ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေချိန်မှာပဲ မြေပုံမြို့နယ် ကမ်းထောင်းကြီး မြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပျောက်ဆုံးနေတဲ့ လယ်သမား နှစ်ဦးရဲ့ အလောင်းကို မနေ့က တွေ့ရှိခဲ့တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် ဆင်သေပြင် ရိုဟင်ဂျာကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်နှစ်လုံး မီးလောင်သွားပြီး ကျေးရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က လုံခြုံရေးအရ စစ်ဆေးမေးမြန်းရှိတာကြောင့် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
ကျောက်တော်မြို့ ပိုက်သယ်ရပ်ကွက် ဒုံးချောင်းစုလမ်းပေါ်မှာ ဒီကနေ့မနက်ပိုင်းက တတိယတန်း ကျောင်းသားတစ်ဦးကို သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ ကျောက်တော်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ၅ ခုလောက်မှာ လယ်ဧက တ သိန်းကျော်လောက် စပါးရိတ်သိမ်းဖို့ အခက်ကြုံနေရတယ်လို့ ရခိုင်ပြည်နယ် လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း အင်အားကြီးပါတီဖြစ်တဲ့ ANP ရခိုင်အမျိုးသားပါတီက လွှတ်တော်အမတ်အချို့ ပါတီသစ်ခွဲထောင်တာတွေ ပါတီနုတ်ထွက်စာတင်ထားတာတွေ ရှိနေပေမယ့်လို့ ANP ပါတီကတော့ သူတို့ကို နုတ်ထွက်ခွင့်မပေးသေးပါဘူး။
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် လူ ၃ ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒေသခံမြန်မာစစ်တပ်နဲ့ ဒေသခံတွေကတော့ မပေါက်ကွဲသေးတဲ့ လက်ကျန်ဗုံး ပေါက်ကွဲမှု ဖြစ်နိုင်တယ်လို့ ယူဆနေကြတာပါ။
ရသေ့တောင်မြို့နယ် မယူကမ်းဒေသမှာ ဒီကနေ့မနက်ပိုင်းက မိုင်းပေါက်ကွဲတာကြောင့် ၁၄ နှစ်အရွယ် ကလေးတဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာပဲ မြေပုံမြို့နယ်ဘက်မှာတော့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပါတယ်။
ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ကြားနာစစ်ဆေးတဲ့အခါ လိုအပ်တဲ့ အချက်အလက် အထောက်အထားတွေ ကူညီပေးသွားမှာ ဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့က ပြောဆိုလိုက်ပါတယ်။
မြောက်ဦးမြို့နယ် ကျောင်းတောင်ဘက်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲပြင်းထန်နေပါတယ်။ ရခိုင်မြောက်ပိုင်းဒေသမှာ ဒီရက်ပိုင်းအတွင်း မြန်မာစစ်တပ်က AA လက်နက်ကိုင်အဖွဲ့ကို ထိုးစစ်ဆင်လာတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် အရပ်သား သေဆုံးမှုတွေပါ ရှိနေတာပါ။
မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာအနီးမှာ အစိုးရစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အရပ်သားထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့်၊ တပ်မတော် ဘက်ကတော့ ငြင်းပါတယ်။
ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ် AAနဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေအကြား အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်ဟာ ၉ သောင်းကျော်အထိ ရှိလာပြီလို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းက ပလက်ဝမြို့အနီးမှာ တပ်မတော် သင်္ဘောတွေကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မြောက်ပိုင်းမှာ မနေ့ကတိုက်ပွဲဖြစ်ပွားပြီး တပ်မတော်သား ၁၃ ဦး ဖမ်းမိထားတယ်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
ရသေ့တောင်မှာ အခြေချထားတဲ့ အစိုးရစစ်တပ် တပ်ရင်း ၃ ခုကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က မနေ့က ပစ်ခတ်မှုဟာ သတိပေးပစ်ခတ်မှု ဖြစ်တယ်လို့ AA အဖွဲ့ရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။ အဲဒီနောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး အနီးအနားကျေးရွာက အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်အနီး မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေကြောက်လန့်ပြီး ထွက်ပြေးနေကြပါတယ်။
ရသေ့တောင်မြို့နယ် ရွေလောင်းတင်ကျေးရွာအနီးမှာ မနေ့ညက တပ်မတော် ရေတပ်မော်တော်တွေကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဒုံးကျည်နဲ့ ပစ်ခတ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ AA ဘက်က ပြောပါတယ်။
ရခိုင်လက်နက်ကိုင် AAအဖွဲ့က ဖမ်းဆီးထားတဲ့ စစ်ဖက်လုံခြုံရေးဆိုင်ရာ သုံ့ပန်းတွေကိုလွှတ်ပေးဖို့ စစ်သုံ့ပန့်ချင်းလဲလှယ်တဲ့အစီအစဉ်လုပ်မယ်လို့ AA အဖွဲ့က ကမ်းလှမ်းပါတယ်။
NLD ပါတီကိုယ်စားပြု ပလက်ဝမဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို လူမျိုးရေး၊ ဘာသာရေးနဲ့ နိုင်ငံရေးပါတီဝင် တခုခုကြောင့်မဟုတ်ဘဲ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ရပ်တည်ချက်တွေကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကြောင့် ဖမ်းဆီး ထိန်းသိမ်းထားတာလို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
ရခိုင်လက်နက်ကိုင် AAအ ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ထားစဉ် တစ်ခါမှမကြုံဖူးသေးတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ ခဲ့ရတာကြောင့် အခုအချိန်ထိ ကြောက်လန့်နေတုန်းပဲလို့နိုဝင်ဘာ ၅ ရက်နေ့က ပြန်လွှတ်လာတဲ့ အရပ်သား ၂၅ ဦးထဲက တဦးဖြစ်သူ ကိုရွှေဇံအောင်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်