ကမ္ဘာ့ကပ်ရောဂါတခု ဖြစ်လာတဲ့ ကိုဗစ် ၁၉ ရောဂါစတင်တဲ့ အကြောင်းရင်းတွေ စုံစမ်းရေးအတွက် ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဖို့ အဖွဲ့ဝင် ၂ ဦးပါ ရှေ့ပြေးအဖွဲ့ဟာ သောကြာနေ့မှာ တရုတ်နိုင်ငံကို သွားရောက်နေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။
ဝါရှင်တန်ဒီစီက VOA အမေရိကန်အသံ ရုံးချုပ်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသတင်းထောက် ၇၆ယောက်လောက်အတွက် ပြည်ဝင်ခွင့် ဗီဇာ အခက်အခဲနဲ့ ရင်ဆိုင်ရမယ့် အခြေနေ ရှိနေပါတယ်။
COVID-19 ကပ်ရောဂါကာလမှာ ယာယီပိတ်ထားတဲ့ မြန်မာနဲ့ ထိုင်း ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်နိုင်ရေး ရှေ့သီတင်းထဲ ဆွေးနွေးဖို့ စီစဉ်နေပါတယ်။
ဆွစ်ဇာလန်နိုင်ငံ Nyon မြို့က ဥရောပဘောလုံးအဖွဲ့ချုပ်မှာ ဇူလိုင် ၁၀ သောကြာနေ့က ကွာတားဖိုင်နယ် ပွဲစဉ်တွေကို မဲနှိုက်ခဲ့ကြတာမှာ အက်တလက်တီကိုမက်ဒရစ်နဲ့ Leipzig ၊ PSG နဲ့ အတ္တလန်တာတို့ တွေကြမှာဖြစ်ပြီး မန်စီးတီးနဲ့ ရီးယဲလ်မက်ဒရစ် နိုင်တဲ့သူက ဂျူဗင်တပ် နဲ့ လီယွန် နိုင်တဲ့အသင်းနဲ့ တွေ့မှာဖြစ်ပါတယ်။
အတည်ပြုလူနာသစ် ငါး ယောက်မှာ အိန္ဒိယကို သွားခဲ့သူ အမျိုးသား နှစ် ယောက်နဲ့ အမျိုးသမီး တစ် ယောက်။ ဘင်္ဂလားဒေရှ့်ကို သွားခဲ့သူ အမျိုးသား နှစ် ယောက်ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အခု နောက်ထပ်ပေးလိုက်တဲ့ အကူအညီတွေကိုတော့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) က ပေးတာဖြစ်ပြီး ထိခိုက်ခံစားလွယ်ပြည်သူတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေက လူတွေကြားမှာ ရောဂါကူးစက်မှုတွေမပျံ့နှံ့အောင် ထိန်းချုပ်နိုင်ဖို့ လူသားချင်းစာနာတဲ့ အကူအညီအဖြစ်နဲ့ ပေးတာဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး James McConville ဟာ ထိုင်းဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ ဒီကနေ့တွေ့ဆုံပါတယ်။ COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာခရီးသွားလာမှုတွေ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံးလာရောက်တွေ့ဆုံတဲ့ ပြည်ပက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဖြစ်ပါတယ်။
ကြာသပတေးနေ့ တရက်ထဲ COVID-19 အတည်ပြုလူနာ ၆၄,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်အောင် များခဲ့ပါတယ်။ အတည်ပြုလူနာတွေ များနေတဲ့ Arizona, California, Florida နဲ့ Texas ပြည်နယ်အပါအဝင် နိုင်ငံအနောက်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေက ဆေးရုံတွေရဲ့ ICU အထူးကြပ်မတ် ကုသဆောင်တွေမှာ မနိုင်မနင်းဖြစ်နေကြပါတယ်။
တရုတ်နိုင်ငံက လူနည်းစု ဝိဂါမွတ်ဆလင်တွေအပေါ် အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရှင်ကျန်းဒေသရဲ့ ကွန်မြူနစ်ပါတီအတွင်းရေးမှူး ပေါလစ်ဗြူရိုအဖွဲ့ဝင်တယောက်နဲ့ အရာရှိ သုံး ယောက်ကို အမေရိကန်က ကြာသပတေးနေ့က ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။
အင်ဒိုနီးရှားရေပြင်ကို ဇွန်လ ၂၄ ရက်နေ့က ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉၉ ယောက်နဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရနဲ့ Aceh ဒေသအာဏာပိုင်တွေရဲ့ တုံ့ပြန်ဆောင်ရွက်မှုအတွက် အမေရိကန်ပြည်ထောင်စုက ချီးကြူးဂုဏ်ပြုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူဟာ ၁၂ သန်းကျော် (၁၂ ၁၂၈ ၄၀၆) သွားပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။
ဇူလိုင်လ ၂ ရက်နေ့က ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း မြေပြိုကျလို့ သေဆုံးသွားရသူ ၁၇၂ ဦးဟာ လောဘသားတွေရဲ့ ယစ်ပလ္လင်မှာ ပူဇော် စတေးခံခဲ့ရတာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာ ကျောင်းထိုင်တဲ့ ခရစ်ယာန် ရဟန်းအမတ် Cardinal Charles Bo က ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံအလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်း ဒေသတွေမှာ မိုးသည်းထန်ပြီး ရေကြီး၊ မြေပြိုတာတွေဖြစ်ခဲ့တဲ့ အတွက် ထောင်နဲ့ချီတဲ့ ဒေသခံတွေကို ကယ်ဆယ်ဖို့ စစ်တပ်နဲ့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေ မနေ့က ဆောင်ရွက်နေပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကိုဗစ် ၁၉ ကပ်ရောဂါဆိုင်ရာ တုံ့ပြန်မှုကို အကဲဖြတ်မယ့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း Helen Clark နဲ့ လိုင်ဘေးရီးယားသမ္မတဟောင်း Ellen Johnson Sirleaf တို့ဦးဆောင် ဖို့ WHO က ကြာသပတေးနေ့မှာ အမည်တင်သွင်းလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံက မိုးတွင်းရေလွှမ်းလေ့ရှိတဲ့ Bhashan Char ကျွန်းပေါ်မှာ ပို့ထားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်မယ်လို့ သဘောမတူရင် အဲဒီကနေ ထွက်ခွင့်မပြုဘူးလို့ ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ တယောက်ထပ်တိုးတဲ့အတွက် အခုည ၈ နာရီအထိ စုစုပေါင်း ၃၁၉ ယောက်ရှိသွားပါပြီ။ လူနာသစ်ဟာ ဖိလစ်ပိုင်နိုင်ငံက ပြန်လာသူ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့က အမျိုးသားဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ အဲဒီကျွန်းမှာ ရှိနေတဲ့ ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာဒုက္ခသည်တွေကို Cox’s Bazar မှာရှိတဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ အတူနေနိုင်အောင် ချက်ချင်း ရွှေ့ပေးသင့်တယ်လို့ HRW အဖွဲ့က ပြောလိုက်တာပါ။
အမေရိကန်ပြည်ထောင်စုမှာ ရဲလက်ချက်နဲ့ George Floyd သေဆုံးခဲ့မှုအပေါ် မကျေနပ်တဲ့ ဆန္ဒပြမှုတွေအတွင်း အိမ်ဖြူတော်နားမှာ ဆန္ဒပြသူတွေအပေါ် ကိုင်တွယ်ခဲ့တာအပါအဝင် အငြင်းပွားစရာ ကိစ္စတွေနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌတို့ လွှတ်တော်မှာ ဒီနေ့ ထွက်ဆိုကြရမှာဖြစ်ပါတယ်။
ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါ အတည်ပြုလူနာ ၁၂ သန်းကျော်သွားပါပြီ။ ကပ်ရောဂါအခြေအနေကို မှတ်တမ်းပြုစုနေတဲ့ အမေရိကန်က Johns Hopkins တက္ကသိုလ်ရဲ့စာရင်းအရ အမေရိကန်ပြည်ထောင်စုမှာ အတည်ပြုလူနာ ၃ သန်းကျော်နဲ့ အများဆုံးဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်