ထိုင်းနိုင်ငံမြောက်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပမ်းစားတဲ့ ချင်းမိုင်မြို့မှာ ရုတ်တရက်ရေကြီးမှုအတွင်း ဆင် ၂ ကောင် ရေနစ်သေဆုံး သွားတယ်လို့ ဆင်စခန်းတာဝန်ရှိသူတွေ ဒီနေ့ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ မွတ်ဆလင်ဗလီတခုကို ဒီကနေ့အစောပိုင်း အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
တရုတ်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့တာ ၇၅ နှစ်ပြည့်အဖြစ် ဆက်ဆံရေး ခိုင်မာဖို့ မျှော်လင့်ကြောင်း ၂ နိုင်ငံ ခေါင်းဆောင်တွေ အပြန်အလှန် အမှာစကားပါးခဲ့ကြပါတယ်။
ဂါဇာနဲ့ လက်ဘနွန် မှာ အပစ်အခတ် ရပ်စဲဖို့ ဆီးရီးယား နိုင်ငံကို ရောက်နေတဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးက စနေနေ့မှာ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီး အာဘတ်စ် အာရာဂ်ချီက ဆီးရီးယားက မဟာမိတ်တွေ ဆွေးနွေးရာမှာ အပစ်ရပ်ရေး ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဒမတ်စကတ်မြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အစ္စရေးဟာ စနေနေ့က လက်ဘနွန်နိုင်ငံမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့ပြီး ဟဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ အခိုင်အမာတည်ရှိနေတဲ့ ဘေရွတ်မြို့တော်ရဲ့ လူနေထူထပ်တဲ့ တောင်ပိုင်းဆင်ခြေဖုံး ရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်မှု ဒါဇင်နဲ့ချီ လုပ်ဆောင်ခဲ့ပါတယ်။
ဂါဇာနဲ့ လက်ဘနွန် မှာ အပစ်အခတ် ရပ်စဲဖို့ ဆီးရီးယား နိုင်ငံကို ရောက်နေတဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးက စနေနေ့မှာ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ နိုင်ငံရေး အကျပ်အတည်းအတွက် အဖြေရှာနိုင်ပြီး လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည် အသက်ဝင်လာရေး နိုင်ငံတကာ ညီလာခံတရပ်ကို လာအိုနိုင်ငံက ကျင်းပမယ်လို့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က ပြောတာကို Vatican -Fides သတင်းမှာ ဖေါ်ပြပါတယ်။
လက်ဘနွန်နိုင်ငံမြောက်ပိုင်း Tripoli မြို့ကို ဒီကနေ့ အစောပိုင်းမှာ အစ္စရေးက လေကြောင်းကနေ ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ လက်ဘနွန် လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ ၄၄ ကြိမ်မြောက် ထိပ်သီးစည်းဝေးပွဲတွေကို လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ မနက်ဖြန် အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ ကျင်းပတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြဿနာကို ဆွေးနွေးအဖြေရှာမှုတွေ မလုပ်နိုင်ခင် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်အောင်လုပ်ဖို့ လိုအပ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာ အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန်နဲ့ နိုင်ငံတချို့ပါဝင်တဲ့ အထူးသံတမန်တွေရဲ့ မြန်မာ့အရေးဖြေရှင်းနိုင်ရေး ဆွေးနွေးပွဲမှာ တင်ပြခဲ့ကြပါတယ်။
အောက်တိုဘာ ရ ရက် ဟာမတ်စ်အဖွဲ့တွေ အစ္စရေးကိုဝင်တိုက်ခိုက်ခဲ့ပြီး တနှစ်အကြာ၊ အရှေ့အလယ်ပိုင်းဒေသမှာ တိုက်ပွဲတွေ နေရာအနှံ့ပေါ်ပေါက်လာခဲ့ပေမဲ့ အစ္စရေးမှာရောက်နေတဲ့ မြန်မာတွေ အားလုံးလိုလို ဘေးကင်းလုံခြုံတဲ့အကြောင်း အစ္စရေးနိုင်ငံ Tel Aviv မြို့ခံတယောက်က VOA ကို ပြောပါတယ်။ ကိုသိန်းထိုက်ဦး မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်