ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ကရင်တိုင်းရင်းသား ၂၁ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
COVID ကာကွယ်ဆေး ထုတ်လုပ်ဖို့ Pfizer ကုမ္ပဏီကို ကန်အစိုးရက ဒေါ်လာ ၁.၉၅ ဘီလီယံ ထောက်ပံ့ဖို့ရှိပြီး ဂျာမန်ကုမ္ပဏီက ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ဖို့ ရှိပါတယ်။
ဉာဏပစ္စည်းမူပိုင်ခွင့်ကို တရုတ်ဘက်က မကြာခဏ ခိုးယူမှုကြောင့် ဟူစတန်က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့ကြောင်း ဝန်ကြီး Pompeo က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ နောက်ထပ် နှစ်ဦး ထပ်တွေ့တာကြောင့် အခုဆိုရင် စုစုပေါင်း ကူးစက်သူ ၃၄၃ ဦး ရှိသွားပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ၁.၉၅သန်း အကူအညီပေးမယ်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးကပြောပါတယ်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်စ်ပြည်နယ် ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရMorgan Ortagusက ဒီကနေ့ပြောပါတယ်။
တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၂၇ ယောက်ကို ကြိမ်ဒဏ် မပေးတော့ဖို့ အထက်တရားရုံးက အမိန့်ချလိုက်တယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။
ဖက်ဒရယ်အစိုးရရဲ့လုံခြုံရေးတပ်ဖွဲ့တွေချထားတာကို ပြန်ရုပ်သိမ်းဖို့၊ဖက်ဒရယ်အစိုးရသဘောထားတခုထဲနဲ့တပ်ဖွဲ့တွေလွှတ်တာမျိုးထပ်မလုပ်ဖို့မြို့တော်ဝန်တွေကတောင်းဆိုထားပါတယ်။
ထိုင်းနိုင်ငံမှာ COVID-19 ကြောင့် ထုတ်ပြန်ထားတဲ့ အရေးပေါ်ကြေညာချက်ကို သြဂုတ် လကုန်တဲ့အထိ သက်တမ်းတိုးမယ်လို့ ဒီကနေ့ ကြေညာပါတယ်။
အိန္ဒိယသမုဒ္ဒရာအတွင်း တနင်္လာနေ့က ဒုတိယအကြိမ်မြောက် အမေရိကန်နဲ့ အိန္ဒိယ ရေတပ် သင်္ဘောတွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တယ်လို့ နှစ်နိုင်ငံသတင်း ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ရေကာတာတွေ ကျိုးပေါက်တာကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် ပိတ်မိနေပါတယ်။ နိုင်ငံတဝန်းမှာလည်း ရေကြီး ရေလျှံမှုက ပိုပြီး ဆိုးလာနေပါတယ်။
COVID-19 ကြာင့် ပညာရေးဆိုင်ရာအဆောက်အဦးတွေ ပိတ်ပစ်ခဲ့ရတဲ့အတွက် မူကြိုကျောင်းသားပေါင်း အနည်းဆုံး သန်းပေါင်း ၄၀ လောက်ဟာ ပညာသင်ယူ ဖို့ ဆုံရှုံးခဲ့ရပါတယ်။
AA နဲ့ မြန်မာ စစ်တပ်ကြား တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့ ပလက်ဝမြို့နယ် အတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ ဖြည့်စွက် အဟာရ ၁၆၅ တန် ထပ်မံ ပို့ဆောင်နိုင်ခဲ့ပါပြီ။
COVID - 19 ကာကွယ်ဆေး စမ်းသပ်မှုတွေနဲ့ ပတ်သက်လို့ တိုးတက်မှု အလားအလာတွေရှိနေကြောင်း သုတေသနပညာရှင်တွေက ပြောပါတယ်။
ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ အမေရိကန်ဒေါ်လာ ၂.၁ ထရီလီယံနဲ့ ကပ်ရောဂါကြောင့် ထိခိုက်မှုပြန်လည်ကုစားရေး အစီအစဉ်တွေအတွက် အင်္ဂါနေ့အစောပိုင်းမှာပဲ သဘောတူညီမှုရခဲ့ပါတယ်။
ဗီယက်နမ် နိုင်ငံမှာ မြန်မာ သဘောၤသား တဦး COVID-19 ကူးစက်ခံထားရပါတယ်။
ရှားပါးဆင်းတုကို ဖျက်ဆီးလိုက်တဲ့ဖြစ်ရပ်က UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ရှေးဟောင်းအထင်ကရနေရာတခုဖြစ်တဲ့ Takht-i-Bahi အနီးဖြစ်ပါတယ်။
Joshua Wongဟာ စက်တင်ဘာလမှာ ပြုလုပ်မယ့်ဟောင်ကောင်ဥပဒေပြုအဖွဲ့ရွေးကောက်ပွဲမှာကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ်ဝင်ရောက်ယှဉ်ပြိုင်အရွေးခံဖို့လျှောက်ထားလိုက်ပြီဖြစ်ပါတယ်။
Florida မှာ တနင်္ဂနွေနေ့ တရက်ထဲ အတည်ပြုလူနာ ၁၂,၀၀၀ ကျော်ပါတယ်။ ၅ ရက်ဆက်တိုက် အတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိနေတာပါ။
စီးပွားရေး ပြန်လည်နိုးထရေး အစီအစဉ်ကြီးနဲ့ ဒေါ်လာ ၂ ထရီလီယံ ရန်ပုံငွေရရှိရေး ထိပ်သီးခေါင်းဆောင်တွေ တနင်္ဂနွေနေ့က ဘရပ်ဆဲလ်မြို့တော်မှာ ဆွေးနွေးကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်