အမေရိကန်ပြည်ထောင်စု၊ Mississippi ပြည်နယ်က အစားအစာ စည်သွပ်ဘူးစက်ရုံတွေကို အမေရိကန် ရဲနဲ့လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ ဗုဒ္ဓဟူးနေ့က ဝင်ရှာပြီး တရားဝင်အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းဝင်သူ ၇၀၀ နီးပါးကို ဖမ်းလိုက်ပါတယ်။
Kyrgyzstan သမ္မတဟောင်း Almazbek Atambaev ရဲ့ ခြံဝန်းအတွင်း Kyrgyz အထူးရဲတပ်ဖွဲ့က ဒီကနေ့ အတင်း ဝင်ရောက် စီးနင်းပါတယ်။ သမ္မတဟောင်းကို ထိန်းသိမ်းဖို့ ဗုဒ္ဓဟူးနေ့ညဘက်က ပထမအကြိမ် ကြိုးစားတာမှာ သူ့ကိုထောက်ခံသူတွေနဲ့ ထိပ်တိုက်တွေ့ပြီး မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် ဒီကနေ့ ဝင်စီးတာပါ။
ပါကစ္စတန် နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးကို ပါကစ္စတန် အစိုးရက မောင်းထုတ်လိုက်ပါတယ်။
Myanmar Times သတင်းဌာနရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်းနဲ့ အယ်ဒီတာချုပ်ဟောင်းဖြစ်သူ အသက် ၆၂ နှစ်အရွယ် သြစတြေးလျနိုင်ငံသား Ross Dunkley ကို မူးယစ်ဆေးဝါးမှုနဲ့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ပါတယ်။
ဟောင်ကောင်ကျွန်းမှာ သီတင်းပတ်အတော်ကြာ ဆန္ဒပြပွဲတွေဖြစ်နေပြီးတဲ့နောက် ၁၉၉၇ ခုနှစ်မှာ ဗြိတိသျှ လက်ထဲကနေ လွှဲပြောင်း ရယူခဲ့ချိန်ကတည်းကဆိုရင် အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး နောက်တဆင့် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစား နေတယ်လို့ တရုတ်အစိုးရရုံးအကြီးအကဲက ဒီကနေ့ပြောလိုက်ပါတယ်။
ဘန်ကောက်မြို့တော်က ဈေးတခုထဲမှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကို ထိုင်းအာဏာပိုင်တွေ ဒီကနေ့ တွေ့ရှိ ဖယ်ရှား လိုက်ပါတယ်။ ဒီဗုံးဟာ ပြီးခဲ့တဲ့သီတင်းပတ်က ချိန်ကိုက်စီစဉ်ပြီး ဖောက်ခွဲခဲ့တဲ့ ဗုံးတွေထဲက မပေါက်ဘဲ ကျန်နေခဲ့တဲ့ ဗုံးဖြစ်တယ် လို့ဆိုပါတယ်။ အဲဒီပေါက်ကွဲမှုတွေကြောင့် လူလေးယောက် ဒဏ်ရာရခဲ့တာပါ။
သမ္မတ Donald Trump အစိုးရအဖွဲ့က တရုတ်ဟာ ငွေးကြေးဆိုင်ရာ အမြတ်ထုတ်မှုတွေလုပ်နေသူ လို့ကြေညာပြီး သိသာတဲ့အရေးယူမှုတွေ လုပ်ခဲ့ပြီးတဲ့နောက်မှာ တရုတ်နဲ့ ကုန်သွယ်ရေး စစ်ပွဲကို နောက်ထပ် အရှိန်မြှင့်ဖို့ နည်းလမ်းရှာတော့မှာ မဟုတ်ကြောင်း သမ္မတအိမ်ဖြူတော်က အရိပ်အခြေ ပြသလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လက်ရှိအာဏာရ Bharatiya Janata ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Sushma Swaraj ဟာ အင်္ဂါနေ့က နယူးဒေလီက ဆေးရုံတခုမှာ ကွယ်လွန်သွားပါပြီ။
ဟောင်ကောင်ကျွန်းမှာ ရဲနဲ့ ဆန္ဒပြသူတွေကြား ညဖက်အချိန် အကြမ်းဖက် ထိပ်တိုက်တွေ့ခဲ့ကြတဲ့ အထွေထွေ ဆန္ဒပြပွဲကြီး ပေါ်ပေါက်ခဲ့ အပြီးမှာတော့ မီးနဲ့ ကစားသူတွေ မီးကြောင့် ဘေးသင့်မယ်လို့ တရုတ် အစိုးရ တာဝန်ရှိသူ တဦးက အတိုက်အခံတွေကို အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ဟိန္ဒူအမျိုးသားရေးဝါဒီ အစိုးရအဖွဲ့က နိုင်ငံအစွန်အဖျား ဒေသတွေကို ထိရောက်စွာအုပ်ချုပ်နိုင်ရေး ကြိုးပမ်းတဲ့အနေနဲ့ ကက်ရှ်မီးယားဒေသကို ဆယ်စုနှစ်တွေနဲ့ချီ ပေးအပ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။
ဟောင်ကောင်မှာ နှစ်လကျော်ကြာ ထိပ်တိုက်ရင်ဆိုင် ဆန္ဒပြနေကြတာကြောင့် ဒီလိုအခြေအနေတွေ ဖန်တီးနေတဲ့ ဆန္ဒပြသူတွေကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အင်္ဂါနေ့အစောပိုင်းမှာ ပဲ့ထိန်းတပ်ဒုံးကျည်တွေ ထပ်ပြီး ပစ်လွှတ်စမ်းသပ်ပါတယ်။ ဒီသီတင်းပတ်အတွင်း စတင်တဲ့ ကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ပစ်ခတ် စမ်းသပ်တာဖြစ်ပြီး ဒီအခြေအနေဟာ လမ်းကြောင်းသစ်ဆီ ဦးတည်သွားနိုင်ကြောင်းလည်း သတိပေးပါတယ်။
မြောက်ကိုရီးယားနိုင်ငံက အင်္ဂါနေ့ အစောပိုင်းမှာ ပဲ့ထိန်းတပ် ဒုံးကျည်တွေကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့ပြီး ဒါဟာ အမေရိကန်နဲ့ တောင်ကိုရီးယား တို့ဒီသီတင်းပတ်အတွင်း စတင်မယ့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်တဲ့ လမ်းသစ်တခု ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။
ဟောင်ကောင် အစိုးရ ဟာ ကာလကြာရှည် ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရပြီး ဒီဆန္ဒပြပွဲတွေကလည်း အထွေထွေ သပိတ်ကြီး အဖြစ်ကနေ တနေရာကနေ တနေရာကို အမြန်ပြောင်းရွှေ့ ဆန္ဒပြတဲ့ အနေထားတွေ ဖြစ်လာနေသလို၊ ဆန္ဒပြမှုတွေဟာ ဟောင်ကောင်မြို့လယ်ခေါင်ကနေ တရုတ်ပြည်မကြီးနားက ဒေသလေးတွေအထို ရောက်သွားပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ၁၃ နာရီအတွင်း သေနတ်သမား နှစ်ဦးရဲ့ သီးခြား ပစ်ခတ်မှုတွေကြောင့် လူပေါင်း ၂၉ ဦး သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပြီးနောက် ဒီလူစုလူဝေးအတွင်း ပစ်ခတ်မှုတွေရဲ့ နောက်ကွယ်က အကြောင်းရင်းကို အာဏာပိုင်တို့ ဖော်ထုတ် နေကြရပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က ထုတ်မယ့် မြန်မာ စစ်တပ်ရဲ့ စီးပွားရေး အကျိုးစီးပွားတွေ အကြောင်း အစီရင်ခံစာ အပါအဝင် မြန်မာ့ အရေး အခုနောက်ဆုံး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး တနလာၤနေ့မှာ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။
ပါရှန် ပင်လယ်ကွေ့ အတွင်းကနေ ပြည်ပ ရေနံတင် သဘောၤ တစင်းနဲ့ သဘောၤဝန်ထမ်း ၇ ဦးတို့ကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း အီရန်က ဖမ်းဆီးထားကြောင်း နိုင်ငံပိုင် သတင်းက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက ခမာနီ ကွန်မြူနစ်ပါတီ၊ သဘောတရားရေးရာ အကြီးအကဲဟောင်း Nuon Chea ဟာ တနင်္ဂနွေနေ့က ကွယ်လွန်သွား တယ်လို့ ကမ္ဘောဒီးယားမှာ ကုလသမဂ္ဂအကူညီနဲ့ စစ်ဆေးနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ခုံရုံးကပြောပါတယ်။ သူကွယ်လွန်ချိန်မှာအသက်(၉၃) နှစ်ဖြစ်ပြီး၊ Khmer Soviet Friendship ဆေးရုံမှာ ကွယ်လွန်သွားတာပါ။
ပြင်သစ်နိုင်ငံက တီထွင်ထုတ်လုပ်သူ တစ်ယောက်ဟာ Hoverboard လို့ခေါ် ဂျက်အင်ဂျင်တပ် လေပေါ်ပျံသန်းနိုင်တဲ့ကိရိယာ နဲ့ အင်္ဂလိပ်ရေလက်ကြားကို အောင်မြင်စွာ ဖြတ်ကျော် ပျံသန်းနိုင်ခဲ့ပါတယ်။
လူ ၂၀ ထက်မနည်းသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့တဲ့ Texas ပြည်နယ် El Paso မြို့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒါဟာ အမုန်းတရားကိုအခြေခံတဲ့ ရာဇဝတ်မှု ဟုတ်မဟုတ်ဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်