ရိုဟင်ဂျာအရေးပြေလည်စေဖို့ ဘင်္ဂလားဒေ့ရှ်နဲ့အတူ နိုင်ငံတကာအဆင့်မှာ ပူးပေါင်း ဆောင်ရွက်သွား မယ်လို့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ တူရကီသံအမတ်ကြီးက မနေ့ နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ထွေထွေအတွင်းရေးမှူး Mirza Fakhrul Islam Alamgir နဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။
ယူကေနိုင်ငံက ဇိမ်ခံသင်္ဘောတွေဆောက်လုပ်တဲ့ နာမည်ကြီးကုမ္ပဏီတခုကို တင်သွင်းခွင့်တားမြစ် ထားတဲ့ မြန်နိုင်ငံကကျွန်းသစ်တွေ ဝယ်ယူအသုံးပြုမှုနဲ့ ပေါင်ငွေ ၃ သိန်းခွဲကျော် ဒဏ်ကြေးနဲ့ သိမ်းဆည်းမှုတွေလုပ်ဖို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေအဆုံးသတ်ပြီး ငြိမ်းချမ်းရေးအတွက် သက်ဆိုင်သူအားလုံး ဆွေးနွေးဖြေရှင်းကြဖို့ ၊ ရေရှည်တည်မြဲမယ့် ငြိမ်းချမ်းရေးရဖို့ ရိုးရိုးသားသားနဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ကြဖို့ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းလိုက်ပါတယ်။
ထိုင်ဝမ်မှာ ကျင်းပတဲ့ ၂၀၂၄ ရွှေမြင်းဆုပေးပွဲမှာတော့ တရုတ်နိုင်ငံမှာ ကိုဗစ်ကပ်ဘေးအကြောင်း ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားနဲ့ လိင်တူချစ်သူတွေအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေက အဓိက ဆုကြီးတွေ ဆွတ်ခူးသွားပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှား မိုင်းလက်နက် ထုတ်လုပ်အသုံးပြုမှုတွေရပ်တန့်ဖို့ ပုပ်ရဟန်း မင်းကြီးနဲ့ ကုလသမဂ္ဂအကြီးအကဲတို့က ဒီကနေ့ပဲ တိုက်တွန်းလိုက်ကြပါတယ်။
ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲတွေမှာအဆုံးအဖြတ်ပေးမယ့် အဆင့်ကိုရောက်လာနေပြီး အမေရိကန်မှာ အစိုးရအပြောင်းအလဲမဖြစ်ခင် သံတမန်ရေးအရဖြေရှင်းဖို့ ဖိအားတွေ တိုးလာနေချိန်မှာပဲ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G-7 နိုင်ငံခြားရေးဝန်ကြီးတွေ အီတလီနိုင်ငံမှာ ဒီကနေ့ တွေ့ဆုံကြပါတယ်။
မြန်မာနိင်ငံနယ်စပ် မြဝတီခရိုင်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကနေ ထိုင်းနိုင်ငံကို ထွက်ပြေး လွတ်မြောက်လာကြတဲ့ နိုင်ငံခြားသား ၃၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ကေပေါ့ဂီတဆုပေးပွဲ ၂၀၂၄ ခုနှစ် MAMA ဂီတဆုပေးပွဲကို အိုဆာကာမြို့က ကျိုဆဲရာဒုံးမှာ နိုဝင်ဘာ ၂၃ ရက်နေ့ စနေနေ့က အပြီးသတ်ကျင်းပခဲ့ပါတယ်။
ကုလသမဂ္ဂအနုမြူ အေဂျင်စီ (IAEA) က အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီးသိပ်မကြာခင်မှာပဲ အီရန်က သူ့ရဲ့ အငြင်းပွားစရာ နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဥရောပက အင်အားကြီးနိုင်ငံ ၃ နိုင်ငံနဲ့ လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေးမယ်လို့ အီရန်က တနင်္ဂနွေနေ့မှာပြောပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု၊ UAE မှာ အစ္စရေးနိုင်ငံသားတဦး သတ်ဖြတ်မှု စွဲချက်နဲ့ ပတ်သက်သူ ၃ ဦး ကို ဖမ်းဆီးလိုက်တယ်လို့ UAE ပြည်ထဲရေးက တနင်္ဂနွေနေ့မှာပြောပါတယ်။
ရုရှား ယူကရိန်းစစ်ပွဲမှာ လက်နက်မျိုးစုံ တိုးမြင့်အသုံးပြုလာတဲ့အပေါ် ရွေးကောက်ခံသမ္မတ Donald Trump ကအလွန်စိုးရိမ်ကြောင်း Trump က အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ရွေးချယ်ထားတဲ့ Michael Waltz က ပြောပါတယ်။
ကုလသမဂ္ဂအနုမြူ အေဂျင်စီ (IAEA) က အီရန်နိုင်ငံနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အီရန်က သူ့ရဲ့ အငြင်းပွားစရာ နျူးကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး ဥရောပက အင်အားကြီးနိုင်ငံ ၃ နိုင်ငံနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဆွေးနွေးဖို့ စီစဉ်နေ
နောက်ထပ်ကြည့်ရှုရန်