ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဂါဇာ အပစ်ရပ်ရေး အဆိုပြုချက်ကို အမေရိကန် ပြည်ထောင်စုက ဗီတိုအာဏာနဲ့ ပယ်ချလိုက်ပါတယ်။ ဓားစာခံတွေ လွှတ်ပေးရေးနဲ့ ဂါဇာမှာ အမြဲတမ်း အပစ်ရပ်ရေးကို တောင်းဆိုလိုက်ပြီး အဆိုပြု ဆုံးဖြတ်ချက်ဟာ ဟာမတ်စ်ကို သတင်းအမှားပေးရာ ရောက်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ လက်ဘနွန်ရှိ ဟက်ဇ်ဘိုလာအဖွဲ့အပေါ် အစ္စရေးက လွတ်လပ်စွာ တိုက်ခိုက်ခွင့်ပါရမယ်လို့ အစ္စရေးက တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ ဘယ်အပစ်ရပ် သဘောတူညီချက်ကိုမဆို လက်မခံနိုင်ဘူး လို့ ဟက်ဇ်ဘိုလာ အကြီးအကဲ က ဗုဒ္ဓဟူးနေ့မှာပဲ ပြောလိုက်ပါတယ်။
ရုရှားနဲ့ယူကရိန်းကြား ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ ဒရုန်းတွေနဲ့နေရာအတော်များများကို အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းတပ်တွေအတွက် မိုင်းလက်နက်တွေ မကြာခင်ထောက်ပံ့မယ့်အကြောင်း အမေရိကန်က အတည်ပြုခဲ့တာပါ။
လာအိုနိုင်ငံ Vientiane မြို့မှာ ကျင်းပနေတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin တက်ရောက်ပြီး အလွတ်သဘော ပါဝင်ဆွေးနွေးပါတယ်။ အမေရိကန
အငြင်းပွားမှု တိုးလာတဲ့ ရေပြင်ပိုက်နက် အတွင်းမှာ ဖိလစ်ပိုင် တပ်ဖွဲ့တွေ အပေါ် လက်နက်ကိုင် တိုက်ခိုက်လာခဲ့ရင် အမေရိကန်က မဟာမိတ် ဖိလစ်ပိုင်ကို ကာကွယ်မယ်ဆိုတာကိုလည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ထပ်လောင်း သတိပေးပါတယ်။
ရုရှား နိုင်ငံ Bryansk ဒေသတွင်းကို အာရုံဦး တိုက်ခိုက်မှု အတွင်း လက်နက် သိုလှောင်ရုံတွေကို ထိမှန်ခဲ့ကြောင်း ယူကရိန်းက အင်္ဂါနေ့မှာ ပြောပါတယ်။ အမေရိကန်ရဲ့ တာဝေးပစ် ပဲ့ထိန်းတပ် ဒုံးကျည်တွေ ချထားမှု နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် နှစ်ဘက်စလုံးက တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြောဆိုလာတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်က လူမျိုးရေးတင်းမာမှုတွေနဲ့ မငြိမ်မသက်ဖြစ်နေတာထိန်းဖို့ စစ်တပ်က အရံတပ်ဖွဲ့ ၅,၀၀၀ စေလွှတ်မယ့်အကြောင်း အိန္ဒိယစစ်တပ်ကပြောပါတယ်။
ဟောင်ကောင်ကျွန်းမှာ တရုတ်အစိုးရ ပြဌာန်းထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအရအကြီးဆုံးအမှုဖြစ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ၄၅ ယောက်ကို နိုင်ငံတော်ကိုနှောင့်ယှက်ဖျက်ဆီးမှုနဲ့ ဟောင်ကောင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
တရုတ်နိုင်ငံမှာထိန်းသိမ်းခံထားရတယ်လို့ မကြာသေးခင်က သတင်းတွေထွက်ပေါ်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင် ဖုန်တာရွှင်ဟာ ကူမင်းမြို့မှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး အခု နာလန်ထူလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
တက်ရောက်နေကြတဲ့ အဖွဲ့အားလုံး ဘုံအခြေခံတူညီချက်နဲ့ နီးလာအောင် ရှေ့ကိုလှမ်းနိုင်မှ သဘောတူညီချက် ရရှိနိုင်ပါမယ် လို့ ကုလသမဂ္ဂ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ အလုပ်အမှုဆောင် အတွင်းရေးမှူး Simon Stiell က ပြောပါတယ်။
“ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (IDA) ကို လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ ၄ ဘီလီယံ ထည့်ဝင်ဖို့ အမေရိကန် ပြည်ထောင်စုက ကတိကဝတ်ပြုကြောင်း ဂုဏ်ယူစွာနဲ့ ကျွန်တော် အခု ကြေညာလိုက်ပါတယ်။” လို့ သမ္မတ ဘိုင်ဒန်က G 20 ခေါ် စီးပွါး အင်အားကြီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီး အစည်းအဝေးမှာ ပြောသွားခဲ့တာပါ။
လေထုညစ်ညမ်းမှု အဆိုးရွားဆုံး အဆင့်နဲ့ ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမြို့တော် New Delhi မှာ ဒီကနေ့ စာသင်ကျောင်းတွေပိတ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားသလို မြို့တွင်း မလိုအပ်ပဲ ထရပ်ကားတွေနဲ့ ဒီဇယ်အသုံးပြုယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်