မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဌာနတွေနဲ့ လူနာတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ ကုလသမဂ္ဂနည်းတူ အမေရိကန်ပြည်ထောင်စုကလည်း တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု ရုံးချိန်းကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ မေလ ၆ ရက် ကြာသပတေးနေ့က့ အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်းပြီးချိန်ကစပြီး စစ်တပ်နဲ့ ရဲတွေရဲ့ပစ်ခတ်မှုတွေကြောင့် အခုချိန်ထိ သေဆုံးရတဲ့ ကလေးငယ် ၅၀ ကျော်ရှိနေပြီး အခုချိန်အထိလည်း ကျည်အစစ်နဲ့ပါ ဆက်လက်ပစ်ခတ်မှု ရှိနေတာအတွက် ကုလသမဂ္ဂက အထူးစိုးရိမ်ကြောင်း အတွင်းရေးမှူးချုပ် ရဲ့ ပြောခွင့်ရ Stephane Dujarric ကကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြန်မာစစ်တပ်ကို လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ တခြားစစ်လက်နက်ပစ္စည်းတွေ ရောင်းချတာ လွှဲပြောင်းပေးအပ်တာနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာ ထောက်ပံ့တာတွေ မလုပ်ပဲ ဆက်လက် ပိတ်ပင်တားမြစ်ဖို့ G7- နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဂျပန်နိုင်ငံကပါ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေမှာကြုံနေရတဲ့ အစာရေစာရှားပါးမှုအကြပ်အတည်းတွေကို ကမ္ဘာ့စားနပ်ရီက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO နဲ့အတူ အခြားမိတ်ဖက် လူမှုရေးအဖွဲ့အစည်းတွေက ကွင်းဆင်းလေ့လာပြီး မှတ်တမ်းပြုစုခဲ့ကြတာပါ။ FAO ကနောက်ဆုံးထုတ်ပြန်လိုက်တဲ့အစီရင်ခံစာကို နန်းလောင်ဝ်က ကောက်နုတ်တင်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကန့်ကွက်ကြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ပစ်ခတ်တဲ့အတွက်ရာနဲ့ချီတဲ့အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတဲ့ဖြစ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေး အလားအလာအပေါ် စိုးရိမ်ပူပန်မိကြောင်း ADB အာရှဖွံ့ဖြိုးရေးဘဏ်အကြီးအကဲက ရိုက်တာသတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် တရက်ထဲ လူ ၄,၀၀၀ နီးပါး သေဆုံးခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ကပ်ရောဂါ တတိယလှိုင်းနဲ့ မလွဲမသွေ ရင်ဆိုင်ရတော့မှာဖြစ်ကြောင်း အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအကြံပေး K. Vijay Raghava က သတိပေးလိုက်ပါတယ်။
သြစတြေးလျနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ရည်ရွယ်တဲ့ ဗီဇာသက်တမ်း တိုးပေးမယ့်အစီအစဉ်သစ်တခုကို သြစတြေးလျအစိုးရက စတင်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကျော်ကြားတဲ့ သိုင်းပေါင်းစုံ MMA အားကစားသမားတယောက်ဖြစ်သူ ဖိုးသော်ဟာ ဖောက်ခွဲရေးပစ္စည်းလုပ်ဖို့ ကြိုးစားစဉ် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်တပ် အာဏာသိမ်းပြီး ရက်ပေါင်း (၉၀)ကျော်အတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဆောက်အအုံတွေကို အကြမ်းဖက် တိုက်ခိုက်မှုပေါင်း ၁၅၈ ခုရှိပြီး၊ သေဆုံးသူပေါင်း ၁၁ ဦးနဲ့ လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြောင်း ကုလသမဂ္ဂက ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ဆက်လက်အင်အားသုံး အကြမ်းဖက်နှိမ်နင်းနေတဲ့ လမ်းကြောင်း ကို မပြောင်းလဲဘူးဆိုရင် နောက်ထပ်အရေးယူမယ့် ခြေလှမ်းတွေအတွက် အဆင်သင့်ဖြစ် နေကြောင်းကမ္ဘာ့စက်မှုထိပ်သီး ၇နိုင်ငံG-7 နိုင်ငံခြားရေး ဝန်ကြီးတွေက ထပ်လောင်းပြောကြားခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် တနေ့တည်း လူ ၄ ထောင်နီးပါး သေဆုံးခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ကပ်ရောဂါ တတိယလှိုင်းနဲ့ မလွဲမသွေ ရင်ဆိုင်ရတော့မှာဖြစ်ကြောင်း အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအကြံပေး ပုဂ္ဂိုလ်က သတိပေးလိုက်ပါတယ်။
မြန်မာစစ်ကောင်စီကို သူတို့ကျူးလွန်မှုတွေမှာ တာဝန်ခံမှုရှိလာအောင် အများသဘောတူညီမှုအစီအစဉ်နဲ့ ဝိုင်းဝန်ဆောင်ရွက်ဖို့ အာဆီယံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေကောင်စီအနေနဲ့ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်းပြဌာန်းဖို့ ကမ္ဘာ့အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။
ကိုဗစ်ရောဂါ ကာကွယ်ဆေး မူပိုင်ခွင့်ဖယ်ရှားရေး အစီအစဉ်ကို ထောက်ခံကြောင်းနဲ့ အသေးစိတ်ကို (WTO) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နဲ့ ညှိနှိုင်းသွားမှာဖြစ်ကြောင်း အမေရိကန် အစိုးရက ပြောလိုက်ပါတယ်။
G7 စက်မှုထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး၊ ဥတုရာသီပြောင်းလဲမှုနဲ့ မိန်းကလေးငယ်တွေ ပညာရေးတွေအပါအဝင် ကမ္ဘာ့ကိစ္စရပ်ကြီးတွေကို ဒီနေ့အလေးထားဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အဆုံးသတ်လိုက်ပါတယ်။
စစ်ကောင်စီတပ်တွေဟာပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက်ဖျက်ဆီးနေပြီး မြန်မာ့နိုင်ငံရေးဦးတည်ချက်ဖြစ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးကိုပါ အဟန့်အတားပြုနေတယ်လို့လည်း ဖော်ပြပါတယ်။
တကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေးမှာ ကုလသမဂ္ဂအဖွဲ့အစည်းက ကူညီနိုင်ဖို့အသင့်ရှိပေမဲ့ ဖမ်းဆီးထားတဲ့ ကျန်းမာရေးနဲ့ နည်းပညာဆိုင်ရာဝန်ထမ်းတွေ အရင်ပြန်လွှတ်ပေးဖို့ လိုမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး Andrew Kirkwood ပြောပါတယ်။
ပြင်သစ် စွမ်းအင် ကုမ္ပဏီ Total အကျိုးအမြတ် ရနေတဲ့ ရေနံပိုက်လိုင်းနဲ့ ဆက်စပ်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ လျှို့ဝှက် ဆောင်ရွက်မှု ကနေ တဆင့် မြန်မာ စစ်တပ်ဟာ သဘာ၀ ဓာတ်ငွေ့ ရောင်းချရငွေ ဒေါ်လာ သန်း ရာချီရရှိနေကြောင်း ပြင်သစ် သတင်းစာ တစောင်က အင်္ဂါနေ့မှာ ဖော်ပြလိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေကြောင့် ကျန်းမာရေးစနစ် ပြိုလဲတဲ့ အခြေအနေနဲ့ ကြုံနေရတဲ့ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်သူ အတည်ပြုလူနာ သန်း ၂၀ ကျော် သွားပါပြီ။
နောက်ထပ်ကြည့်ရှုရန်