မေ ၁၉၊ ၂၀၂၁ - မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု သက်တမ်း သုံးလ ကျော်လွန်လာခဲ့ပြီ ဖြစ်ပေမယ့် စစ်ကောင်စီဟာ တိုင်းပြည်ကို အပြည့်အဝ ထိန်းသိမ်းနိုင်ခြင်း မရှိသလို၊ အုပ်ချုပ်ရးယန္တရားလဲ ပုံမှန်ဖြစ်ဖို့ အခက်အခဲရှိနေဆဲ ဖြစ်ပါတယ်။
မေ ၁၂၊ ၂၀၂၁ - မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တာရက် ပေါင်း (၁၀၀) ပြည့်လာသည့်တိုင် တိုင်းပြည်ကို မထိန်းသိမ်းနိုင်သေးပါဘူး။ တိုင်းပြည်အခြေအနေလည်း အတော့်ကို ကျဆင်းဆုတ်ယုတ်သွားခဲ့ပါပြီ။ ဒေါက်တာတင့်ဆွေ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေ ၅၊ ၂၀၂၁ - စစ်ကောင်စီကတော့ နှစ်ရှည်အုပ်ချုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ဦးကြီးမြင့် က ပြောပါတယ်၊ အသေးစိတ်ကို တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့် နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဧပြီ ၂၈၊ ၂၀၂၁ - ဒီအခြေအနေမှာ အာဆီယံအပါအဝင် နိုင်ငံတကာက ဘာဆက်လုပ်နိုင်ပါသလဲ။ မြန်မာ့ပဋိပက္ခ ပြေငြိမ်းရေး၊ ဒီမိုကရေစီ အလားအလာတွေ ဘယ်လိုရှိပါသလဲ။ မသိင်္ဂ ီထိုက်က နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ အာဆီယံ ခေါင်းဆောင်တွေ ထုတ်ပြန်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ တကယ်တမ်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ထိရောက်ပါ့မလားဆိုတာ သံသယဖြစ်ဖို့ ကောင်းတယ်လို့ VOA မြန်မာပိုင်း အစီအစဉ်က အယ်ဒီတာဦးကျော်ဇံသာက သုံးသပ်ပါတယ်။
ဧပြီ ၇၊ ၂၀၂၁ - မြန်မာနိုင်ငံမှာ ဖြစ်ပါွးနေတဲ့ ဒီမိုကရေစီရေးလူထုလှုပ်ရှားမှု အစောတလျင် ထွက်ပေါက်ရရှိရေးအတွက် ဘယ်လိုအခြေအနေတွေ လိုအပ်နေပါသလဲ၊ ရေရှည်ဖြစ်သွားနိုင်တဲ့ အလားအလာကော ဘယ်လောက်ရှိနေပါသလဲ ၊ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မတ် ၃၁၊ ၂၀၂၁ - လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ထိပ်တိုက်ရင်ဆိုင်တိုးမှုဟာ ဒီအတိုင်းဆက်သွားနေရင် အလုံးစုံပျက်သုဉ်းခြင်း၊ ဆိုက်နိုင်တယ်လို့ စိုးရိမ်သူတွေ ရှိနေပါတယ်။ နှစ်ဘက်လုံး ခြေကုန်လက်ပမ်းကျမှ စေ့စပ်ကြတော့မှာလား။ တခြားနည်းနဲ့ ပြေလည်နိုင်တဲ့ အလားအလာတွေ ဘယ်လိုရှိပါသလဲ။
မတ် ၂၅၊ ၂၀၂၁ - အခုမြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို လက်နက်အင်အား အသုံးပြုတဲ့နည်းနဲ့ ကျော်လွှားနိုင်မလား ဆိုတာကို ၁၉၉၀ ပြည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်၊ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် တဦးဖြစ်ခဲ့တဲ့ ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မတ် ၁၇၊ ၂၀၂၁ - ဒီလို သွေးထွတ်သံယို နိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှု အကျပ်အတည်းကနေ အပြုသဘောဆောင်တဲ့ အခွင့်အလမ်း တစုံတရာ ပေါ်ထွက်လာနိုင်ပါသလား၊ ပေါ်ထွက်လာမယ်ဆိုရင် ဘယ်လို အခွင့်အလမ်းမျိုးလဲ ဆိုတာကို မသိင်္ဂီထိုက်က မေးမြန်းပြီး ဦးကျော်ဇံသာက ဖြေဆိုထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ ဆန့်ကျင် တော်လှန်မှုတွေက အခု နောက်ပိုင်းမှာ ပိုပြီး အရှိန်ရ ပြင်းထန်လာပါတယ်။ လူထုအုံကြွမှု ဆန့်ကျင် တော်လှန်မှုတွေကနေ ဘယ်လို အခွင့်အလမ်းတွေ ပေါ်ပေါက်လာနိုင်ပါသလဲ- ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို မသိင်္ဂ ီထိုက် မေးမြန်းထားပါတယ်။
မတ် ၁၀၊ ၂၀၂၁ - ဖွဲ့စည်းပုံ အကျပ်အတည်းဟာ ဘယ်လို ပြီးပြတ်သွားနိုင်သလဲ။ လောလောဆယ် အရှိန်မြင့်လာနေတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုအပေါ်မှာကော ရိုက်ခတ်နိုင်ပါသလား။ တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့် နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မတ် ၃၊ ၂၀၂၁ - တိုင်းရင်းသားဒေသတွေမှာ သိပ်မတွေ့ရသလို၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတချို့လည်း နှုတ်ဆိတ်နေကြပါတယ်။ ဘာကြောင့်ပါလဲ။ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ASEAN နိုင်ငံခြားရေးဝန်ကြီးအထူးစည်းဝေးပွဲ အင်္ဂါနေ့က ပြီးသွားခဲ့ပြီးတဲ့နောက်မှာ ဒီအစည်းအဝေးကနေ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်တစုံတရာ ရှိနိုင်ပါသလား။
ဖေဖေါ်ဝါရီ ၂၄၊ ၂၀၂၁ - လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ထိပ်တိုက်တိုးမှု အကျပ်အတည်း ပြေလည်မှုတစုံတရာ ရရှိအောင် နိုင်ငံတကာက ကြားဝင်စေ့စပ်လာနိုင်ပါသလား၊ ဘယ်နိုင်ငံဘယ် အဖွဲ့အစည်းက လုပ်ဆောင်နိုင်ဖွယ် ရှိပါသလဲ။
ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၁ - ဒီအကျပ်အတည်းကို ကျော်လွှာနိုင်မယ့် ထွက်ပေါက်ကော တစုံတရာ တွေ့လာနိုင်သလားဆိုတာကို အခုတပတ် မြန်မာ့အရေးသုံးသပ်ချက်မှာ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
"စစ်တပ်အနေနဲ့ အာဏာကိုစွန့်လွတ်ရမယ်။ နိုဝင်ဘာ (၈) ရက်နေ့ ရွေးကောက်ပွဲမှာ ဖော်ပြခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားရမယ်။..အမေရိကန်ပြည်ထောင်စုမှာရှိနေတဲ့ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိသော မြန်မာအစိုးရရဲ့ ငွေအရင်းအမြစ်တွေကို မြန်မာစစ်တပ်အနေနဲ့ မတော်မတရား ရယူမှု ပိတ်ပင်ဖို့ လုပ်ဆောင်သွားပါ့မယ်။"
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၂၁ - မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းလည်းဖြစ်၊ အမေရိကန် NDI (National Democratic Institute) ခေါ် ဒီမိုကရေစီဗိမာန်ရဲ့ အကြီးအကဲလည်းဖြစ်တဲ့ Derek Mitchell နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့ပြီး ဖြေရှင်းမပေးလို့ အာဏာသိမ်းယူခဲ့တယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အကြောင်းပြချက်ဟာ ယုတ္တိမရှိ တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell က VOA ကို ပြောပါတယ်။ Derek Mitchell ကို ဦးကျော်ဇံသာ ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း လည်းဖြစ်၊ အမေရိကန်ပြည်ထောင်စု NDI ခေါ် အမျိုးသား ဒီမိုကရေစီ ဗိမာန်ရဲ့ အကြီးအကဲလည်း ဖြစ်တဲ့ Derek Mitchell ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းထားပါတယ်။
တရုတ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပထမဦးဆုံးမြန်မာနဲ့ပတ်သက်ပြီးကြေညာချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလွှတ်ပေးဖို့တောင်းဆိုတဲ့ ကိစ္စမှာ တရုတ်က ပါဝင်ထောက်ခံပါတယ်။
နောက်ထပ်ကြည့်ရှုရန်