ပြည်သူတွေ နှာခေါင်းစည်းတပ်ကြဖို့ လိုလားပေမယ့် နိုင်ငံတွင်း မဖြစ်မနေ တပ်ဆင်ရမယ်ဆိုတဲ့ အမိန့်ထုတ်ပြန်ဖို့ မရှိဘူးလို့ သမ္မတ Donal Trump က ပြောကြားခဲ့ပါတယ်။
မန္တလေးတိုင်း အမရပူရမြို့နယ် ရွှေဂဲ ရေထိန်းတံခါး ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေတွေ စီးဆင်းဝင်လာနေတဲ့ အရေးပေါ်အခြေအနေကို စက်ယန္တရားတွေ အသုံးပြု ဆောင်ရွက်ခဲ့ကြပါတယ်။
အိန္ဒိယ အာသံပြည်နယ်နဲ့ အိမ်နီးချင်း နီပေါနိုင်ငံမှာ မုတ်သုံမိုးကြောင့် ဆိုးဆိုးရွားရွား ရေကြီးရေလျှံတဲ့အတွက် လူ ၄ သန်းနီးပါး ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။
တောင်တရုတ်ပင်လယ်တွင်း တရုတ်ရဲ့ ပြုမူဆောင်ရွက်ချက်တွေဟာ တရုတ်ရဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် သတိထားစရာ ဖြစ်နေတယ်လို့ အမေရိကန်သံရုံး ယာယီတာဝန်ခံက ပြောပါတယ်။
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ စနေနေ့ တရက်တည်းတင် ၂၆၀,၀၀၀ လောက် တိုးလာတာကြောင့် နေ့စဉ်ကူးစက်မှုနှုန်း စံချိန်တင်ခဲ့ပါတယ်။
လူတိုင်းအတွက် အခွင့်အလမ်းတွေ တန်းတူညီမျှစွာ ဖန်တီးပေးနိုင်အောင် လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံ ရာနဲ့ချီရှိတဲ့ ထိုင်းလူငယ်တွေ ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ပြီး ထိုင်းအစိုးရ နုတ်ထွက်ပေးဖို့နဲ့ ပါလီမန်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
မနေ့ စနေနေ့က အင်ဒိုနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေ ၈၄,၀၀၀ ကျော်သွားတဲ့အတွက် အရှေ့အာရှဒေသမှာ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ COVID-19 ကူးစက်ခံရသူနဲ့ သေဆုံးရသူ အရေအတွက် အများဆုံးဖြစ်နေပြီး နေ့စဉ်ကူးစက်မှုနှုန်းကလည်း ဆက်ပြီး စံချိန်တင်နေပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး နောက်ထပ် ကူးစက်ခံရသူ ၁ ဦး တွေ့ရှိခဲ့တာကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ အယောက် ၃၄၀ ရှိသွားပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံတဝန်း ပြည်နယ် ၂၄ ခုက ဒေသတွေမှာ ဇူလိုင်လ အစောပိုင်းကစပြီး လူပေါင်း သန်း ၂၀ ကျော် ရေလွှမ်းမိုးမှုဒဏ် ခံစားနေရပါတယ်။
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ အခုဆိုရင် ၁၄ သန်းကျော်သွားပြီ ဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။
ဒုသမ္မတဟောင်း Joe Biden က သမ္မတရွေးကောက်ပွဲကို ရုရှားက နှောင့်ယှက်ဖို့ ဆက်ပြီး ကြိုးစားနေတယ်ဆိုတာ သိထားရတယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။
အမေရိကန်မှာ ထင်ရှားတဲ့ ဒီမိုကရက် လွှတ်တော်အမတ်တဦးဖြစ်တဲ့ John Robert Lewis သောကြာနေ့က ကွယ်လွန်သွားပါပြီ။
အိန္ဒိယနိုင်ငံမှာ နောက်ထပ် ရောဂါပိုးကူးစက်သူ ၃ သောင်းခွဲနီးပါး ထပ်တိုးပြီး အခုဆိုရင် ၁,၀၃၀,၀၀၀ ကျော်သွားပါပြီ။
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ထိခိုက်နေမှုတွေ ပြန်လည်ထူထောင်နိုင်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး အီးယူ ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ တွေ့ဆုံကြပါတယ်။
ရေဘေးဒဏ် ဆိုးဆိုးရွားရွား ခံနေရတဲ့ အာရှနိုင်ငံတွေကို ကုလသမဂ္ဂအဖွဲ့က အကူအညီပေးနေပါတယ်။
ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်ပြီးမြင့်တက်နေချိန်မှာပဲ မလေးရှားနိုင်ငံရဲ့ကမ္ဘာ့ထိပ်တန်းရာဘာလက်အိတ်ကုမ္ပဏီက လက်အိတ်တင်သွင်းတာတွေကို အမေရိကန်အစိုးရကတားမြစ်လိုက်ပါတယ်။
COVID-19 ကပ်ရောဂါကြောင့် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတဲ့ နိုင်ငံပေါင်း ၆၀ ကျော်အတွက် ကုလသမဂ္ဂက ဒေါ်လာ ၁၀.၃ ဘီလီယံ လိုအပ်နေတယ်လို့ ပန်ကြားလိုက်ပါတယ်။
ကပ်ရောဂါကြောင့် နိုင်ငံပေါင်း၂၅ နိုင်ငံထက်မနည်းကလူတွေဟာ အင်မတန်ဆိုးဝါးတဲ့ အငတ်ဘေး ကြုံကြရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့WFPက ဒီနေ့ကြေညာချက်ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်