ထိုင်းဘုရင်ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုစကား ပြောကြားတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဘွဲ့ယူ ထိုင်းကျောင်းသား တစ်ဝက်ကျော် မတက်ရောက်ဘဲ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကို အမြန်ပြုပြင်ပြောင်းလဲသင့်ကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဆိုင်ရာ ကိုင်တွယ်မှုတွေမှာ ပိုမိုပွင့်လင်းမှုရှိစေဖို့ အီးယူ ဥရောပသမဂ္ဂ အရာရှိတွေက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြို အခင်းအကျင်းနဲ့ ပတ်သက်ပြီး အမေရိကန် အခြေစိုက် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Carter Center က သတင်းထုတ်ပြန်ချက် တစ်စောင်ကို ဒုတိယအကြိမ် ထုတ်ပြန်လိုက် ပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့ချိန်မှာ ရီပတ်ဘလစ်ကင်ပါတီက သမ္မတဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒင်တို့ဟာ သူတို့အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အနောက်အလယ်ပိုင်း ပြည်နယ် ၄ ခုမှာ အပြိုင်မဲဆွယ် နေကြပါတယ်။
အမေရိကန်နိုင်ငံမှာ ကြာသပတေးနေ့က တရက်အတွင်း COVID 19 အကူးစက်ခံရသူ ၉ သောင်းနီးပါး (၈၈,၅၂၁) နဲ့ စံချိန်တင်သွားခဲ့ပြီး သောကြာနေ့မှာတော့ ဒီရောဂါအကူးစက်ခံရသူ ၉ သန်းနီးပါး (၈,၉၈၂,၈၀၄) ရှိနေပြီလို့ Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းမှာ ဖေါ်ပြပါတယ်။
မဟာမဲခေါင် ဒေသခွဲ GMS အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ မြန်မာနိုင်ငံကို အမေ ရိကန် ဒေါ်လာသန်း၅၀၀နီးပါး ချေးငွေ ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်းအာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)က သတင်းထုတ်ပြန်လိုက် ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၀၉၃ ဦး ထပ်တိုးပြီး သေဆုံးသူ အယောက် ၂၀ ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့အချိန်မှာ သမ္မတလောင်း နှစ် ယောက်ဟာ အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းက အကြိတ်အနယ်ဖြစ်နေတဲ့ ပြည်နယ်တွေမှာ မဲဆွယ်စည်းရုံဖို့အတွက် အာရုံစိုက်လုပ်လာနေကြပါတယ်။
ဂျပန်နိုင်ငံမှာ ဇန်နဝါရီလလယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ပထမဆုံး စတွေ့ပြီးတဲ့နောက် အခု ၉ လအကြာမှာ ကူးစက်ခံရသူပေါင်း ၁၀၀,၀၀၀ ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ သေဆုံးသူပေါင်းကတော့ ၁,၇၀၀ ကျော်ရှိပါပြီ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ဒီကနေ့မှာ ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့ပြီးတော့ သူ့ရဲ့ အာရှခရီးစဉ်ကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ ဒီအာရှခရီးစဉ်အတွင်း တရုတ်နိုင်ငံဘက်က လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုကို ကူညီဖို့ ထပ်တလဲလဲတောင်းဆိုသွားခဲ့ပါတယ်။
ဥရောပတိုက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁.၅ သန်းအထိ စံချိန်တက်ခဲ့တာကြောင့် ကမ္ဘာတဝန်းကူးစက်ခံရသူပေါင်း ၄၄ သန်းအနက် ဥရောပတိုက်မှာ ၁၀ သန်း ရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။
Nagorno-Karabakh ဒေသအရေးနဲ့ ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပို့ပေးဖို့ အကူအညီတွေ ပေးနေတယ်လို့ ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ပြင်သစ်နိုင်ငံ Nice မြို့က ခရစ်ယာန်ဘုရားကျောင်းမှာ ကြာသပတေးနေ့က ဓါးသမားတဦးက တိုက်ခိုက်ခဲ့တဲ့ အတွက် လူ ၃ ဦးေ သဆုံးခဲ့ရတဲ့ နောက် ချက်ချင်းဆိုသလိုပဲ ပြင်သစ်အစိုးရက လုံခြုံရေးအခြေနေကို အမြင့်ဆုံး အဆင့် တိုးပြီး ထုတ်ပြန်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံထဲ ရွှေချောင်းမှောင်ခို တင်သွင်းမှုနဲ့ ဆက်စပ်နေတဲ့ မြန်မာ၊နီပေါနဲ့ ဘူတန်နိုင်ငံက လူတွေနဲ့ ပတ်သက်တဲ့ သဲလွန်စ တွေ ကို ရှာဖွေ တွေ့ရှိထားပြီလို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)က ပြောကြောင်း အိန္ဒိယ သတင်းဌာနတွေက ကြာသပတေးနေ့က ပြောပါတယ်။
ပြင်သစ်နိုင်ငံတောင်ပိုင်း Nice မြို့မှာ လူ ၃ ဦးကို သေစေတဲ့ ဓါးသမားဟာ အသက် ၂၁ နှစ် အရွယ် တူနီးရှား နိုင်ငံသား Brahim Aouissaoui ဖြစ်ကြောင်း ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။
ကြာသပတေးနေ့က ရီပတ်ဘလစ်ကင်ပါတီက သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ဂျိုးဘိုင်ဒင်တို့ ၂ ယောက်စလုံးဟာ သူတို့ ၂ ဦး အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိတဲ့ ဖလော်ရီဒါပြည်နယ်မှာ အပြိုင် မဲဆွယ်နေကြပြီး ရှေ့တပတ်အင်္ဂါ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲနေ့မှာ မဲလာထည့်ကြဖို့ ဦးစားပေး ဆော်သြနေကြပါတယ်။
ဗုဒ္ဓဟူးနေ့က ဗီယက်နမ်နိုင်ငံကို အင်အားပြင်းတိုင်ဖုန်းမုန်တိုင် းMolave ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံးလူ ၃၅ ယောက်သေဆုံးပြီး လူ ၅၀ ကျော်ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြထားပါတယ်။ မြေပြိုတာတွေကြောင့်လည်း အနည်းဆုံးလူ ၁.၇ သန်း လျှပ်စစ်မီး ပြတ်တောက်နေတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာပါ။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်လာနေချိန်မှာ ကုလသမဂ္ဂအဖွဲ့ က ဌာနေ ညှိနှိုင်းဆောင်ရွက်ရေးမှူး Ola Almgren ဦးဆောင်တဲ့အဖွဲ့က တဆင့် ကပ်ရောဂါအတွက် လိုအပ်တာတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။
Jakarta မြို့ကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi နဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွးပြီးတဲ့နောက် တောင်တရုတ်ပင်လယ်ဆိုင်ရာ ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၅ဝ,ဝဝဝ ကျော်သွားပြီဆိုတာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်