အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့အချိန်မှာပဲ သမ္မတလောင်း နှစ် ယောက်ဟာ ဒီနေ့မှာတော့ နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ ဖလော်ရီဒါပြည်နယ်မှာ မဲဆွယ်စည်းရုံးရေးတွေကို အဓိက အာရုံစိုက်လုပ်ဖို့ရှိနေကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ တရားမဝင် ကြက်တိုက် လောင်းကစားဝိုင်းတခုကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် ကြက်အတက်မှာ တပ်ထားတဲ့ ဘလိတ်ဓားနဲ့ ထိခိုက်မိတာကြောင့် သေဆုံးသွားခဲ့ရပါတယ်။
Nice မြို့တော်ဝန် Christian Estrosi ကတော့ ဒါဟာ အကြမ်းဖက်ဝါဒစွဲကိုင်တဲ့ တိုက်ခိုက်မှုဖြစ်တယ်လို့ Twitter ကနေ ပြောလိုက်ပြီး ဒီတိုက်ခိုက်မှုဟာ Notre Dame ဘုရားကျောင်းနားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်နေတာကို ထိန်းချုပ်ဖို့ တစ်နိုင်ငံလုံး အသွားအလာ ပိတ်ပင်မှု Lockdown ကို ဒုတိယအကြိမ် ချမှတ်လိုက်ပါတယ်။
ရန်ကုန်မြို့တွင် အသက် ၆၀ အထက် လူကြီးများ မဲပေးကြသည့် မြင်ကွင်းတချို့။
ဟာဝိုင်အီကျွန်းကနေ Marshall Islands အမေရိကန် စစ်အခြေစိုက်စခန်းကို ပြန်လာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦးနဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦးမှာ အခုလို ရောဂါကူးစက်နေတာကိုတွေ့တာပါ။
တရုတ်နိုင်ငံက ဝီဂါမွတ်စလင်တွေအပေါ် ပြုမူဆက်ဆံနေတာတွေကို အင်ဒိုနီးရှားနိုင်ငံသားတွေအနေနဲ့အလေးပေးအာရုံစိုက်သင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ထောက်ခံပြီး၊ မြန်မာစစ်တပ်ကို ဝေဖန်တိုက်ခိုက်မှုတွေရေးသားဖေါ်ပြနေတဲ့ Facebook ကွန်ရက်တခုကို ဖျက်သိမ်းလိုက်ကြောင်းအောက်တိုဘာလ (၂၇)ရက်နေ့က ထုတ်ပြန်တဲ့ Facebook ကုမ္ပဏီရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ နှစ်ပေါင်း (၅၀)ကြာပြီးနောက် မော်လဒိုက်နိုင်ငံမှာ ပထမဆုံးအမေရိကန် သံရုံးကို ဖွင့်လှစ်ဖို့ပြင်ဆင်နေပါပြီ။
ပြင်သစ်နိုင်ငံမှာ COVID-19 ကူးစက်မှုတွေ စိုးရိမ်စဖွယ် မြင့်တက်လာတာကြောင့် အသွားအလာ ပိတ်ပင်မှု အသစ်ကို ချမှတ်ကြောင်း သမ္မတ Emmanuel Macron က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
၂၀၂၁ ခုနှစ်အတွက် အမေရိကန်နိုင်ငံထဲ အခြေချ နေထိုင်နိုင်မယ့် ဒုက္ခသည် အရေအတွက်ကို သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက လျှော့ချ သတ်မှတ်လိုက်ပါတယ်။ ရှေ့နှစ်အတွက် ဒုက္ခသည် ဦးရေ အများဆုံး ၁၅,၀၀၀ လက်ခံဖို့ သတ်မှတ်လိုက်တာပါ။
လာမယ့် အင်္ဂါနေ့မှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးပြီးသူ စုစုပေါင်း ၇၁ သန်းကျော် ရှိသွားပြီဖြစ်လို့ ၂၀၁၆ ခုနှစ်က မဲပေးသူ အရေအတွက်ရဲ့ ထက်ဝက်ကျော်သွားပြီ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က မဲဆန္ဒရှင် ၁၃၈.၈ သန်း မဲပေးခဲ့ကြတာပါ။
နယူးဂျာဆီ၊ နယူးရောက်၊ ကာလီဖိုးနီးယား စတဲ့ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ အမေရိကန်နိုင်ငံသားတဦးအပါအဝင် အမျိုးသားငါးဦးကို ဗုဒ္ဓဟူးနေ့ နံနက်ခင်းအစောပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ FBI အရာရှိတွေက ပြောပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၆ ရက်ပဲ လိုတော့တဲ့အချိန် ဒီကနေ့မှာ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ အရီဇိုးနားပြည်နယ်မှာ မဲဆွယ်ပွဲနှစ်ခု လုပ်ဖို့ စီစဉ်ထားပါတယ်။ အရီဇိုးနားမှာ ကောက်ယူထားတဲ့ လူထုစစ်တမ်းတွေအရ ဒီမိုကရက်သမ္မတလောင်း Joe Biden က သမ္မတထရမ့်ပ်ထက် လူထုထောက်ခံမှု အနည်းငယ် အသာရနေပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက ကိုယ်စားလှယ်တချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက် လူကိုယ်တိုင် ပါဝင်တက်ရောက် ဆွေးနွေးတဲ့ အစည်းအဝေး အားလုံးကို ဖျက်သိမ်းကြောင်း ကုလသမဂ္ဂအဖွဲ့က ကြေညာလိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး "ခက်ခဲပေမဲ့ လိုအပ်တဲ့ ရွေးချယ်မှုတွေ" လုပ်ဆောင်ရမယ်လို့ အမေရိကန်ကပြောခဲ့တဲ့အပေါ် ဒါဟာ သီရိလင်္ကာကို ဗိုလ်ကျအနိုင်ကျင့်တာပဲလို့ တရုတ်က တနင်္လာနေ့မှာ ပြောဆိုကန့်ကွက်ခဲ့ပြီးတဲ့နောက် ဝန်ကြီး Pompeo နဲ့ သီရိလင်္ကာသမ္မတတို့ တွေ့ကြတာပါ။
အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကူးစက်သူ ၄၃,၈၀၀ ကျော်နဲ့ ကူးစက်သူပေါင်း ၈,၀၀၀,၀၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။ မြို့တော် New Delhi မှာလည်း ဒီကနေ့ တရက်ထဲ ကူးစက်တဲ့သူ ၄,၈၅၀ ကျော်နဲ့ တရက်တာကူးစက်မှုနှုန်း အများဆုံးဖြစ်နေတာပါ။
ရွေးကောက်ပွဲမှာ အားလုံးပါဝင်နိုင်ပြီး ပွင့်လင်းမြင်သာ အများလက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်ရေး၊ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်မှုအားလုံးကို အမေရိကန်က အခိုင်အမာ ထောက်ခံကြောင်း အမြဲတမ်း အတွင်းဝန် David Hale က ပြောပါတယ်။
မဲခေါင်မြစ် အထက်ပိုင်းက မြစ်ရေနဲ့ မိုးရေချိန် တိုင်းတာချက်တွေကို တနှစ်ပတ်လုံး မဲခေါင်မြစ် ကော်မရှင်ကို ပေးဖို့ တရုတ်က သဘောတူလိုက်ပါပြီ။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေ ပါတဲ့ မဲခေါင်မြစ် ကော်မရှင်နဲ့ တရုတ်နိုင်ငံတို့ကြား တရားဝင် သဘောတူညီချက်ကို ၂၂ ရက်နေ့ လက်မှတ်ထိုးခဲ့တာပါ။
ဘင်္ဂလားဒေရှ့် နိုင်ငံ မြို့တော် ဒါကာမှာ အင်္ဂါနေ့က လူ ၁၀,၀၀၀ လောက် ချီတက်ပြီး ပြင်သစ် သမ္မတကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်