ဘေရွတ်မြို့တော်မြောက်ပိုင်း ကျေးရွာတခုမှာ ဒီကနေ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက် အပါအဝင် လူ ၂၀ သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို ပစ်မှတ်ထားပြီး ယူကရိန်းက ဒရုန်း ၃၄ ခုထက်မနည်းသုံးပြီး ဒီကနေ့ပဲ တိုက်ခိုက်ခဲ့ပါတယ်။ ရုရှားက ၂၀၂၂ ခုနှစ်မှာ စတင်ကျုးကျော်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း၊ အရေအတွက် အများဆုံးအဖြစ် တိုက်ခိုက်မှု ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) အကြီးအကဲဟာ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် အီရန်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး၊ နောက်နေ့မှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ အီရန်နိုင်ငံပိုင်သတင်းက ဒီကနေ့ပဲ ဖော်ပြလိုက်ပါတယ်။
အီရန်အပေါ် အကြီးမားဆုံး ဖိအားပေးနေတဲ့ မူဝါဒကို ပြောင်းလဲပေးဖို့ အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို အီရန်က တိုက်တွန်းလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန် အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ဆီက အဆိုပြုချက်ကို ရုရှားအစိုးရက နားထောင်ကြည့်မှာ ဖြစ်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ပြောပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို ဗုဒ္ဓဟူးနေ့မှာ အိမ်ဖြူတော်မှာ တွေ့ဆုံမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူက စနေနေ့မှာ ပြောပါတယ်။
နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင် တံဆိပ်တုံးအတုအပတွေ လုပ်တာကို စီစစ်တွေ့ရှိရတဲ့အတွက်ဆိုပြီး တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့က စစ်ကောင်စီရဲ့ မြန်မာသံရုံးကနေ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းတာမျိုး၊ အမည်မည်းစာရင်း သွင်းတာမျိုးလုပ်သွားမယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကင်ပါတီက အပြတ်အသတ် အနိုင်ရခဲ့တဲ့နောက် စနစ်တကျ အာဏာလွှဲပြောင်း ပေးမယ်လို့ ကတိပြုထားတဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတဂျိုးဘိုင်ဒန်ဟာ အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို ဗုဒ္ဓဟူးနေ့မှာ အိမ်ဖြူတော်မှာ တွေ့ဆုံမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူက စနေနေ့မှာ ပြောပါတယ်။
ကမ္ဘာပေါ်မှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တွေ ခြိမ်းခြောက်ခံနေရချိန်မှာ လွတ်လပ်မှုရဲ့ ပြယုဂ်တခု ဖြစ်ခဲ့တဲ့ ဘာလင်တံတိုင်းကြီးကို ဖြိုဖျက်နိုင်ခဲ့မှု နှစ်ပတ်လည် အခမ်းအနားတွေကို ဂျာမနီမှာ ဒီနေ့ စနေနေ့မှာ ကျင်းပနေကြပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိတဲ့ ဘလူချီစတန်ပြည်နယ်ထဲက လူစည်ကားတဲ့ မီးရထားဘူတာရုံတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ၅၀ ကျော်လည်း ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်