ရုရှားနိုင်ငံ Kazan မြို့က မူလတန်းကျောင်းမှာ အင်္ဂါနေ့က သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ကျောင်းသား ၇ ယောက်၊ ဆရာ ၁ ယောက်နဲ့ အလုပ်သမား ၁ ယောက် သေဆုံးခဲ့ကြောင်း မြို့တော်ဝန်ရုံးနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုဖမ်းဆီးထားသူတွေနဲ့ပတ်သက်ပြီး "လူသားစာနာမှု" အခြေခံနဲ့ဖြေရှင်းရေး နည်းလမ်းရှာနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနကလည်း ဒီကနေ့ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျောင်းသွားတက်မယ့် မြန်မာကျောင်းသားတွေရဲ့ ကျောင်းသားဗီဇာ (F-1 Student Visa) လျှောက်လွှာတွေအတွက် လူတွေ့အင်တာဗျူး အစီအစဉ်ကို ဒီလနှောင်းပိုင်းမှာ ပြန်စတော့မယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ဒီကနေ့ ကြေညာပါတယ်။
အိန္ဒိယနိုင်ငံမှာ ပထမဆုံးတွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကို တကမ္ဘာလုံးစိုးရိမ်ရမယ့်ပိုး အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်လိုက်ပါတယ်။ ဒီပိုးဟာ ကူးစက်မှုမြန်ဆန်တာကို ကနဦးလေ့လာမှုတွေမှာ တွေ့ရတယ်လို့လည်း WHO က တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းယူခဲ့တာ ရက် ၁၀၀ ပြည့်လာချိန်မှာတော့ ရန်ကုန်မြို့က ATM ငွေထုတ်စက်တွေရှေ့မှာ ငွေထုတ်ယူဖို့ တန်းစီစောင့်နေကြတဲ့ လူတန်းရှည်ကြီးတွေဟာ နေ့စဉ် မြင်တွေ့နေကျ မြင်ကွင်းတခုဖြစ်လာနေပါတယ်။
တရုတ်နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကြောင့် ဥရောပ သမဂ္ဂ လွှတ်တော် အမတ်တွေက အတည်ပြုပေးဖို့ ကြန့်ကြာနေရတဲ့ ကုန်သွယ်ရေး သဘောတူညီချက်ကို မြန်မြန်ဆန်ဆန် အတည်ပြုပေးရေး ဥရောပနဲ့ တရုတ် ခေါင်းဆောင်တွေက တိုက်တွန်းနေကြပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းမဖက် စစ်အာဏာဖီဆန်တဲ့ CDM လုပ်နေသူ တက္ကသိုလ်ကျောင်းဆရာ ၁၁,၀၀၀ ကျော်ကို အလုပ်ကနေ ယာယီဆိုင်းငံ့ လိုက်ပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အာဆီယံအလှည့်ကျ ဥက္ကဌနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ဟာ မြန်မာနိုင်ငံကို လာမယ့် သီတင်းပတ်ထဲမှာ သွားရောက်မှာ ဖြစ်ကြောင်း တောင်ကိုရီးယား Arirang သတင်းဌာနက တနင်္လာနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ၄ လ ထဲ ရောက်လာချိန်မှာ စစ်တပ်နဲ့ရဲကြောင့် သေဆုံးရသူ ၇၈၀ ကျော်လာပြီဖြစ်သလို နိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေနေဟာလည်း ကမ္ဘာမှာ အဆိုးဝါးဆုံးအနေထားကို အမြန်ရောက်လာနေ တယ်လို့ ကုလသမဂ္ဂက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
အိန္ဒိယမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ် မျိုးကွဲတခုဟာ တကမ္ဘာလုံး စိုးရိမ်ဖွယ် ကိစ္စဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က တနလာၤနေ့မှာ ပြောပါတယ်။
အမေရိကန် အရှေ့ဘက်ခြမ်းပြည်နယ်တွေကို လောင်စာဆီ အဓိတင်ပို့နေတဲ့ Colonial Pipeline ကုမ္ပဏီ ဆိုက်ဘာ တိုက်ခိုက်ခံရတာကြောင့် ပိုက်လိုင်းတွေ ပိတ်ထားရပြီး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ သမ္မတအိမ်ဖြူတော်ကြား လုပ်ငန်းပြန်စနိုင်အောင် အနီးကပ်လုပ်ကိုင်နေပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါကူးခံရသူ မဆိုစလောက်ကျသွားတယ်ဆိုပေမယ့် တနင်္လာနေ့တရက်ထဲပိုးကူးသူ ၃၆၆,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၇၀၀ ကျော်ရှိပါတယ်။ ပြည်သူ့ကျန်းမာရေး ပညာရှင်တွေကတော့ ပိုးကူးခံရသူ အရေအတွက် ဒီထက်မကများနိုင်တယ်လို့ယုံကြည်နေပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို အောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် တနင်္ဂနွေနေ့က ရုရှားနိုင်ငံတလွှား ကျင်းပခဲ့တဲ့ စစ်ရေးပြ အခမ်းအနားမှာတော့ ရုရှားက သူ့ရဲ့စစ်အင်အား ဘယ်လောက်ရှိတယ်ဆိုတာကို ပြသလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မှာ စစ်တပ်နဲ့ရဲတွေ စနေနေ့ညက ဖမ်းဆီးတာခံခဲ့ရတဲ့ ကဗျာဆရာ ခက်သီ (အမည်ရင်း ဦးဇော်ထွန်း) ဟာ တနင်္ဂနွေနေ့မှာ သေဆုံးသွားတယ်လို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။
ကဘူးလ်မြို့က မိန်းကလေးကျောင်း အပြင်ဘက်မှာ စနေနေ့က ပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားတာကြောင့် သေဆုံးရသူ ၆၀ ကျော် တိုးလာတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောနေချိန်မှာပဲ အမေရိကန် အပါအဝင် နေတိုးတပ်ဖွဲ့တွေ အာဖဂန်က ဆက်လက်ရုပ်သိမ်းနေတဲ့ လုပ်ရပ်ကို ချီးကျူးကြောင်း အာဖဂန်က တာလီဘန်သူပုန်ခေါင်းဆောင်က ပြောလိုက်ပါတယ်။
တကမ္ဘာလုံးမှာ COVID-19 ကူးစက်သူပေါင်း ၁၅၇ သန်းကျော်နဲ့ သေဆုံးရသူ ၃.၃ သန်း ရှိသွားပြီလို့ Johns Hopkins ကိုဗစ်သုတေသနစင်တာရဲ့ တနင်္ဂနွေညအထိ စာရင်းမှာ ဖော်ပြပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဆန္ဒပြပြည်သူတွေကို ဖြိုခွဲဖို့အတွက် မြန်မာစစ်တပ်က တရုတ်လုပ် ဒရုန်းယာဉ်တွေကို သုံးနေတယ်လို့ ANI သတင်းမှာ ဖော်ပြထားပါတယ်။
မေလ ၉ ရက် ကျရောက်တဲ့ အမေများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာပြည်ရဲ့ မိခင်လို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံနေရာကနေ လွတ်မြောက်စေဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာနွယ်ဖွားတွေ ပါဝင်တဲ့ Support the Democracy Movements in Burma အဖွဲ့က နယူးယောက်မြို့က ဝါရှင်တန်ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ရက်ပေါင်း ၁၀၀ နီးပါး ရှိလာပြီဖြစ်ပေမယ့် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေကတော့ အခုချိန်ထိ ရှိနေဆဲပါ။
Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ စာရင်းတွေအရ ဒီကနေ့ မနက်ပိုင်းအထိ တကမ္ဘာလုံး COVID-19 ကူးစက်သူ ၁၅၇ သန်းကျော်နဲ့ သေဆုံးသူ ၃.၃ သန်း ရှိသွားပြီဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်