အိန္ဒိယနိုင်ငံကို ဒီသီတင်းပတ်နှောင်းပိုင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အရှေ့ပိုင်း Odisha ပြည်နယ် နေရာတချို့က စာသင်ကျောင်းတွေ ပိတ်ထားဖို့ ညွှန်ကြားထားပြီး၊ နာမည်ကျော် Puri ကမ်းခြေမှာလည်း ခရီးသွားတွေကို တားမြစ်ထားပါတယ်။
ကလေးငယ်တွေနဲ့အမျိုးသမီးတွေအပါအဝင် ဒုက္ခသည် ၁၀၀ ကျော်ပါတဲ့စက်လှေတစင်း အင်ဒိုနီးရှား အနောက်ဖက်အာချေးပြည်နယ်ကမ်းရိုးတန်းနား မျောနေတာကို ကယ်တင်ပေးဖို့ UNHCR ကုလဒုက္ခသည်များဆိုင်ရာရုံးက အင်ဒိုနီးရှားအစိုးရကိုတောင်းဆိုလိုက်တာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဂါဇာနဲ့လက်ဘနွန် စစ်ပွဲပဋိပက္ခလျှော့ချရေး ဆွေးနွေးဖို့ရှိပါတယ်။
ခေတ်သစ် စင်္ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Lee Kuan Yew ရဲ့အငယ်ဆုံးသားလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်း Lee Hsien Loong ရဲ့ညီလည်းဖြစ်သူ Lee Hsien Yang က သူအခု ဗြိတိန်မှာ နိုင်ငံရေးခိုလှုံနေရတယ်လို့ပြောပါတယ်။
ကမ္ဘာတလွှားဇီဝမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်မှုကျဆင်းလာနေတာဆန်းစစ်ဖို့ ကိုလံဘီယာနိုင်ငံမှာ ကမ္ဘာ့သဘာဝဝန်းကျင်ထိန်းသိမ်းရေး တာဝန်ရှိသူတွေ တနင်္လာနေ့မှာ လည်းစုဝေးပြီး ညီလာခံ ဆက်လက် ကျင်းပနေပါတယ်။ ဒီညီလာခံကနေ အပင်တွေ၊ သတ္တဝါတွေနဲ့ သူတို့ရဲ့တည်ရှိရာ နေရာဒေသတွေကို ကာကွယ်ဖို့ ကတိပြုကြတာပါ။
အိန္ဒိယနဲ့တရုတ်ကြား အငြင်းပွါးနေတဲ့ ဟိမဝန္တာနယ်စပ်ဒေတလျှောက် စစ်တပ်ကင်းလှည့်မှုဆိုင်ရာ သဘောတူညီချက်တခု ရခဲ့ပြီး ဒီသဘောတူညီချက်ကနေ ၂ နိုင်ငံကြားက သတ်မှတ်မျဉ်း LAC (Line of Actual Control) တဝိုက် နှစ်ဖက်တပ်တွေ ဆက်မတိုက်ဖို့ ဖြစ်လာနိုင်င်ကြောင်းလလည်း နိုင်ငံခြားရေးအတွင်းဝန် Vikram Misri က ပြောပါတယ်။
ရုရှားကျူးကျော်မှုကို တွန်းလှန်နေတာ ၃၂ လထဲ ရောက်လာပြီဖြစ်တဲ့ ယူကရိန်းအတွက် ဆက်လက်ခုခံနိုင်ဖို့ လိုအပ်တာတွေကို အမေရိကန်ကပေးအပ်မှာဖြစ်ကြောင်း တနင်္လာနေ့မှာ Kyiv ကိုရောက်နေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောပါတယ်။
ရုရှားရေတပ်က ထောက်ပံ့ရေး ရေယာဉ်တစီးအပါအဝင် ကော်ဗက်စစ်ရေယာဉ် လေးစီး မြန်မာနိုင်ငံ သီလဝါ ဆိပ်ကမ်းကို မနေ့က ရောက်လာပြီး နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်မယ်လို့ မြန်မာစစ်ကောင်စီက ကြေညာထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ ကြိုတင်မကြေညာဘဲ ယူကရိန်းနိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိသွားပါတယ်။ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့အပြင် ယူကရိန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ Kyiv မြို့ကို သွားရာက်တာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မီဒီယာသမားတွေကို အကူအညီပေးမယ့် အစီအစဉ်တခုကို ပြင်သစ်နိုင်ငံက နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ထိုင်းနိုင်ငံမှာ စတင်လိုက်ပါတယ်။
သမ္မတသစ် Prabowo Subianto က ကျမ်းသစ္စာကျိန်ဆိုပြီး နာရီအတော်ကြာမှာ အင်ဒိုနီးရှားသမိုင်းမှာ အကြီးဆုံး အစိုးရအဖွဲ့အဖြစ် ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ ဝန်ကြီးဌာနအဆင့် အစိုးရအဖွဲ့အစည်းအသီးသီးတို့ရဲ့ ဦးစီးခေါင်းဆောင်အစရှိတဲ့ အဖွဲ့ဝင် ၁၀၉ ယောက် ပါတဲ့ အစိုးရအဖွဲ့ကို တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကြေညာလိုက်ပါတယ်။
အစ္စရေးက အီရန်ကို တိုက်ခိုက်မယ့်အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်မှတ်တမ်းတွေကို ခွင့်ပြုချက်မရှိဘဲ ပေါက်ကြားခဲ့တဲ့အပေါ် အမေရိကန်က စုံစမ်းစစ်ဆေးနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်