ကြီးမြတ်တဲ့ ခေါင်းဆောင်၊ သူရဲကောင်းညီအကိုတယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်း ကြေကွဲရတယ်လို့ ကာတာနိုင်ငံအခြေစိုက် ဟာမတ်စ်အဖွဲ့တာဝန်ခံ Khalil al-Hayya က ဒီကနေ့ ဗီဒီယိုနဲ့ထုတ်ပြန်ချက်ကို Al Jazeera သတင်းမှာ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ဝင်တိုက်ဖို့ ရုရှားကို မြောက်ကိုရီးယားက တပ်တွေ ရုရှားကို စေလွှတ်တာဟာ နိုင်ငံတကာ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
"အခုချိန်မှာ ရပ်ပစ်လိုက်လို့ မရပါဘူး။ ယူကရိန်းအတွက် ကူညီ ထောက်ပံ့မှုတွေ ဆက်ပေးသွားရပါ လိမ့်မယ်။ ကုလသမဂ္ဂ ပဋိညာဥ်စာတမ်းနဲ့ အညီ ယူကရိန်းအတွက် တရားမျှတပြီး ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်တဲ့ အချိန်အထိ ကူညီ ပံ့ပိုးပေးသွားရပါလိမ့်မယ်” လို့ ဒီကနေ့ ဂျာမနီနိုင်ငံရောက်ချိန်မှာ ပြောကြားခဲ့တာပါ
အမေရိကန်အပါအဝင် အနောက်နိုင်ငံအများစုမှာ ဆောင်းဦးပေါက် ပထမဆုံးလပြည့်ချိန် အမဲလိုက်ဖို့ အကောင်းဆုံး အလင်းရောင်ရတဲ့ လပြည့် ညမျိုး ဖြစ်နေတတ်တာကြောင့် hunter moon လို့လည်း ခေါ်လေ့ရှိပါတယ်။ ဒီလို အတောက်ပဆုံး လဝန်းကြီးကို ၃ ရက်လောက် ကမ္ဘာမြေက မြင်တွေ့ရမယ်လို့ NASA က ခန့်မှန်းထားပါတယ်။
ထိုင်းနိုင်ငံ Chumphon ခရိုင်မှာ လူမှောင်ခိုတွေ ပြွတ်သိပ်တင်လာတဲ့ ကုန်တင်ကားထဲမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၂ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ လူမှောင်ခိုသမားတွေလို့ ယူဆရသူ နှစ်ဦးကိုလည်း ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့လည်း ထိုင်းရဲက ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့ ပြည်နယ်သုံးခုက သတင်းမီဒီယာတွေအနေနဲ့ သက်ရှိပုံတွေမပြသဖို့ တာလီဘန်တွေပိတ်ပင်လိုက်တာကို သတင်းအဖွဲ့အစည်းတွေနဲ့ အရပ်ဘက် လွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းတွေက ဝေဖန်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနဲ့ သူ့ရဲ့ နီးကပ်လက်ထောက်တွေ အပါအဝင် ၄၅ ဦးကို ဘင်္ဂလားဒေ့ရှ် အထူးတရားရုံးက အောက်တိုဘာ ၁၇ ရက်နေ့မှာ ဖမ်းဝရမ်းတွေ ထုတ်ပြန်လိုက်ပါ
ယူကရိန်းကို ရုရှားကျူးကျော်မှုအဆုံးသတ်ဖို့ ၊ နောက်ထပ် ကျူးကျော်မှုတွေထပ်မလုပ်အောင် ကာကွယ်နိုင်ဖို့အတွက် အရေးပါတဲ့အချက်တွေက ဥရောပနိုင်ငံတွေညီညွတ်မှုရှိဖို့၊ ရုရှားကို ဖိအားပေးဖို့နဲ့ ယူကရိန်းရဲ့အင်အားခိုင်မာအောင် လုပ်ဆောင်ဖို့ဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့မြန်မာနိုင်ငံကနေ မကြာသေးခင်ကမှ နယ်စပ်ကျော်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၄ သောင်းကျော်ရှိလာတာအတွက် အထူးစိတ်ပူကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md. Touhid Hossain က ပြောပါတယ်။
ယူကရိန်းကို ရုရှားတိုက်ခိုက်မှုအတွင်း လူအစုလိုက်သေဆုံးစေတဲ့ ဒရုန်းတွေကိုဒီဇိုင်းဆွဲတာ၊ တည်ဆောက်တာနဲ့ တင်ပို့ပေးတဲ့လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့ တရုတ်နဲ့ ရုရှားကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး အမေရိကန်အစိုးရက အရေးယူလိုက်ကြောင်း ကြာသပတေးနေ့မှာ ကြေညာပါတယ်။
ဟာမတ်စ်ထိပ်တန်းခေါင်းဆောင် ယာယာ စင်ဝါ (Yahya Sinwar)ဟာ ဂါဇာက အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး က အတည်ပြုပြောကြားလိုက်ပါတယ်။
ကမ္ဘာကျော် One Direction ပေါ့ပ်ဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း Liam Payne ဟာ အသက် ၃၁ နှစ်မှာ ကွယ်လွန်သွားပါတယ်။ အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့တော် ဟိုတယ်တခုရဲ့ ၃ ထပ် လေသာဆောင်ကနေ ပြုတ်ကျပြီး သေဆုံးသွားတာဖြစ်တယ်လို့ အာဂျင်တီနားရဲတပ်ဖွဲ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်