သက်ရှိတွေရဲ့ ဘဝ ရှင်သန်ရေး အခြေခံ ဆဲလ်တွေမှာ မရှိမဖြစ် လိုအပ်တဲ့ ပရိုတိန်း အာဟာရဓါတ် ဖြစ်တည်မှုကို သုတေသနလုပ်ခဲ့တဲ့ ပညာရှင် ၃ ယောက်ကို ဒီနှစ် ဓါတုဗေဒ နိုဘယ်ဆုရှင်တွေ အဖြစ် ဆွီဒင်နိုင်ငံ နိုဘယ်ဆု ရွေးချယ်ရေး အကယ်ဒမီက ကြေညာပါတယ်။
အာဆီယံအနေနဲ့ကျရှုံးနေတဲ့စစ်ကောင်စီနဲ့ ဆက်ဆံရေးရပ်တန့်ပြီး စစ်ကောင်စီအလွန် မြန်မာနိုင်ငံ အနာဂတ်အတွက် ဘယ်လိုပါ၀င်မလဲဆိုတာ ချမှတ်လုပ်ဆောင်သင့်ကြောင်း Alternative ASEAN ခေါ် (စင်ပြိုင်အာဆီယံ) အဖွဲ့ကို တည်ထောင်သူ Debbie Stothard ကဗွီအိုအေကိုပြောပါတယ်။
ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေကို နယ်စပ်ကနေ ပြန်တိုက်ထုတ်ဖို့ လက်ဘနွန် အနောက်တောင်ပိုင်းမှာ မြေပြင်စစ်ဆင်ရေးတခု ဒီနေ့ စတယ်လို့ အစ္စရေးစစ်တပ်က ကြေညာပါတယ်။ စက်တင်ဘာ ၃၀ ရက်က စခဲ့တဲ့ မြေပြင်တိုက်ပွဲတွေလိုပဲ အခုစစ်ဆင်ရေးကိုလည်း အကန့်အသတ်နဲ့ ပစ်မှတ်ထားလုပ်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေကို ဥပဒေအရ နှိမ်နှင်းနိုင်ဖို့ ကြိုးစားအားထုတ်တဲ့ကြားကပဲ ပြီးခဲ့တဲ့နှစ်အတွင်း လိမ်ညာခံရသူတွေရဲ့ ဆုံးရှုံးမှုပမာဏ ဒေါ်လာ ၃၇ ဘီလျံလောက် ရှိတဲ့အကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ကွန်ပျူတာသိပ္ပံပညာရပ်ဆိုင်ရာ Machine Learning နဲ့ပတ်သက်တဲ့ရှာဖွေတွေ့ရှိမှုတွေနဲ့ ထိုးထွင်းတီထွင်မှုတွေအတွက် အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါက ရူပဗေဒပညာရှင် John Hopfield နဲ့ Geoffrey Hinton တို့နှစ်ဦးကို ပူးတွဲချီးမြှင့်လိုက်တာပါ။
အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာဟာမတ်စ် ရံပုံငွေကွန်ယက်ကို ပါလက်စတိုင်း စစ်သွေးကြွ တွေအတွက် ပြည်ပရံပုံငွေရှာဖွေရေးမှာ အဓိက အခန်းကဏ္ဍကပါဝင်နေတယ်လို့စွပ်စွဲပြီး တနင်္လာနေ့က ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ ဒါဟာ ဂါဇာစစ်ပွဲနှစ်ပတ်လည်အတွက် လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာ တနင်္ဂနွေညဘက် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တရုတ်ဝန်ထမ်း ၂ ဦး သေဆုံး၊ တဦးဒဏ်ရာရခဲ့ရပြီနောက် နိုင်ငံတွင်း တရုတ်စီမံကိန်းတွေနဲ့ တရုတ်လုပ်သားတွေရဲ့ ဘေးအန္တရာယ်ကင်းဖို့ လုံခြုံရေးဟာကွက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်က အောက်တိုဘာ ၇ ရက်က တောင်းဆိုခဲ့ပါတယ်။
တနင်္ဂနွေညပိုင်းက ပါကစ္စတန်တောင်ပိုင်း Karachi မြို့ လေဆိပ်အပြင်ဘက်မှာ Port Qasim လျှပ်စစ်ဓါတ်အားပေး ကုမ္ပဏီက တရုတ်ဝန်ထမ်းတွေလိုက်ပါလာတဲ့ ယာဉ်တန်းဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် အနည်းဆုံး တရုတ် နိုင်ငံသား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ နှစ်ဘက်တာဝန်ရှိသူတွေကပြောပါတယ်။
အစ္စရေးနယ်ထဲ ဟာမတ်စ်အဖွဲ့ ဝင်တိုက်ခဲ့တဲ့ တနှစ်ပြည့်နေ့မှာပဲ အစ္စရေး စစ်တပ်က ဂါဇာကမ်းမြှောင်မှာရှိတဲ့ ဟာမတ်စ်တွေရှိမယ့် နေရာတွေကို လေကြောင်းကနေ ဆက်လက် တိုက်ခိုက်နေပါတယ်။
မျိုးဗီဇတွေ အလုပ်လုပ်တဲ့စနစ်ရဲ့ အခြေခံဖြစ်တဲ့ microRNA ကို ရှာဖွေ ဖော်ထုတ်ခဲ့ကြတဲ့ Victor Ambros နဲ့ Gary Ruvkun တို့ကို နိုဘယ်ဆေးပညာဆု ချီးမြှင့်ကြောင်း ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့က ဒီကနေ့ အခမ်းအနားမှာ နိုဘယ်ကော်မတီ အတွင်းရေးမှူး Thomas Perlmann က ကြေညာလိုက်တာပါ။
နယ်သာလန်နိုင်ငံကာကွယ်ရေးဝန်ကြီး Ruben Brekelmans ဟာ တနင်္ဂနွေနေ့က Kyiv မြို့တော်ကို ရုတ်တရက်သွားရောက်ခဲ့ပြီး ယူကရိန်းနဲ့ပူးတွဲလုပ်ဆောင်မယ့် အဆင့်မြင့်ဒရုန်းယာဥ်ထုတ်လုပ်ဖို့ ဒေါ်လာသန်း ၄၄၀ မြှုပ်နှံမယ်လို့ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပမ်းစားတဲ့ ချင်းမိုင်မြို့မှာ ရုတ်တရက်ရေကြီးမှုအတွင်း ဆင် ၂ ကောင် ရေနစ်သေဆုံး သွားတယ်လို့ ဆင်စခန်းတာဝန်ရှိသူတွေ ဒီနေ့ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်