မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာ ၃ လရှိသွားပြီဖြစ်ပြီး မေလ ၂ ရက် တနင်္ဂနွေနေ့မှာတော့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး ဒုတိယလှိုင်းအဖြစ် နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ အထိမ်းအမှတ် လှုပ်ရှားမှုတွေ ကျင်းပခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ ဘုရင်နဲ့ တော်ဝင်မိသားစုအပေါ် အသရေဖျက်တယ်ဆိုတဲ့ စွဲချက်နဲ့ အာမခံမရဘဲ သီတင်းပတ်အတော်ကြာ အကျဉ်းထောင်ထဲ ဖမ်းဆီးခံနေရတဲ့ ထိုင်းဒီမိုကရေစီရေး ဆန္ဒပြလှုပ်ရှားသူတွေကို အမြန်ပြန်လွှတ်ပေးဖို့ သူတို့ရဲ့ မိခင်တွေက တောင်းဆိုလိုက်ကြပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေ ကိုးကွယ်တဲ့ မယ်တော်မာရီယာကို ပူဇော်တဲ့ မေလမှာ လက်ရှိ ပဋိပက္ခဖိစီးတဲ့ဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံအတွက် အထူးဆုတောင်းမေတ္တာ ပို့သပေးကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တနင်္ဂနွေနေ့ ဆုတောင်းပွဲမှာ ပန်ကြားလိုက်ပါတယ်။
ပဲခူးမြို့မှာ တနင်္ဂနွေနေ့ မနက်အစောပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တရုံး မီးလောင်ပြာကျခဲ့ပါတယ်။ မျက်မြင်သက်သေတဦးပြောပြချက်အရ မီးစလောင်တဲ့ အကြောင်းအရင်းကို မသိရပေမဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို ရပ်ကွက်ပြည်သူတွေ သဘောမကျ လက်မခံကြဘူးလို့လည်း ဗွီအိုအေကို ပြောပါတယ်။
မနက် (၅)နာရီ ဝန်းကျင်လောက် စလောင်တယ်။ တနာခွဲကျော်လောက်လောင်ပြီး ပြာကျသွားတယ်။ စစ်ကောင်စီက ခန့်လိုက်တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို သဘောမတူလို့ ဖြစ်ရတယ်လို့ အများက ထင်ကြေးပေးနေကြပါတယ်ခင်ဗျ။
တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၂ ကြိမ်မြောက် Jeonju နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဒီ ရုပ်ရှင်ပွဲတော်မှာ ပါဝင်တဲ့ ဒါရိုက်တာ ၈ ဦးက မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံတဲ့အနေနဲ့ ကိုရီးယားမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှု ကွန်ရက်က ကိုယ်စားလှယ် ၂ ဦးပါ တက်ရောက်ခွင့် ပြုခဲ့ကြပါတယ်။
ဇွန်လအတွင်း ကျင်းပဖို့ရှိတဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ကိစ္စ အပါအဝင် ကမ္ဘာ့ရေးရာတွေမှာ အီးယူနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိကြောင်း ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Dominic Raab က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံတွင်း ဒီကနေ့ တနင်္ဂနွေနေ့ ဓာတ်ခွဲစမ်းသပ်မှုတွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁,၉၀၀ ကျော်နဲ့ သေဆုံးသူက ၂၁ ယောက်ရှိပါတယ်။ ဒါဟာ ကပ်ရောဂါ စဖြစ်ပြီးနောက်ပိုင်း ဒုတိယနေ့ဆက်တိုက် နိုင်ငံတွင်း သေဆုံးမှုနှုန်း အများဆုံးဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ လန်ဒန်နဲ့ Kyiv မြို့တွေမှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် ဒီကနေ့ တနင်္ဂနွေနေ့မှာ အမေရိကန်ကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆက်လက်ဆန့်ကျင်တဲ့အနေနဲ့ ဒီကနေ့ မေလ (၂)ရက်နေ့ မနက်ပိုင်းက ရန်ကုန်-အင်းစိန်လမ်းမမှာ ပြည်သူတွေ ချီတက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
အိန္ဒိယအနောက်ပိုင်း ဆေးရုံတခုမှာ စနေနေ့က COVID-19 လူနာဆောင်တခု မီးလောင်တာကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ရပါတယ်။ ဂူဂျာရတ်ပြည်နယ် Bharuch မြို့က Welfare ဆေးရုံ မြေညီထပ် မီးလောင်မှုကနေ လူနာ ၃၀ ကို ကယ်တင်ခဲ့ရကြောင်း အာဏာပိုင်တို့က ပြောပါတယ်။
အမေရိကန်နဲ့ NATO မဟာမိတ်တွေက အာဖဂန်နစ္စတန် နိုင်ငံတွင်းမှာ နောက်ဆုံးကျန်ရှိနေတဲ့ တပ်ဖွဲ့တွေကို စနေနေ့မှာ တရားဝင် စတင်ရုပ်သိမ်းနေကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ စစ်ဘက် အရာရှိတွေက ပြောဆိုထားတာကြောင့် အမေရိကန်ရဲ့ အရှည်ကြာဆုံးစစ်ပွဲကို အဆုံးသတ်နိုင်တော့မှာ ဖြစ်ပါတယ်။
ကိုဗစ်ဒဏ် အကြီးအကျယ် ပြန်ခံနေရတဲ့ အိန္ဒိယမှာ နေ့စဉ် ပိုးသစ်တွေ့သူ ပထမဆုံးအနေနဲ့ ၄ သိန်း စကျော်လာနေပါပြီ။
အင်ဒိုနီးရှားနိုင်ငံမှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ အလုပ်အကိုင်ဖန်တီးရေး ဥပဒေ ဆိုတာကို အင်ဒိုနီးရှား အလုပ်သမား ထောင်ပေါင်းများစွာက ဒီကနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
အိန္ဒိယ အပါအဝင် တခြား ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်ပြန်တက်လာပြီး ကာကွယ်ဆေး လုံးပန်းနေရချိန်မှာ အမေရိကန်အနေနဲ့တော့ ကိုဗစ်ကာကွယ်ဆေး မူပိုင်ခွင့်ကို လျှော့ပေးဖို့ မပြတ်မသား ဖြစ်နေဆဲပါ။
ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မေဒေးနေ့မှာလည်း မြန်မာနိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ မြန်မာ့အရေး ထုတ်ပြန်ချက်မှာ ပါရှိတဲ့အတိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သောကြာနေ့မှာ တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အကျိုးဆောင်ရှေ့နေတွေနဲ့ ခုချိန်ထိ လူကိုယ်တိုင် တွေ့ခွင့်မရသေးဘူးလို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က AFP သတင်းဌာနကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းခဲ့တဲ့နောက် ဒေသအတော်များများမှာ လုံခြုံမှု မရှိတဲ့အပြင် လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အထောက်အကူပေးရေး လုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါ တကျော့ပြန်ကူးစက်မှုတွေကြောင့် အကျပ်အတည်း ကြုံနေရတဲ့ အိန္ဒိယနိုင်ငံအတွက် အမေရိကန်က ပေးပို့တဲ့ အရေးပေါ် ဆေးဖက်ဆိုင်ရာ အကူအညီတွေ သောကြာနေ့မှာပဲ ရောက်ရှိသွားပါပြီ။
နောက်ထပ်ကြည့်ရှုရန်