မြန်မာစစ်တပ်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေ၊ ဒါမှမဟုတ် မြန်မာစစ်တပ် ဝင်ငွေရစေရေးအတွက် လုပ်ဆောင်ပေးနေတဲ့ ကုမ္ပဏီတွေနဲ့ ထိတွေ့လုပ်ကိုင်နေတဲ့ ဂျပန်ကုမ္ပဏီ ၁၀ ခုရှိကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာနက စုံစမ်း ဖော်ထုတ်လိုက်ပါတယ်။
မြန်မာ အာဏာသိမ်းစစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ဗုံးခွဲမှု၊ လူသတ်မှု၊ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ကြောင်း စစ်တပ်ပိုင် သတင်းဌာနက ကြေညာလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်က မိန်းကလေးကျောင်းတခုအနီး စနေနေ့က အင်အားပြင်းဗုံး ပေါက်ကွဲတာကြောင့် အနည်းဆုံး လူ ၃၀ သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့ အိန္ဒိယနိုင်ငံမှာ ဒီရောဂါအတွက် 2-deoxy-D-glucose လို့ခေါ်တဲ့ ဆေးသစ်တမျိုးကို သောကြာနေ့က အရေးပေါ်သုံးစွဲခွင့် ပြုလိုက်ပါပြီ။
အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းဒေသ တခုလုံးရဲ့ ထက်ဝက်နီးပါးကို လောင်စာဆီ တင်ပို့နေတဲ့ အဓိက ရေနံပိုက်လိုင်းလုပ်ငန်း Colonial Pipeline ကို ဆိုက်ဘာ တိုက်ခိုက်ခံရပြီးနောက် လုပ်ငန်းတခုလုံး ပိတ်လိုက်ရပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ မြန်မာစစ်တပ်ရဲ့ မတ်လ ၂၇ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး ပျက်စီးမှုတွေနဲ့ တောတောင်တွေထဲမှာ အခုချိန်အထိ ဒေသခံတွေ ပုန်းအောင်းနေရတာကို Free Burma Ranger အဖွဲ့ မေလဆန်းက ရိုက်ကူးထားတဲ့ ဗွီဒီယိုမှတ်တမ်းကို သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူတွေ များလာနေလို့ မွတ်စလင် အစ်ပွဲတော်ကာလအတွင်း ၉ ရက်တာ ပိတ်ဆို့ အသွားအလာ ကန့်သတ်မှုတွေ စလုပ်လိုက်ပါပြီ။
မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပုံစံအမျိုးမျိုးနဲ့ ဆက်ရှိနေပြီး ရန်ကုန်က နေရာတချို့မှာ ဒီကနေ့ လျှပ်တပြက်သပိတ်၊ ပြောက်ကျားသပိတ်တွေ ရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၄၀၁,၀၀၀ ထပ်တိုးခဲ့ပြီး သေဆုံးသူက ၄,၂၀၀ နီးပါး ထပ်တိုးခဲ့တယ်လို့ အိန္ဒိယ ကျန်းမာရေးဌာနက ဒီကနေ့ပြောပါတယ်။
ထိုင်းနိုင်ငံသားတွေအတွက် ကိုဗစ်ရောဂါကာကွယ်ဆေး ပထမတလုံးကို လူအရေအတွက် များနိုင်သမျှများများ ထိုးပေးနိုင်ဖို့ ကာကွယ်ဆေး ထပ်ရချင်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာနိုင်ငံက ဆေးပညာရှင်တွေဟာ မြန်မာစစ်တပ်ရဲ့ စနစ်တကျ ပစ်မှတ်ထားမှု ခံနေရပြီး အသတ်ခံရတာ၊ ရိုက်နှက်တာ ဖမ်းဆီးတာနဲ့ ဘယ်ရောက်နေမှန်းမသိ ပျောက်ဆုံးတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က မေလ ၇ ရက် သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ပြင်သစ်ရေနံကုမ္ပဏီကြီး Total ရဲ့ ဓာတ်ငွေ့တင်ပို့မှု လုပ်ငန်းကနေ မြန်မာစစ်တပ်ကို အကျိုးအမြတ်ရအောင် လုပ်ပေးနေတယ်ဆိုတဲ့ သတင်းကိုတင်ပြခဲ့တဲ့ ပြင်သစ်သတင်းစာ Le Monde မှာ ထည့်သွင်းမယ့် ကြော်ငြာတွေကို Total က ပြန်ရုပ်သိမ်းလိုက်တယ်လို့ ကြာသပတေးနေ့မှာ Le Monde က ပြောပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက အထူးသံတမန် တဦးကို ခန့်အပ်ပေးဖို့ အမေရိကန်- အာဆီယံ စီးပွားရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၃ လကျော် ကာလအတွင်း လူပေါင်း ၇၇၀ ကျော် သေဆုံးခဲ့ရပြီဖြစ်သလို အများစုဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးရတာဖြစ်ကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ နိုင်ငံတကာအရေး ဖြေရှင်းရာမှာ ပျက်ကွက်နေတဲ့အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။
ဘဏ်တွေမှာ ငွေကို အကန့်အသတ်နဲ့ ထုတ်ပေးနေတာဟာ တိုင်းပြည် စီးပွားရေးစီမံချက်တွေ ပျက်ပြားအောင် နိုင်ငံရေးအရ လှုံ့ဆော်နေတာတွေကြောင့် ဖြစ်ပြီး အခု မိုဘိုင်းဖုံးကတဆင့် ငွေလွှဲတဲ့လုပ်ငန်းတွေ ပုံမှန်ပြန်ဖြစ်နေပါပြီလို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်