အစ္စရေး ခေါင်းဆောင်ပိုင်းက လက်ဘနွန်စစ်ပွဲ ဆက်လုပ်ဖို့ ဆုံးဖြတ်ထားတဲ့အပေါ် ဒေသတွင်း နိုင်ငံတွေကတော့ စိုးရိမ်နေကြပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က အပစ်ရပ်ဖို့ တောင်းဆိုထားပေမဲ့လည်း ဒါကို ဘယ်သူက နားထောင်မလဲ ဆိုတာ Anita Powell သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
အစ္စရေးစစ်တပ်ကတော့ စစ်ဆင်ရေးကို နယ်မြေဒေသအလိုက် အကန့်အသတ်နဲ့ ပစ်မှတ်ထားတိုက်ခိုက်မှာဖြစ်ကြောင်း ပြောဆိုထားပြီး၊ အစ္စရေးမြောက်ပိုင်း လုံခြုံမှုရတဲ့အထိ ဆက်လက် တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကျောင်းခရီးစဉ်တခုအတွက် ကလေးတွေနဲ့ ဆရာတွေ အပါအဝင် ခရီးသည် ၄၄ ဦးနဲ့ လိုက်ပါလာတဲ့ ဘတ်စ်ကားတစီး ဒီကနေ့ မီးလောင်ကျွမ်းမှုကြောင့် ၂၀ ကျော် သေဆုံးနိုင်တယ်လို့ တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေး သမားတွေက ခန့်မှန်းကြပါတယ်။
လက်ဘနွန် အခြေစိုက် ဟက်ဇ်ဘူလာ စစ်သွေးကြွအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်က အစ္စရေးကို ဆက်လက် တိုက်ခိုက်သွားဖို့ အသင့်ရှိနေပြီး၊ ရေရှည်စစ်ပွဲ ဆင်နွှဲဖို့ ပြင်ဆင်ထားကြောင်း ပြောလိုက်ပါတယ်။
နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်နား အဝေးပြေးလမ်းမမှာ ဘတ်စ်ကားနဲ့ တခြားမော်တော်ယာဉ်တွေ မြေပြိုကျနစ်မြုပ်ခဲ့တာကြောင့် အနည်းဆုံး ၁၄၈ ယောက် ထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲဖို့လုပ်ဆောင်နေချိန် အားလုံးသဘောတူညီမှုကို အခြေခံမှသာ အဓွန့်ရှည် ခိုင်မြဲပြီး နိုင်ငံရေးတည်ငြိမ်မှုကိုရရှိနိုင်မှာဖြစ်တယ်လို့ နိုင်ငံတကာဥပဒေပညာရှင်တွေက ပြောနေကြပါတယ်။
နီပေါမှာ ရေကြီးမြေပြိုတာတွေကြောင့် လူ ၁၂၉ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ နီပေါအာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။ မြို့တော် ခတ္တမန္ဒူနားက မြေပြိုကျတဲ့အထဲမှာ ပါသွားတဲ့ ကားတွေနဲ့ ဘတ်စ်ကားတွေထဲကနေ သေဆုံးနေတဲ့ ရုပ်အလောင်း ဒါဇင်နဲ့ချီကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဟက်ဇ်ဘူလာအဖွဲ့ခေါင်းဆောင် Hassan Nasrallah သေဆုံးမှုနဲ့ တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဆိုသလို ကြုံနေရချိန်မှာပဲ အခုနောက်ထပ် ခေါင်းဆောင်တယောက် သေဆုံးတဲ့သတင်း ထွက်ပေါ်လာတာပါ။
တောင်တရုတ် ပင်လယ်ပြင်ထဲမှာ စနေနေ့က အမေရိကန်နဲ့ အာရှ- ပစိဖိတ်နိုင်ငံ တွေပါဝင်တဲ့ ၅ နိုင်ငံတပ်ဖွဲ့တွေ ရေကြောင်းပူးတွဲ လေ့ကျင့်မှု လုပ်ခဲ့သလို ပိုင်နက်အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲမှာပဲ တရုတ်စစ်တပ်ကလည်း စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း ဒေသမှာ အပြည့်အဝ အပစ်ရပ် သဘောတူညီမှု ရရေး အချိန်ဆွဲမနေသင့်ဘူးလို့ နယူးရောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ စနေနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်