အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း Aceh ပြည်နယ်ကမ်းခြေမှာ ကလေးငယ်တွေပါဝင်တဲ့ ရိုဟင်ဂျာ ၉၀ လောက်ကို လူကုန်ကူးတွေ ဒီနေ့ စွန့်ပစ်ခဲ့ပါတယ်။ အနားမှာ အလောင်း ၆ လောင်းကိုလည်းတွေ့တယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ချင်းပစ် ပဲထိန်းတပ်ဒုံးလက်နက်တခုကို မြောက်ကိုရီးယားက စမ်းသပ်ခဲ့တဲ့အပေါ် ဂျပန်နဲ့တောင်ကိုရီးယားတို့ အပြစ်တင် တုံ့ပြန်ခဲ့ပါတယ်။
ကမ္ဘာအဝှမ်း မီဒီယာသမားတွေကိုသတ်ဖြတ်မှုမှာ ကင်းလွတ်ခွင့်ပေးတဲ့နိုင်ငံစာရင်းကို CPJ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီကထုတ်ပြန်ရာမှာ မြန်မာနိုင်ငံကအဆိုးဆုံး ၁၀ နိုင်ငံစာရင်းမှာပါဝင်နေပြီး ၂၀၂၄ အတွင်း ထက်မြတ်သူ၊ ဝင်းထွဋ်ဦးနဲ့ မြတ်သူထွန်းစတဲ့ သတင်းထောက် ၃ ဦး အသတ်ခံရမှုကို CPJ က ဖော်ပြထားတာပါ။
စပိန်နိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူ ၉၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး အိုးအိမ်တွေ ပျက်စီးဆုံးရှုံး ရသလို လမ်းပမ်းဆက်သွယ်ရေးလည်း ပြတ်တောက်သွားပါတယ်။ စပိန်နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ခြမ်းဒေသတွေမှာ အင်္ဂါနေ့ကစလိုက်တဲ့ မိုးသည်းထန်မှုဟာ ဗုဒ္ဓဟူးနေ့ အထိ ဆက်သွားပြီး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့တာပါ။
စစ်ရှောင်လာသူတွေ၊ ငတ်မွတ်နေသူတွေ၊ လိင်အကြမ်းဖက်ခံရသူတွေတိုးလာနေတဲ့ ဆူဒန်နိုင်ငံက ရွှေ့ပြောင်းနေထိုင်ကြရသူတွေရဲ့အကြပ်အတည်းဟာ ပိုမိုဆိုးရွားလာနေပြီး ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ်လို့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM က အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။
အိန္ဒိယနိုင်ငံတောင်ပိုင်း လူစည်ကားတဲ့ဘုရားကျောင်းတခုမှာ မနေ့ညပိုင်းက မီးရှူးမီးပန်းတွေပေါက်ကွဲခဲ့တာကြောင့်လူ ၁၅၀ ကျော် ဒဏ်ရာရ သွားပါတယ်။
ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားနိုင်ငံကို မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် ထောင်နဲ့ချီ စစ်ကူပို့ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် ရန်ဖက်တောင်ကိုရီးယားနဲ့ မဟာမိတ် အနောက်နိုင်ငံတွေက စိုးရိမ်နေချိန်မှာပဲ မြောက်ကိုရီးယားက ထိပ်တန်းသံတမန် စေလွှတ်လိုက်တာပါ။
ကမ္ဘာ့အကောင်းဆုံး ဘော်လုံးသမား လို့ အသိများကြတဲ့ ၂၀၂၄ Ballon d'or ရွှေဘော်လုံးဆု ကို အင်္ဂလန် မန်ချက်စတာ စီးတီး အသင်းနဲ့ စပိန်အသင်း အလယ်တန်းလူ Rodri က ရရှိသွားပြီး၊ အမျိုးသမီး အကောင်းဆုံး ဘော်လုံးသမားဆု ကိုတော့ စပိန် ဘာစီလိုနာ အသင်းက အလယ်တန်း ကစားသူ Aitana Bonmati က နှစ်နှစ်ဆက်တိုက် ရရှိသွားပါတယ်။
မြန်မာ အပါအဝင် ကမ္ဘာတဝန်း ဆိုးဆိုးရွားရွား ပဋိပက္ခတွေနဲ့ ကြုံနေရတဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အေဂျင်စီတွေက ဌာနေဝန်ထမ်းတွေနဲ့ စေတနာဝန်ထမ်းတွေဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အရေအတွက်နဲ့ သေဆုံးသူတွေ အများအပြား ရှိလာနေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ Red Cross အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ပါဝင် တိုက်ခိုက်ဖို့လို ယူဆရတဲ့ တပ်ဖွဲ့ဝင် ၁ သောင်းလောက်ကို မြောက်ကိုရီးယားက ရုရှားကို စေလွှတ်ထားပြီး ဒါဟာ အစောပိုင်း ခန့်မှန်းခဲ့တဲ့ အရေအတွက်ထက် ၃ ဆလောက် ပိုများတယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရက တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ အလှကုန်ကုန်ပစ္စည်းနဲ့ ကျန်းမာရေးအသုံးအဆောင်တွေရောင်းချတဲ့ iCon Group ကုမ္ပဏီက အွန်လိုင်းကနေ ကုန်ပစ္စည်းတွေကို လိမ်ညာရောင်းချခဲ့တယ်လို့ မြန်မာနိုင်ငံသားတွေ အပါအဝင် လူပေါင်းထောင်ချီ တိုင်ကြားထားပါတယ်။
အင်္ဂလန်က နာမည်ကျော် ဘောလုံးအသင်း မန်ချက်စတာယူနိုက်တစ် Manchester United နည်းပြ Erik ten Hag အဲရစ်တန်ဟက်ဂ်ကို နည်းပြရာထူးမှ ဖယ်ရှားလိုက်ပြီး ၊ လက်ထောက်နည်းပြဖြစ်သူ ဒက်ချ်ရှေ့တန်းကစားသမားဟောင်း Ruud van Nistelrooy ရတ်ဒ်ဗန် နစ္စတယ်ရွိုင်းကို လောလောဆယ် အသင်းနည်းပြတာဝန် အဖြစ်ထားရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်