အရှေ့ အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနေချိန်၊ ယူကရိန်းအရေးနဲ့ ပတ်သက်လို့လည်း ဖိအားတွေ တိုးလာနေချိန်မှာ ကမ္ဘာ့လုံခြုံရေးရာ ကိစ္စတွေကို ဆွေးနွေးဖို့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 ကာကွယ်ရေးဝန်ကြီးတွေ ဒီကနေ့ အီတလီနိုင်ငံမှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
အစ္စရေးနိုင်ငံမြောက်ပိုင်း ကေးစရီးယား -Caesarea မြို့မှာရှိတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ အပန်းဖြေ နေအိမ်ရှိရာကို ဒရုန်းတစင်း ဒီနေ့ပျံသန်းလာခဲ့ပေမဲ့ အဲဒီအချိန် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ကတော်တို့ အိမ်မှာရှိမနေဘူးလို့ ပြောခွင့်ရကပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ မန္တလေးမြို့က ကောင်စစ်ရေးရာဌာ မနေ့ အောက်တိုဘာ ၁၈ ရက် သောကြာနေ့ ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရပါတယ်။ ကျုံးတောင်ဘက်မှာရှိတဲ့ တရုတ်ကောင်စစ်ရုံးဝန်းထဲမှာ မနေ့က ညနေစောင်းပိုင်းမှာ ပေါက်ကွဲသံ ကြားခဲ့ရပြီး ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရုရှားနဲ့ စစ်သုံ့ပန်း လဲလှယ်ရေးအစီအစဉ်အရ ယူကရိန်းစစ်သား ၉၅ ယောက် အိမ်ပြန်ရောက်လာကြပြီလို့ သမ္မတ Volodymyr Zelenskyy က ပြောကြားခဲ့ပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ နှစ်ဘက်အကျဥ်းသား ၉၅ ယောက်စီ အပြန်အလှန် သောကြာနေ့ ညပိုင်းက လဲလှယ်ခဲ့ကြတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးမဟာမိတ် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်လာတဲ့ အထောက်အထားတွေ ပိုတွေ့လာရတာအတွက် အမေရိကန်က စိုးရိမ်လာပြီး ဒါဟာ ယူကရိန်းကျူးကျော်စစ်ပွဲကို တိုးမြှင့်တိုက်ခိုက်ဖို့ ရုရှားက လုပ်နေတယ်လို့လည်း မြင်ပါတယ်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို စီစဉ်ဦးဆောင်တဲ့ ဟားမတ်စ်ခေါင်းဆောင် Yahya Sinwar ကို သတ်ဖြတ်ခဲ့ပြီးနောက်တနေ့မှာပဲ ဟက်ဇ်ဘိုလာတွေက သူတို့ဟာ အစ္စရေးနဲ့ ဖြစ်နေတဲ့ စစ်ပွဲကိုအရှိန်တိုးမြှင့်မှာ ဖြစ်ကြောင်း သောကြာနေ့မှာကြေညာလိုက်ပါတယ်။ သူနဲ့ နောက်ထပ် စစ်သွေးကြွ ၂ ဦးကို အသေရမိကြောင်း အစ္စရေးကပြောပါတယ်။
အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို စီစဉ်ဦးဆောင်တဲ့ ဟားမတ်စ်ခေါင်းဆောင် Yahya Sinwar ကို အစ္စရေးက သတ်ဖြတ်ခဲ့ပြီး နောက်တနေ့မှာပဲ ဟက်ဇ်ဘိုလာတွေက သူတို့ဟာ အစ္စရေးနဲ့ ဖြစ်ပွါးနေတဲ့ စစ်ပွဲကိုအရှိန်တိုးမြှင့်မှာ ဖြစ်ကြောင်း သောကြာနေ့မှာကြေညာ လိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ မဲကမ်ဆာကျေးရွာအုပ်စု Ban Mae Kuet Sam အိမ်ယာဝန်းမှာ မြန်မာနိုင်ငံ ဘက်ကိုပို့မယ် မူးယစ်ကုန်ကြမ်း ဓါတုဆေးဝါးတန်ချိန် ၈၃၀ ကိုဖမ်းမိသိမ်းဆည်း နိုင်ခဲ့ကြောင်း ထိုင်းအမှတ်(၆)ဒေသ မူးယစ်နိမ်နင်းရေးဗျူရိုက သတင်းထုတ်ပြန်ခဲ့ပါတယ်၊
ကြီးမြတ်တဲ့ ခေါင်းဆောင်၊ သူရဲကောင်းညီအကိုတယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်း ကြေကွဲရတယ်လို့ ကာတာနိုင်ငံအခြေစိုက် ဟာမတ်စ်အဖွဲ့တာဝန်ခံ Khalil al-Hayya က ဒီကနေ့ ဗီဒီယိုနဲ့ထုတ်ပြန်ချက်ကို Al Jazeera သတင်းမှာ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ဝင်တိုက်ဖို့ ရုရှားကို မြောက်ကိုရီးယားက တပ်တွေ ရုရှားကို စေလွှတ်တာဟာ နိုင်ငံတကာ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
"အခုချိန်မှာ ရပ်ပစ်လိုက်လို့ မရပါဘူး။ ယူကရိန်းအတွက် ကူညီ ထောက်ပံ့မှုတွေ ဆက်ပေးသွားရပါ လိမ့်မယ်။ ကုလသမဂ္ဂ ပဋိညာဥ်စာတမ်းနဲ့ အညီ ယူကရိန်းအတွက် တရားမျှတပြီး ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်တဲ့ အချိန်အထိ ကူညီ ပံ့ပိုးပေးသွားရပါလိမ့်မယ်” လို့ ဒီကနေ့ ဂျာမနီနိုင်ငံရောက်ချိန်မှာ ပြောကြားခဲ့တာပါ
နောက်ထပ်ကြည့်ရှုရန်