အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်က လူမျိုးရေးတင်းမာမှုတွေနဲ့ မငြိမ်မသက်ဖြစ်နေတာထိန်းဖို့ စစ်တပ်က အရံတပ်ဖွဲ့ ၅,၀၀၀ စေလွှတ်မယ့်အကြောင်း အိန္ဒိယစစ်တပ်ကပြောပါတယ်။
ဟောင်ကောင်ကျွန်းမှာ တရုတ်အစိုးရ ပြဌာန်းထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအရအကြီးဆုံးအမှုဖြစ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ ၄၅ ယောက်ကို နိုင်ငံတော်ကိုနှောင့်ယှက်ဖျက်ဆီးမှုနဲ့ ဟောင်ကောင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
တရုတ်နိုင်ငံမှာထိန်းသိမ်းခံထားရတယ်လို့ မကြာသေးခင်က သတင်းတွေထွက်ပေါ်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင် ဖုန်တာရွှင်ဟာ ကူမင်းမြို့မှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး အခု နာလန်ထူလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
တက်ရောက်နေကြတဲ့ အဖွဲ့အားလုံး ဘုံအခြေခံတူညီချက်နဲ့ နီးလာအောင် ရှေ့ကိုလှမ်းနိုင်မှ သဘောတူညီချက် ရရှိနိုင်ပါမယ် လို့ ကုလသမဂ္ဂ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ အလုပ်အမှုဆောင် အတွင်းရေးမှူး Simon Stiell က ပြောပါတယ်။
“ကမ္ဘာ့ဘဏ်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (IDA) ကို လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ ၄ ဘီလီယံ ထည့်ဝင်ဖို့ အမေရိကန် ပြည်ထောင်စုက ကတိကဝတ်ပြုကြောင်း ဂုဏ်ယူစွာနဲ့ ကျွန်တော် အခု ကြေညာလိုက်ပါတယ်။” လို့ သမ္မတ ဘိုင်ဒန်က G 20 ခေါ် စီးပွါး အင်အားကြီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီး အစည်းအဝေးမှာ ပြောသွားခဲ့တာပါ။
လေထုညစ်ညမ်းမှု အဆိုးရွားဆုံး အဆင့်နဲ့ ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံမြို့တော် New Delhi မှာ ဒီကနေ့ စာသင်ကျောင်းတွေပိတ်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားသလို မြို့တွင်း မလိုအပ်ပဲ ထရပ်ကားတွေနဲ့ ဒီဇယ်အသုံးပြုယာဉ်တွေ ဝင်ရောက်ခွင့်ပိတ်ထားပါတယ်။
ဖိလစ်ပိုင်နဲ့ အမေရိကန်ကြား စစ်ထောက်လှမ်းရေးဆိုင်ရာသတင်းဖလှယ်ရေး သဘောတူညီချက်တရပ်ကို ဒီကနေ့လက်မှတ်ရေးထိုး လိုက်ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်ဟာ အမေဇုံ အမြဲစိမ်းသစ်တောကြီးထဲကို ခြေချခဲ့တဲ့ ပထမဆုံးအမေရိကန်သမ္မတတဦး ဖြစ်လာပါတယ်။
အမေရိကန်တို့ ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးလက်နက်တွေနဲ့ ရုရှားနိုင်ငံတွင်း ပစ်ခတ်တိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို ပထမဆုံး ခွင့်ပြုလိုက်တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အေပီသတင်းဌာနကို ပြောပါတယ်။
အိန္ဒိယမှာ ခိုလှုံနေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို အိန္ဒိယဆီက ပြန်လည်လွှဲယူအရေးယူနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရခေါင်းဆောင် မိုဟာမက်ယူနွတ်က တနင်္ဂနွေနေ့မှာပြောပါတယ်။
ဩစတြေးလျ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံ ၃ နိုင်ငံ စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားဖို့ ဒီနေ့ တနင်္ဂနွေနေ့မှာ သဘောတူလိုက်ကြပါတယ်။
ယူကရိန်းနိုင်ငံက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ရုရှားက မစ်ဇိုင်းဒုံး ၁၂၀၊ ဒရုန်း ၉၀ နဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်