၂၀၂၄ ခုနှစ်ဟာ မှတ်တမ်းစတင်ပြုစုတဲ့ ၁၉၉၇ ခုနှစ်ကစလို့ ကူညီ ကယ်ဆယ်ရေးဝန်ထမ်းတွေ သေဆုံးမှု အများဆုံးနှစ်ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးရုံးက ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး အများစုဟာ ဂါဇာပဋိပက္ခမှာ သေဆုံးကြတာလို့ ဆိုပါတယ်။
မြန်မာမြောက်ပိုင်းအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်း အားလုံးကို ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း၊ မနှစ်ကစလို့ တရုတ်-မြန်မာရဲတပ်ဖွဲ့တွေလက်တွဲပြီး မသင်္ကာသူ တရုတ်နိုင်ငံသား (၅၃,၀၀၀) ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အများပြည်သူ လုံခြုံရေးဝန်ကြီးဌာနကိုကိုးကားပြီး ရှင်ဟွာသတင်းမှာဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ သောင်ရင်းမြစ်အနီး ထဆိုင်လုဝပ် ကျေးရွာနားမှာ နိုဝင်ဘာ ၂၁ ရက်က စိတ်ကြွဆေးပြား ၉ သောင်းနီးပါးနဲ့ ICE မူးယစ်ဆေး ၁ ကီလိုဂရမ် သယ်ဆောင်လာတဲ့ မြန်မာ အမျိုးသမီးတဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပါအဝင် လူနည်းစုတွေအရေးကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရှေ့နှစ် ၂၀၂၅ ခုနှစ်ကျရင် အဆင့်မြင့်ဆွေးနွေးပွဲတခုလုပ်ဖို့ ကုလသမဂ္ဂ တတိတယကော်မတီက ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း အာဖဂန်နစ္စတန် နယ်စပ်က Kurram ဒေသမှာ အကြမ်းဖက်သမားတွေက ခရီးသည်ယာဉ် အများအပြားကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် လူပေါင်း ၄၅ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ပါကစ္စတန် အာဏာပိုင် တွေက ပြောပါတယ်။
အမေရိကန်နဲ့ ဗြိတိန်က သူတို့ရဲ့ တာဝေးပစ် မစ်ဇိုင်းဒုံးတွေကို ရုရှားပိုင်နက် အတွင်းပိုင်းအထိ ယူကရိန်းပစ်ခတ်ဖို့ ပေးပို့တာကို တုန့်ပြန်တဲ့ အနေနဲ့ ရုရှားက သူ့ရဲ့ တာလတ်ပစ် မစ်ဇိုင်းဒုံး အသစ်နဲ့ ယူကရိန်းရဲ့ Dnipro မြို့ကို ပစ်မှတ်ထားပစ်ခတ်ခဲ့ကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောကြားလိုက်ပါတယ်။
အမေရိကန် ကိုယ်စားလှယ် Amos Hochstein ဟာ လက်ဘနွန် အခြေစိုက် ဟက်ဇ်ဘိုလာတွေနဲ့ အစ္စရေးတို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် တိုက်တွန်းဖို့ ကြာသပတေးနေ့မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တွေ့ဆုံဖို့ရှိပါတယ်။
၂၀၂၃ အောက်တိုဘာ ၈ ရက်ကနေ ၂၀၂၄ မေလ ၂၀ ရက်အထိ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားထုအပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေကြောင့် အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu၊ အရင်ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ ၂ ယောက်ကို ဖမ်းဝရမ်းထုတ်ပြန်တယ်လို့ ICC တရားရုံးရဲ့ ဒီနေ့ နိုဝင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေပိုမိုကျယ်ပြန့်လာနေတာနဲ့အတူ ကလေးငယ်တွေကို အရေးပေါ် ကာကွယ်ဖို့လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်စောင့်ရှောက်ရေး UNICEF အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာက ပြောကြားလိုက်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အိန္ဒိယနိုင်ငံက ဘီလျံနာ Gautam Adani ကို သူနဲ့ သူ့လက်အောက်က ကုမ္ပဏီအုပ်စုတွေဟာ အိန္ဒိယမှာ နေစွမ်းအင်စီမံကိန်းအတွက် အာဏာပိုင်တွေကို ကန်ဒေါ်လာသန်း ၂၅၀ ကျော်လောက် လာဘ်ထိုးခဲ့ရတာကို ရင်းနှီးမြှုပ်နှံတဲ့သူတွေကိုပြောဖို့ ပျက်ကွက် တာကြောင့် အမေရိကန်က တရားစွဲလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဂါဇာ အပစ်ရပ်ရေး အဆိုပြုချက်ကို အမေရိကန် ပြည်ထောင်စုက ဗီတိုအာဏာနဲ့ ပယ်ချလိုက်ပါတယ်။ ဓားစာခံတွေ လွှတ်ပေးရေးနဲ့ ဂါဇာမှာ အမြဲတမ်း အပစ်ရပ်ရေးကို တောင်းဆိုလိုက်ပြီး အဆိုပြု ဆုံးဖြတ်ချက်ဟာ ဟာမတ်စ်ကို သတင်းအမှားပေးရာ ရောက်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။
အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ လက်ဘနွန်ရှိ ဟက်ဇ်ဘိုလာအဖွဲ့အပေါ် အစ္စရေးက လွတ်လပ်စွာ တိုက်ခိုက်ခွင့်ပါရမယ်လို့ အစ္စရေးက တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ လက်ဘနွန်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ ဘယ်အပစ်ရပ် သဘောတူညီချက်ကိုမဆို လက်မခံနိုင်ဘူး လို့ ဟက်ဇ်ဘိုလာ အကြီးအကဲ က ဗုဒ္ဓဟူးနေ့မှာပဲ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်