ထိုင်းနိုင်ငံ အလှကုန်ကုန်ပစ္စည်းနဲ့ ကျန်းမာရေးအသုံးအဆောင်တွေရောင်းချတဲ့ iCon Group ကုမ္ပဏီက အွန်လိုင်းကနေ ကုန်ပစ္စည်းတွေကို လိမ်ညာရောင်းချခဲ့တယ်လို့ မြန်မာနိုင်ငံသားတွေ အပါအဝင် လူပေါင်းထောင်ချီ တိုင်ကြားထားပါတယ်။
အင်္ဂလန်က နာမည်ကျော် ဘောလုံးအသင်း မန်ချက်စတာယူနိုက်တစ် Manchester United နည်းပြ Erik ten Hag အဲရစ်တန်ဟက်ဂ်ကို နည်းပြရာထူးမှ ဖယ်ရှားလိုက်ပြီး ၊ လက်ထောက်နည်းပြဖြစ်သူ ဒက်ချ်ရှေ့တန်းကစားသမားဟောင်း Ruud van Nistelrooy ရတ်ဒ်ဗန် နစ္စတယ်ရွိုင်းကို လောလောဆယ် အသင်းနည်းပြတာဝန် အဖြစ်ထားရှိပါတယ်။
တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ဂျပန်နိုင်ငံရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Shigeru Ishiba ရဲ့ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ပါတီက လွှတ်တော်အမတ်နေရာ အများစုကို လက်လွှတ် ဆုံးရှုံးခဲ့တဲ့အတွက် နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ထိုင်းနိုင်ငံမှာ လူပေါင်း ၈၅ ဦး သေဆုံးခဲ့တာကြောင့် လူသိများတဲ့ “Tak Bai” (တာခ် ဘိုင်) အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် ထိုင်းစစ်အရာရှိ ၇ ဦးအပေါ် စွဲချက်တင်ထားတာကို ထိုင်းတရားရုံးက တရားဝင် ပယ်ဖျက်လိုက်တာကြောင့် တရားမျှတမှု ရရှိရေး မျှော်လင့်ချက်တွေ အဆုံးသတ်ခဲ့ရပါတယ်။
ယူကရိန်းနိုင်ငံကနေ ရုရှားနိုင်ငံအနောက်တောင်ပိုင်းထဲကို နယ်စပ်ဖြတ်ကျူးကျော်ဖို့ ကြိုးပမ်းမှုကို ရုရှားတပ်တွေက ဟန့်တားနိုင်ခဲ့တယ်လို့ ရုရှားဒေသတာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လတွေက ယူကရိန်းအနေနဲ့ ရုရှားပိုင်နက်ထဲအထိ တိုက်ခိုက်မှုတရပ်လုပ်ခဲ့ပြီး ဒါဟာ နောက်ထပ် အခြေအနေတရပ်ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ ဂျပန်လွှတ်တော်ရွေးကောက်ပွဲတွေမှာ လက်ရှိအနိုင်ရပါတီ LDP ဟာ လွှတ်တော်တွင်း နေရာအများစုရထားတာကို လက်လွှတ်ရဖွယ် ရှိနေပြီး အတိုက်အခံ Constitutional Democratic ပါတီက မဲခန့်မှန်းချက်တွေအရ အရင်ကလွှတ်တော်နေရာ ၉၈ နေရာကနေ အခု ၁၉၁ နေရာအထိ ရလာနိုင်တယ်လို့ ဖော်ပြနေပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း Prachinburi က စက်မှုဇုံမှာရှိတဲ့ စက်ရုံတခုမှာ မတော်တဆ ပေါက်ကွဲမှုဖြစ်ရာက အနည်းဆုံး မြန်မာနိုင်ငံသား ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အစ္စရေးနိုင်ငံ Tel Aviv မြို့တော်က Mossad ထောက်လှမ်းရေးဌာနရုံးချုပ်နားက ဘတ်စ်ကားမှတ်တိုင်မှာ ဒီကနေ့ ထရပ်ကားတစင်းက ဝင်တိုက်တာကြောင့် ၃၅ ယောက် ဒဏ်ရာရသွားတယ်လို့ အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ရုရှားနိုင်ငံ အတွင်းပိုင်းကို ပစ်ခတ်နိုင်တဲ့ တာဝေးပစ်လက်နက်တွေ ယူကရိန်းကို သုံးခွင့်ပြုဖို့ အမေရိကန်နဲ့ နေတိုးမဟာမိတ်အဖွဲ့က လက်ခံလိုက်မယ်ဆိုရင်၊ နည်းလမ်းပေါင်းစုံနဲ့ တုံ့ပြန်မယ်လို့ ရုရှားသမ္မတ Vladimir Putin က သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံကို စနေနေ့ညက တိုက်ခိုက်မှုတွေမှာ စစ်ရေးရည်မှန်းချက်တွေအတိုင်း အောင်မြင်မှုရခဲ့ကြောင်း အစ္စရေး တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း အစ္စရေးကို တိုက်ခိုက်ရာမှာ အီရန်က အသုံးပြုတဲ့ မစ်ဇိုင်းဒုံး ထုတ်လုပ်တဲ့ နေရာတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတလွှားက စစ်ပွဲတွေဒဏ်ခံနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေး သန်း ၆၀၀ ကျော် ရှိနေပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်ကထက် ၅၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။
ထိုင်ဝမ်ကို ဒေါ်လာ သန်း ၂ ထောင်ကျော်ဖိုး စစ်လက်နက် ပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရက အတည်ပြုလိုက်တယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က သောကြာနေ့မှာ ပြောပါတယ်။ ဒီအထဲမှာ ယူကရိန်းမှာ စမ်းသပ် အသုံးပြုခဲ့တဲ့ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ထိုင်ဝမ်ကို ပထမဆုံးအကြိမ် ပေးပို့သွားဖို့လည်း ပါဝင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်