စစ်တပ်အာဏာသိမ်းမှု အတွက် နိုင်ငံတကာက ညီညီညွတ်ညွတ် မတုံ့ပြန်တဲ့အတွက် နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ပိုဆိုးလာနေသလို လက်ရှိရင်ဆိုင်နေရတဲ့ အခြေနေဆိုးကနေ မလွတ်မြောက်နိုင်ပဲ ရှေ့မတိုးနောက်မဆုတ် အနေထား ဖြစ်လာနေတယ်လို့ ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Burgener က သတိပေးလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေး အပြည့်အ၀ ထိုးပြီးတဲ့သူ သန်း ၁၀၀ ပြည့်ပြီဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံက ဟံသာဝတီယူနိုက်တက် နဲ့ ရှမ်းယူနိုက်တက် ဘောလုံးအသင်းတွေကို လာမယ့် ၂၀၂၁ ခုနှစ် အာရှဘောလုံးပြိုင်ပွဲတွေမှာ ဝင်မပြိုင်တော့ဘူးလို့ အကြောင်းကြားတာကြောင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ပွဲစဉ်တွေကို ပြန်ပြီးတော့ ပြင်ဆင်ရေးဆွဲလိုက်ပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်အကြီးတန်းအရာရှိကြီး တွေနဲ့ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းရာမှာ ပါဝင်လုပ်ဆောင်ခဲ့သူတွေ အပေါ် အီးယူ ဥရောပသမဂ္ဂရဲ့ အရေးယူဒဏ်ခတ်မှုကို သက်တမ်း တနှစ်တိုးလိုက်ပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ဟာ မေလထဲမှာ ရုရှားနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာအပါအဝင် နိုင်ငံတွေ အရေးကို ဆွေးနွေးဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားဒုသံအမတ်ကြီး Dmitry Polyanskiy က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ကိုဗစ်ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေကြောင့် သေဆုံးသူတွေနဲ့ ကူးစက်သူတွေ ကြာသပတေးနေ့ကလည်း စံချိန်တင် များပြားခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ကာကွယ်ဆေးထိုးဖို့ စီစဉ်နေပေမဲ့ အခက်အခဲတွေလည်း ကြုံနေရပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအပေါ် လေ့လာဆန်းစစ်ချက်အရ အာရှနွယ်ဖွား အမေရိကန် လူဦးရေဟာ ၂၄ သန်း ရှိကြောင်း PEW သုတေသနဌာနရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်ချက်တွေ ထုတ်ပြန်ထားတဲ့ နယူးယောက်မြို့ကို ဇူလိုင်လ ၁ ရက်နေ့ကစ အပြည့်အဝလည်ပတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့်လတွေအတွင်း လူ သန်းနဲ့ချီပြီးတော့ စားနပ်ရိက္ခာ အခက်တွေ့နိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က သတိပေးပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ် ကိုရိုနာဗိုင်းရပ်စ်နဲ့အတူပေါ်ပေါက်လာတဲ့ အာရှ မုန်းတီးရေးဟာ အခု ၂၀၂၁ ခုနှစ်အထိ ဆက်လက်ပေါ်ပေါက်နေတယ်လို့ ရဲဌာန အချက်အလက်တွေက ပြသနေပါတယ်။
ဖမ်းဆီးခံထားရတဲ့ မုံရွာပင်မသပိတ် လူငယ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို ကြီးမားတဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေပါတယ်။
အငြင်းပွားနေတဲ့ အာရှ ပင်လယ်ထဲကို ပြီးခဲ့တဲ့ သောကြာနေ့က စစ်သင်္ဘောတွေကို သမ္မတ Xi Jinping ကိုယ်တိုင် တာဝန်ပေးစေလွှတ်ခြင်းဟာ အတင့်ရဲတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး အမေရိကန်ရဲ့ ဒေသတွင်းလွှမ်းမိုးမှု ကြီးထွားလာနေတာကို တန်ပြန်တဲ့ သဘောလည်းဖြစ်တယ်လို့သုံးသပ်သူတွေက ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ကိုဗစ်ဒုတိယလှိုင်းကြောင့် အခု ဗုဒ္ဓဟူးနေ့အထိ သေဆုံးသူ ၂ သိန်းကျော်လာပြီး ဆေးရုံကုတင်နဲ့အောက်ဆီဂျင်မလုံလောက်မှုတွေပေါ်ပေါက်နေပါတယ်။
အမေရိကန်မိသားစုတွေနဲ့ကလေးတွေအတွက် အစိုးရ အထောက်အပံ့တွေကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ထောက်ပံ့ပေးဖို့ အတွက် သမ္မတ ဂျိူးဘိုင်ဒန်က အဆိုတင်သွင်းဖို့ရှိနေပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က ကျေးရွာတွေမှာ စစ်တပ်ကအင်အားသုံး အကြမ်းဖက်စီနင်းမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ အခြေအနေ ဆိုးရွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီဘက်က နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မပေးမချင်း၊ ဆွေးနွေးစကားပြောဆိုတာတွေ လုပ်မှာ မဟုတ်ဘူးလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်းကို တုံ့ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲတွေအပေါ်အကြမ်းဖက်နှိမ်နင်းနေတာတွေကိုတုံ့ပြန်တဲ့အနေနဲ့စစ်အုပ်ချုပ်ရေးကောင်စီပိုင် ရေနံနဲ့ သဘောဝဓါတ်ငွေ့တူးဖေါ်ရေးစွမ်းအင်ကုမ္ပဏီတွေရဲ့ ဝင်ငွေကို ပိတ်ဆို့တာတွေအပါအဝင် အရေးယူမှုတွေ ထပ်ပြီးပြဌာန်းဖို့ ပါတီကြီးနှစ်ရပ်စလုံးက အထက်လွှတ်တော်အမတ်တစုက အမေရိကန် အစိုးရကိုတိုက်တွန်းလိုက်ပါတယ်။
ကိုဗစ်ရောဂါကူးသူ နေ့စဉ်သိန်းချီရှိနေတဲ့ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးကူးသူသစ် ၃၆၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃,၃၀၀ ကျော်ရှိပါတယ်။ ကိုဗစ်ကြောင့်သေဆုံးသူ စုစုပေါင်း ၂၀၀,၀၀၀ ကျော်သွားပြီလို့ အိန္ဒိယကျန်းမာရေးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်တွေ အကြမ်းဖက်နှိမ်နင်းရာမှာ ဒီနေ့ထိဆိုရင် လူ ၇၅၅ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ AAPP မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးစာရင်းနဲ့ ပတ်သက်လို့ ဒီစာရင်းဟာ မမှန်ကန်ဘဲ ဖောင်းပွနေတယ်လို့ မြန်မာစစ်ကောင်စီက ကြေညာပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်