တောင်နဲ့ မြောက်ကိုရီးယား ဆက်သွယ်ထားတဲ့ လမ်းတစိတ်တပိုင်းကို မြောက်ကိုရီးယားက ဒီကနေ့ ဖောက်ခွဲ ဖျက်ဆီး လိုက်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ အနောက်ပိုင်း နယ်စပ်မြို့ Kaesong နားက လမ်းတခုမှာ ပေါက်ကွဲမှုဖြစ်တာကို တွေ့ရပါတယ်။
အစ္စရေးရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေမှာ စစ်သွေးကြွတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး ရေနံ ဒါမှမဟုတ် နျူကလီးယားစက်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် က အမေရိကန် သမ္မတ Joe Biden နဲ့ ဖုန်းဆက်သွယ် ကတိပြုခဲ့တာကိုလည်း အမေရိကန်အရာရှိတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။
ရုရှားကို ပဲ့ထိန်းသုံး ဒုံးကျည်တွေ ပေးပို့ခဲ့တယ်ဆိုပြီး အီရန်အပေါ် ဥရောပနိုင်ငံတွေက အရေးယူ ပိတ်ဆို့မှု အသစ်တွေ ပြဋ္ဌာန်းလိုက်တာကို အီရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်က Esmaeil Baghaei က ရှုတ်ချ ကန့်ကွက်လိုက်ပါတယ်။
ဆစ်ခ်အမျိုးသားရေး တက်ကြွလှုပ်ရှားသူ မနှစ်က လုပ်ကြံခံရမှုနဲ့ဆက်နွယ်ပြီး ကနေဒါဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးကို ပတ်သက်နိုင်သူတယောက်အဖြစ် ကနေဒါက ပြောလိုက်ပြီးတဲ့နောက် အိန္ဒိယအစိုးရက သူ့ရဲ့ သံအမတ်ကြီးနဲ့ အခြားဝန်ထမ်းသံတမန်တွေကို ကနေဒါကနေ အိန္ဒိယကို တနင်္လာနေ့က ပြန်ခေါ်လိုက်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး Andrei Belousov ဟာ တနင်္လာနေ့က တရားဝင်ခရီးစဥ်အဖြစ် တရုတ်နိုင်ငံ ဘေကျင်းမြို့ကို ရောက်သွားပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဟာ သူ့ကိုကြိုဆိုတဲ့ အခမ်းအနားကို တက်ရောက်ခဲ့သလို တိန်အန်မင်ရင်ပြင်မှာရှိတဲ့ ပြည်သူ့သူရဲကောင်းဗိမာန်မှာလည်း လွမ်းသူ့ပန်းခွေ ချခဲ့ပါတယ်။
ဟက်ဇဘိုလာတွေကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်နေချိန်မှာပဲ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့တပ်တွေကို စစ်ဖြစ်နေတဲ့ လက်ဘနွန်ဒေသတွေက ထွက်ခွာဖို့ အစ္စရေးဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ Arash Arabasadi သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
ဂါဇာဒေသမှာ ဒီကနေ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအတွက်ူ Deir al-Balah မှာရှိတဲ့ Al-Aqsa အာဇာနည်ဆေးရုံကို ထိမှန်ခဲ့ရာက အနည်းဆုံး လူ ၄ ဦးသေဆုံး၊ ၄၀ လောက် ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၂၄ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်ဆု ပူးတွဲ ရရှိသူတွေအဖြစ် အမေရိကန် စီးပွားရေးပညာရှင် သုံးဦးကို ဒီကနေ့ တနင်္လာနေ့မှာ နိုဘယ်ဆု ရွေးချယ်ရေးကော်မီတီ တော်ဝင်ဆွီဒင် သိပ္ပံအကယ်ဒမီက ကြေညာလိုက်ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ အာဆီယံက ကြိုးပမ်းနေချိန်မှာ အမေရိကန်နဲ့ တရုတ်လို အာဆီယံရဲ့ မိတ်ဆွေတွေ က မြန်မာအတွက် အကောင်းဆုံးနည်းလမ်း ရှာဖွေရာမှာ အကူညီပေးကြဖို့ စင်္ကာပူ ဝန်ကြီးချုပ် Lawrence Wong က ပန်ကြားလိုက်ပါတယ်။
တရုတ်စစ်တပ်ရဲ့ လေယာဉ်တင်သင်္ဘော Liaoning ဦးဆောင်တဲ့ ရေတပ်သင်္ဘောအုပ်စုဟာ Bashi ရေလက်ကြားနားကို ဝင်ရောက်လာတယ်လို့ တိုင်ဝမ်ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
သီတင်းပတ် အောက်တိုဘာလ ၆ ရက်နေ့က နေရာ ၄ ခုကို စီးနင်းရှာဖွေမှုတွေအတွင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး တနေရာတည်းမှာတင် ၁၂၉ ယောက် ဖမ်းဆီးမိခဲ့ပြီး စုစုပေါင်း ၁၉၈ ယောက်ကို ဖမ်းဆီးလိုက်ကြောင်း သီရိလင်္ကာ ရဲတပ်ဖွဲ့ပြောခွင့်ရကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။
ဂါဇာဒေသမြောက်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေ စစ်ဆင်ရေး တိုးချဲ့လာနေပြီး ဂါဇာမြို့မြောက်ဖက်အစပ်ကို ရောက်လာတဲ့ တင့်ကားတွေနဲ့ Sheikh Radwan အရပ်က နေရာတချို့ကို ပစ်ခတ်နေတာကြောင့် မိသားစုတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်