမ္ဘာလုံး စိုးရိမ်ရမယ့် မျိုးဗီဇပြောင်းပိုးသစ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေငြာလိုက်ပြီး နောက်တနေ့မှာပဲ B.1.617 ပိုးသစ်က နိုင်ငံပေါင်း ၄၉ နိုင်ငံကို ကူးစက်နေပြီလို့ WHO ကဒီကနေ့ကြေငြာပါတယ်။
မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ စီးပွါးရေးလုပ်ငန်းတွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင်ဖိအားပေးကြဖို့ ကုလသမဂ္ဂက ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။
အမေရိကန် အရှေ့ပိုင်းပြည်နယ်တွေကို လောင်စာအဓိက တင်ပို့နေတဲ့ Colonial Pipeline ကုမ္ပဏီကွန်ပျူတာတွေထဲ ဟက်ကာ ခိုးဝင်ခဲ့တာကြောင့် ပိုက်လိုင်းတွေ ပိတ်ထားရတာ ၅ ရက်မြောက်နေ့ရောက်လာချိန်မှာ ဒေသတွင်း ဓာတ်ဆီဆိုင်ပေါင်း ၁,၀၀၀ ကျော်ပိတ်ထားရပါတယ်။
ရန်ကုန်မြို့က စစ်တပ်ပိုင် မြေပေါ်မှာ တည်ဆောက်ထားတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတဲ့ Sule Square မှာ ရုံးနေရာ ငှားရမ်းထားတဲ့ နိုင်ငံတကာ လုပ်ငန်းကြီး တချို့ ရွှေ့ပြောင်းနေကြသလို တချို့ကတော့ ငှားရမ်းမှုကို ပြန်လည် သုံးသပ်နေကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။
မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ နှိပ်ကွပ်မှုတွေ ဆုံးသတ်နိုင်ရေး ဒေသတွင်း ကြိုးပမ်းမှုကို နိုင်ငံတကာက ပံ့ပိုးပေးကြရေးနဲ့ အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN ဘက်ကလည်း ကတိကဝတ် အတိုင်း မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အင်္ဂါနေ့မှာ တိုက်တွန်းပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးရေး အာဆီယံ- အရှေ့တောင် အာရှ နိုင်ငံများ အသင်းက ဆက်လက် တောင်းဆိုသင့်ကြောင်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးက အင်္ဂါနေ့မှာ ပြောပါတယ်။
အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ထဲက ဒါဇင်နဲ့ချီတဲ့ အလောင်းတွေ သေဆုံးရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘူးလို့ အာဏာပိုင်တွေက အင်္ဂါနေ့မှာပဲ ပြောလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ ရှိလာချိန်မှာ လူပေါင်း ရာချီ သေဆုံး၊ တရားဥပဒေမဲ့ ဖမ်းဆီးခံရမှုတွေနဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်လာတဲ့ အခြေအနေမှာ စစ်တပ်ဘက်က မြန်မာ လူထုရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး နိုင်ငံ ကောင်းကျိုးအတွက် ဆောင်ရွက်ဖို့ ကုလအတွင်းရေးမှူးချုပ် Guterres တိုက်တွန်း
နောက်ထပ်ကြည့်ရှုရန်