ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံအဝန်း ကုန်စည်တင်ပို့နေတဲ့ အဝေးပြေး ကားသမားတွေကို ကျန်းမာရေး စစ်ဆေးမှုတွေနဲ့ တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတာကို လျှော့ပေးဖို့ လုပ်ငန်းရှင်တွေ လိုလားနေကြပေမဲ့ ကျန်းမာရေးပညာရှင်တွေကတော့ ရောဂါကူးစက်မှု အန္တရာယ်ကို သတိထားဖို့ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေ အပါအဝင် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားတာ ၈ လလောက် အကြာမှာတော့ ကူးစက်မှုအန္တရာယ် နည်းပါးတဲ့ ဒေသတွေမှာ ကန့်သတ်ချက်တွေကို လျှော့ပေါ့ဖို့ ပြင်ဆင်နေပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ရောဂါပိုးကင်းရှင်းကြောင်း အထောက်အထား စာရွက်စာတမ်းအတု ကိုင်ဆောင်သူ ယာဉ်မောင်းတချို့ကို နေပြည်တော်မှာ တွေ့ရှိခဲ့တာကြောင့် သွားလာဝင်ထွက်မှုတွေ တင်းကြပ်လိုက်တဲ့အကြောင်း တင်ပြပါမယ်။
ကိုဗစ်ကပ်ရောဂါကာလ အခက်အခဲကြုံနေရတဲ့ အသေးစားချေးငွေလုပ်ငန်းတွေကို ၃ နှစ်ကြာ ချေးငွေထုတ်ပေးဖို့ အစိုးရက စီစဉ်နေတဲ့အပေါ် လုပ်ငန်းရှင်တွေ ကြိုဆိုလိုက်တဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ တိုင်းနဲ့ပြည်နယ် တချို့မှာ အခက်အခဲကြုံနေရသူတွေ ပြန်ဆပ်ရမယ့် အသေးစားချေးငွေတွေကို ရှေ့နှစ်ထဲအထိ ဆိုင်းထားဖို့ အစိုးရက ညွှန်ကြားလိုက်ပါတယ်။
ကိုဗစ်ကပ်ရောဂါကာလ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲရုံတာဝန်ယူခဲ့တဲ့ ပညာရေးဝန်ထမ်းတွေထဲက ရောဂါပိုးကူးစက်ခံရသူတွေကို ကျန်းမာရေးစရိတ်အဖြစ် ကူညီထောက်ပံ့ဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။
နိုဝင်ဘာ ၂၂၊ ၂၀၂၀ - ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်ဆန္ဒနယ်မြေမှာ အနိုင်ရရှိခဲ့တဲ့ ဦးစည်သူမောင်ကတော့ ဘာသာရေး၊ လူမျိုးရေး ခွဲခြားဆက်ဆံလိုသူတွေကြား နိုင်ငံရေးအရ ဖြတ်သန်းရတဲ့ စိန်ခေါ်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ် ဦးစည်သူမောင်ကို မအဂ္ဂနွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပထမဆုံး ကိုဗစ်ရောဂါပိုး ကူးစက်သူ အတည်ပြုလူနာတချို့ တွေ့ရှိခဲ့ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ စစ်ရှောင်စခန်းတွေရှိ ဒုက္ခသည်တွေကလည်း စိုးရိမ်းနေကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှုများတဲ့ ရန်ကုန်တိုင်း ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ကြွေးကျန်တွေ ဆိုင်းငံ့ပေးဖို့ ဆောင်ရွက်နေကြောင်း တနင်္လာနေ့ည အွန်လိုင်းမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
မနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲက ကနဦး မဲရလဒ်တွေအရ တိုင်းရင်းသား ဒေသတချို့မှာ လက်ရှိအာဏာရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသာရနေပေမဲ့ တချို့နေရာတွေမှာတော့ ဒေသခံတိုင်းရင်းသားပါတီတွေလည်း နေရာရလာနေတဲ့အကြောင်း ပြောပြပါမယ်။
မြန်မာတနိုင်ငံလုံး ဒီနေ့ နိုဝင်ဘာ ၈ ရက် မဲစတင်ပေးနေတဲ့ တချိန်တည်းမှာပဲ တိုင်းရင်းသားဒေသတချို့မှာ ဆန္ဒမဲပေးရာမှာ အသုံးပြုတဲ့ တံဆိပ်တုံးအတုတွေ စစ်ဆေးဖမ်းဆီးရမိတာတွေ ရှိနေပါတယ်။
လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ အကူအညီပေးခဲ့တဲ့ မဲရုံဝန်ထမ်းတချို့ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ သတင်းကြောင့် ရွေးကောက်ပွဲ လုပ်ငန်းတွေမှာ ရောဂါကူးစက်မှုအန္တရာယ်ကာကွယ်ဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေတဲ့အကြောင်း ပြောပြပါမယ်။
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ အခက်အခဲရှိသူတွေ ကြိုတင်မဲပေးခွင့် စပေးခဲ့တဲ့ နေ့မှာပဲ အငြင်းပွားစရာတွေ ကြုံခဲ့ရတာကြောင့် လူစုလူဝေးနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တဲ့ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ မဲပြန်ပေးခွင့်ရအောင် ကော်မရှင်က ပြင်ဆင်နေတာပါ။
ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နိုင်ကြောင်း ခွင့်ပြုလိုက်ပြီးနောက် ရန်ကုန်တိုင်းအတွင်း စက်ရုံတချို့မှာ ရောဂါကူးစက်မှု သတင်းတွေ ထွက်ပေါ်လာနေတာပါ။
ကပ်ရောဂါကြောင့် အိမ်ပြင်မထွက်ရ အမိန့်ထုတ်ထားပေမဲ့ ကျန်းမာရေးသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပေမဲ့ ရောဂါကူးစက်မှုတွေ မဖြစ်အောင် ပြင်ဆင်ထားဖို့ ကျန်းမာရေး ပညာရှင်တွေ သတိပေးနေကြတာပါ။
ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ပဲခူးမြို့နယ်ကော်မရှင်အဖွဲ့ခွဲက အဖွဲ့ဝင် တဦးလည်းဖြစ်၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းလည်းဖြစ်တဲ့ လူ ၁ ယောက်မှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သူနဲ့ ထိတွေ့ဆက်ဆံခဲ့သူ ၁၈ ဦးထက် မနည်းကိုလည်း အသွားအလာ ကန့်သတ် စစ်ဆေးထားပါတယ်။
လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်ကို ပယ်ဖျက်ထားတဲ့ မဲဆန္ဒနယ်မြေတချို့ကို ပြန်လည် စဉ်းစားသုံးသပ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။
ကပ်ရောဂါကူးစက်မှုတွေ အများဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း ဆေးရုံမှာ ကုသမှုခံယူနေရသူတွေ၊ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ ရှေ့လရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်အောင် ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်နေတာပါ။
မွန်ပြည်နယ် ရေးမြို့နယ်က မော်လမြိုင်-ရေး ကားလမ်းဘေးက အာယုတောင်ကျေးရွာ ခမ်းသင်း တံတားအနီး မွန်ပြည်သစ်ပါတီနဲ့ ဒေသခံပြည်သူ့စစ်အဖွဲ့ မွန်ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေ မနေ့ညနေက အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာက တဦးသေဆုံးသွားခဲ့တာပါ။
ကိုဗစ်ကပ်ရောဂါကူးစက်မှု အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းအတွင်း စက်ရုံ တရုံမှာ ရာဂဏန်းရှိတဲ့ အလုပ်သမားတွေမှာ ရောဂါပိုးရှိနေတာ တွေ့ရတဲ့အကြောင်း သတင်းကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်း ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်