စစ်အာဏာသိမ်းထားတဲ့ မြန်မာ စစ်တပ် အပေါ်မှာ အမေရိကန်ဘက်က ပစ်မှတ်ထား ဒဏ်ခတ် အရေးယူဖို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲမှာ တိုက်တွန်းပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ အင်္ဂါနေ့က စတင်လိုက်တဲ့ ၂ ရက်ကြာ (G7) စက်မှုထိပ်သီး ၇ နိုင်ငံ အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ ဆက်နွယ်နေသူတွေနဲ့ လုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူဖို့ အိမ်ရှင်ဗြိတိန်နိုင်ငံက တိုက်တွန်းလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။
စစ်အာဏာသိမ်းပြီး ၃ လကျော်လာပြီ ဖြစ်တဲ့ မြန်မာနိုင်ငံတွင်း လူသားချင်း စာနာထောက်ကူမှု ဆိုင်ရာ အခြေအနေတွေ ယိုယွင်း ဆိုးရွားလာတဲ့ ကိစ္စကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့က သတိပေးထားပါတယ်။
တိုင်းလွှတ်တော်ကိုယ်စားလှယ် တဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့တဲ့ ပြည်မြို့နယ်ထဲက ပေါက်ကွဲမှုဟာ ဖောက်ခွဲပစ္စည်းစမ်းသပ်ရင်း ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ကျန်းမာရေးစနစ်ကြီး ပြိုလဲသွားစေတဲ့ ကိုဗစ်ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရပြီး ဒီကနေ့တရက်ထဲ ပိုးကူးသူသစ် ၃၅၇,၀၀၀ ကျော်ရှိပြီး နေ့စဉ်ပိုးကူးသူ ၃၀၀,၀၀၀ ကျော်တဲ့ ၁၃ ရက်မြောက်နေ့လည်းဖြစ်ပါတယ်။
သမ္မတဟောင်းလက်ထက်က သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း ဒုက္ခသည်တွေလက်ခံဖို့ ကနဦးဆုံးဖြတ်ခဲ့ပေမဲ့ ဒီနှစ်အတွက် ဒုက္ခသည်ပေါင်း ၆၂,၅၀၀ လက်ခံဖို့ ပြင်ဆင်သတ်မှတ်လိုကကြောင်း သမ္မတဘိုင်ဒန်က တနင်္လာနေ့နှောင်းပိုင်းမှာ ကြေငြာချက်ထုတ်ပြန်ခဲ့တာပါ။
မြန်မာစံတော်ချိန် အင်္ဂါည ၁၁ နာရီခွဲ၊ အမေရိကန်အရှေ့ပိုင်းဒေသစံတော်ချိန် အင်္ဂါ နေ့လယ် ၁ နာရီမှာ အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှာ လုပ်ဖို့ရှိတဲ့ မြန်မာ့အရေးကြားနာပွဲအတွင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဲဒီလို တိုက်တွန်းပြောဆိုဖို့ စီစဉ်ထားတာပါ။
မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆုတ်ယုတ်ကျဆင်းလာတဲ့အတွက် ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ နော်ဝေနိုင်ငံက တယ်လီနောဆက်သွယ်ရေး ကုမ္ပဏီ လုပ်ငန်းတွေ အရှုံးပေါ်နေပါတယ်။
ဂျပန် အလွတ်သတင်းထောက် Yuki Kitazumi ကို လုပ်ကြံသတင်းဖြန့်ချီမှုနဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့ တနင်္လာနေ့မှာ စစ်ကောင်စီက စွဲချက်တင်လိုက်တယ်လို့ ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာန သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အမေရိကန် အရာရှိတွေက အခု သမ္မတ Joe Biden ရဲ့ ကြိုးပမ်းမှုက အရင် သမ္မတတွေရဲ့ ချဉ်းကပ်မှုတွေကြား မယုတ်မလွန် အစွန်းမရောက်တဲ့ ကြားနေ ချဉ်းကပ်မှု ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံအတွက် တရုတ်အစိုးရ ပေးပို့လှူဒါန်းတဲ့ COVID-19 ကာကွယ်ဆေး အလုံးရေ ၅ သိန်း မေလ ၂ ရက် တနင်္ဂနွေနေ့မှာ ရန်ကုန်ကို ရောက်လာပြီလို့ ရန်ကုန် တရုတ်သံရုံး ဖေ့စ်ဘုတ် စာမျက်မှာမှာ ဖေါ်ပြထားပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာ ပေးခဲ့တဲ့ ကတိအတိုင်း အခုလို ဆေးတွေပေးအပ်တာ ဖြစ်ကြောင်း ပြောပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မေလအတွက် အလှည့်ကျ ဥက္ကဌအဖြစ်တာဝန်ယူမယ့် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jun က မြန်မာနိုင်ငံမှာ အခြေနေတွေ ခုထက်ပိုမဆိုးလာအောင် သံတမန်ရေးနည်းလမ်းတွေသုံးရှောင်ရှား နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး တဲ့နောက် ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက ဗဟိုဘဏ် အကြီးအကဲတွေနဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေက ဒေသတွင်း ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးနဲ့ COVID-19 ကပ်ဘေးရောဂါ ဆိုးဆိုးရွားရွား ခံနေရတဲ့ နိုင်ငံတွေကို ဆက်လက် ထောက်ပံ့ရေး တနလာၤနေ့က ကတိပြုခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်လာဖို့ သိပ်ကိုအရေးကြီးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab တို့က တနင်္လာနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ် ကပ်ရောဂါဒဏ်ကို အလူးအလဲ ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမှာနေ့စဉ် ၃ သိန်းကျော်လာတာ ၁၂ ရက်ဆက်တိုက်ရှိနေပြီး တနင်္လာနေ့တရက်ထဲ ပိုးကူးသူသစ် ၃သိန်း၆ သောင်း ၈ ထောင်ကျော်ရှိပါတယ်။
မြန်မာ့ဒီမိုကရေစီရေး လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်ဖို့ အရေးတကြီးလိုအပ်နေသလို၊ အာဏာသိမ်းထားတဲ့စစ်တပ်က သူ့လုပ်ရပ်အတွက် တာဝန်ယူမှုရှိစေဖို့ အရေးြ့ကီးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu တို့ဒီကနေ့ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာစစ်တပ်ရဲ့ ပိတ်ပင်ကန့်သတ်မှုတွေကြားက စစ်တပ်ကျူးလွန်မှုတွေကို မှတ်တမ်းတင်ပြီး ကမ္ဘာသိအောင်ဖြန့်ပေးနေတဲ့ သတင်းထောက်တွေကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ချီးကျူးလိုက်ပါတယ်။
ကမ္ဘာတဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဝန်လေးနေတဲ့လူတွေကြောင့် Covid-19 ကပ်ရောဂါလုံးဝကွယ်ပျောက်ဖို့ တိုက်ဖျက်ရေးမှာ အန္တရာယ်ရှိနေတယ်လို့ နောက်ဆုံးကောက်ယူထားတဲ့လူထု သဘောထားစစ်တမ်းတခုမှာတွေ့ရပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ရန်လိုတဲ့မူဝါဒကို ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲလိုက်ပြီး အမေရိကန်ရဲ့ အတုအယောင် သံတမန်ရေးနည်းလမ်းကို ပယ်ချရင်း လက်တုံ့ပြန်မှု လုပ်သွားမယ်လို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်