တရုတ်နိုင်ငံက ဗြိတိန်နိုင်ငံအတွင်း နေထိုင်တဲ့ ပြည်ပ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ အများစုကို နိုင်ငံတွင်းဝင်ခွင့်ပိတ်ပင်လိုက် ပါတယ်။ ဗြိတိန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုနှုန်း ထပ်မံ မြင့်တက်လာနေမှုအပေါ် တုန့်ပြန် ဆောင်ရွက်လိုက် တာပါ။
စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ခံထားရကြောင်း ကိုဆိုဗိုသမ္မတHashim Thaci က ကြာသပတေးနေ့က အတည်ပြု ပြောဆိုလိုက်ပါတယ်။
ဗြိတိန် AstraZeneca ဆေးကုမ္ပဏီက စမ်းသပ် ထုတ်လုပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သန်း ၃၀ ကို အိန္ဒိယ Serum Institute ကနေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သဘောတူ လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပါတယ်။
နိုဝင်ဘာလ ၃ ရက် အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရတယ် ဆိုတာ ကြာသပတေးနေ့ အထိ မသိရသေးပါဘူး။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၉၉၅ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၂ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အကြိတ်အနယ်ဖြစ်နေတဲ့ Wisconsin နဲ့ Michigan ပြည်နယ်တွေမှာ ဒု-သမ္မတဟောင်း ဂျိုးဘိုင်ဒန်က အနိုင်ရတယ်လို့ အမေရိကန်သတင်းမီဒီယာတွေက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြလိုက်ပါတယ်။ ဒါကြောင့် သမ္မတရွေးကောက်ပွဲမှာ မစ္စတာဘိုင်ဒန် အနိုင်ရရေး လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ပြည့်ဖို့ ပိုနီးလာပြီဖြစ်ပါတယ်။
ကမ္ဘာ့ကိုဗစ်ထိပ်ဆုံး အမေရိကန်နိုင်ငံမှာ ပထမဆုံး စံချိန်တင်ပိုးတွေ့သူသစ် ဗုဒ္ဓဟူးနေ့တနေ့ထဲမှာ ၁၀၀,၀၀၀ ကျော်ခဲ့တယ်လို့ Atlantic မဂ္ဂဇင်းရဲ့ ကိုဗစ်စောင့်ကြည့်ရေးအစီအစဉ်အဖွဲ့က ဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေပေးထားတဲ့ မဲတွေအားလုံးကို အပြည့်အဝရေတွက်ဖို့ မြို့တော်အများများမှာ လူတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ သမ္မတထရမ့်ပ်ကို ထောက်ခံတဲ့သူတချို့ကလည်း မီရှီဂန်ပြည်နယ်နဲ့ အရီဇိုးနားပြည်နယ်တွေက မဲရေတွက်တဲ့ နေရာအပြင်ဘက်မှာ စုဝေးဆန္ဒပြတာတွေ ရှိခဲ့ကြပါတယ်။
ထိုင်ဝမ်စစ်တပ်ကို အမေရိကန် ပြည်ထောင်စုက မောင်းသူမဲ့ ဒရုန်းယာဉ်တွေ ရောင်းချဖို့ ပြင်ဆင်နေတဲ့ လုပ်ရပ်ဟာ ဆိုးရွားပြီး မှားယွင်းတဲ့ အချက်ပြမှုမျိုး ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က တုန့်ပြန်လိုက် ပါတယ်။
ဗြိတိန်နိုင်ငံမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လေးပတ်ကြာ အသွားအလာ ပိတ်ပင်မှု lockdown ချမှတ်ကြောင်း ဗြိတိန် ပါလီမန်က ဗုဒ္ဓဟူးနေ့က သဘောတူ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ထောက်ခံမဲ ၅၁၆ မဲ ကန့်ကွက်မဲ ၃၈ မဲနဲ့ အတည်ပြုလိုက်တာပါ။
Aegean ပင်လယ်ထဲက တူရကီကမ်းရိုးတန်းနားမှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူဟာ အခုဆိုရင် ၁၁၆ ဦးအထိ ရှိခဲ့ပြီး တူရကီနိုင်ငံရဲ့ တတိယအကြီးဆုံး Izmir မြို့က အပြိုပျက်ပုံအောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲ အဆုံးသတ်ရလဒ်က အခုအချိန်အထိ သဲသဲကွဲကွဲ မရှိသေးသလို အဖြေမထွက်သေး တဲ့ ပြည်နယ်တွေ မှာလည်း တာဝန်ရှိသူတွေမဲရေတွက်လို့ကောင်းနေဆဲ ဖြစ်ပါတယ်။
အဖြေမထွက်သေးတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပေးထားပြီးသားဖြစ်တဲ့ မဲတွေအားလုံး ပြီးဆုံးတဲ့ အထိ ဆက်လက် ရေ တွက်ဖို့ ဂျာမနီ ဒုတိယ ဝန်ကြီးချုပ်Olaf Scholzက တောင်းဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု (အနောက်အလယ်ပိုင်းဒေသက အထက်ပိုင်းပြည်နယ်တခုဖြစ်တဲ့) မြောက် Dakota ပြည်နယ်မှာ COVID-19 ကြောင့် အောက်တိုဘာလအစောပိုင်းက သေဆုံးသွားခဲ့ရသူ ကိုယ်စားလှယ်တစ်ဦး နိုဝင်ဘာ ပြည်နယ် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲမှာ ရွေးကောက် တင်မြှောက်ခံရပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၁၃၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၃ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့အတူ ကျင်းပတဲ့ ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲတွေမှာ အောက်လွှတ်တော်ကို ဒီမိုကရက်တွေက လူများစုနဲ့ ဆက်ထိန်းထားနိုင်မယ့် အလားအလာရှိနေပြီး အထက်လွှတ်တော်ကို ထိန်းချုပ်နိုင်ဖို့ မေ ျှာ်လင့်ချက်ကတော့ မှေးမှိန်နေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲရလဒ်တွေကို ရေတွက်နေဆဲဖြစ်ပြီး နောက် ၄ နှစ်အတွက် ဘယ်သူ သမ္မတဖြစ်လာမလဲဆိုတာ မရေမရာ ဖြစ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် စာတိုက်ကနေ ကြိုတင်ပေးခဲ့ကြတဲ့ မဲတွေကို ပြည်နယ်အတော်များများမှာ ရေတွက်နေဆဲ ဖြစ်တာကြောင့်လည်း ရလဒ်ကို ခန့်မှန်းဖို့ ခက်နေတာပါ။
အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့ကကျင်းပတဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံတချို့က မမှန်မကန်သတင်းတွေဖြန့်ပြီးတော့ ဝင်နှောက်ဖို့ ကြိုးစားတာတွေ ရှိခဲ့ပေမဲ့လည်း ကာကွယ်နိုင်ခဲ့တယ်လို့ အမေရိကန် လုံခြုံရေးနဲ့ ထောက်လှမ်းရေးဆိုင်ရာ တာဝန်ရှိသူတွေကပြောပါတယ်။
အာဂျင်တီးနားနိုင်ငံက ကမ္ဘာကျော် ဘောလုံးသမားဟောင်းကြီး Diego Maradona ဟာ ဦးနှောက်သွေးကြောပိတ်နေတဲ့အတွက် မြို့တော် Buenos Aires က ဆေးရုံမှာ ဒေသစံတော်ချိန် အင်္ဂါနေ့မှာ ခွဲစိတ်ကုသမှု ခံယူမယ်လို့ သူ့ရဲ့ ဆရာဝန်တွေက ပြောပါတယ်။
သြစတြေးလျ ရေတပ်ဟာ ဂျပန် အိန္ဒိယ နဲ့ အမေရိကန် စစ်သင်္ဘောတွေ အိန္ဒိယသမုဒ္ဒရာအတွင်း အင်္ဂါနေ့က ပြုလုပ်ကြတဲ့ မဟာဗျူဟာဆုံစည်းမှု အထိမ်းအမှတ် Malabar စုပေါင်း စစ်ရေးလေ့ကျင့်မှု မှာ ပါဝင်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်