အာဆီယံရဲ့ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒအပါအဝင် တခြားသဘောတူညီချက်တွေကြောင့် ဖြစ်နေရတဲ့ အခြေအနေ အကျိုးဆက်တွေနဲ့ အာဆီယံရဲ့ ရပ်တည်မှုကို ထုတ်ဖေါ်ထင်ဟပ်ပြသထားတဲ့ အကြောင်းအရာကို အဓိကထား ရေးဆွဲထားကြတဲ့ ကာတွန်းနဲ့ ရုပ်ပြပြိုင်ပွဲနဲ့ ပြပွဲကို ထိုင်းနိုင်ငံ ဘန် ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
စစ်သုံ့ပန်းလဲလှယ်မယ့် အစီအစဉ်ကို ယူကရိန်းက ဖျက်လိုဖျက်ဆီး လုပ်ခဲ့တယ်လို့ ရုရှားက စွပ်စွဲလိုက်ပြီးနောက် လဲလှယ်ဖို့ အသင့်ဖြစ်နေတဲ့ ယူကရိန်းအကျဉ်းသား စာရင်းကိုပေးဖို့ ယူကရိန်းက ဒီနေ့ပဲ ရုရှားကို တောင်းဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ အီရန်ခေါင်းဆောင်ကြီးက ကတိပြုထားချိန်မှာပဲ စနေနေ့က အစ္စရေး အလယ်ပိုင်းဒေသ အတိုက်ခိုက်ခံခဲ့ရပြီး Tira မြို့ကလေးမှာတော့ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
အစ္စရေးရေတပ်က လယ်ဘနွန်မြောက်ပိုင်းမှာ ဟက်ဇ်ဘိုလာ (Hezbollah) အကြီးတန်း စစ်ရေးတာဝန်ရှိသူ တဦးကို ဖမ်းမိခဲ့တယ်လို့ အစ္စရေး စစ်တပ်က စနေနေ့မှာ ပြောပါတယ်။
ရုရှားကိုရောက်နေတဲ့ မြောက်ကိုရီးယားတပ်သားတွေကို စောင့်ကြည့်မနေပဲ ယူကရိန်း စစ်မြေပြင်ကို ရောက်မလာခင် အရေးယူဆောင်ရွက်ကြဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က မဟာမိတ်တွေကို တိုက်တွန်းလိုက်ပါတယ်။
စစ်ပွဲတွေ ဖြစ်ပွားနေတာဟာ သတင်းသမားတွေကို သတ်ဖြတ်သူတွေ တာဝန်ခံ တာဝန်ယူမှု ရှိအောင် လုပ်ဖို့ ခက်ခဲစေ ကြောင်းနဲ့ အထူးသဖြင့် မြန်မာ၊ ယူကရိန်းနဲ့ အစ္စရေး မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက သတင်းထောက်တွေကို အကြီးအကျယ် ထိခိုက်မှု ရှိစေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
မြောက်ကိုရီးယား တပ်သားတွေကို ဘယ်မှာ လေ့ကျင့်ပေးနေတယ်ဆိုတာကို ယူကရိန်းက သိထားတာဖြစ်ပြီး သူတို့ကို ယူကရိန်းက ဝင်တိုက်နိုင်ပေမယ့် ရုရှားပိုင်နက်အတွင်းပိုင်းက ပစ်မှတ်တွေအတွက် မဟာမိတ်တွေက ယူကရိန်းကို သူတို့ရဲ့ တာဝေးပစ်လက်နက်တွေသုံးခွင့် ပေးမထားတာကြောင့် ယူကရိန်းက မတိုက်ခိုက်နိုင်ကြောင်းလည်း ပြောပါတယ်။
အစ္စရေးနိုင်ငံ အလယ်ပိုင်းမြို့တမြို့အပေါ် ဒီနေ့ စနေနေ့ မနက်အစောပိုင်းက လက်ဘနွန်ဘက်ကနေ တရစပ်တိုက်ခိုက်မှုအတွင်း ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ မနက်လင်းအားကြီးအချိန်မှာ Tira မြို့ တိုက်ခိုက်ခံရတာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa နဲ့ နှစ်နိုင်ငံကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က X လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။
စပိန်နိုင်ငံမှာ လူပေါင်း ၂၁၀ ထက်မနည်း သေဆုံးတဲ့အထိ သမိုင်းဝင် ရေကြီးခဲ့တဲ့ Valencia ဒေသကို တပ်ဖွဲ့ဝင် ၁ သောင်းကျော် စေလွှတ်မယ်လို့ ဝန်ကြီးချုပ်က ဒီနေ့ ကြေညာပါတယ်။
နောက်ထပ်ကြည့်ရှုရန်