အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီနေ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ လက်ဘနွန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံပါတယ်။ လက်ဘနွန်နိုင်ငံအတွင်းက ဟစ်ဇ်ဘိုလာ အကြမ်းဖက်အဖွဲ့ကို နှိမ်နှင်းပေးဖို့ လက်ဘနွန်အစိုးရကို အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေတာပါ။
“မနက် လေးနာရီ ငါးနာရီလောက်က ကမ်းခြေမှာသောင်တင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တွေ့ခဲ့တဲ့အကြောင်းနဲ့ သူတို့ကို Pantai Labu ခရိုင်ခွဲရုံးကို ခေါ်လာတဲ့အကြောင်း၊ ဒေသခံတွေက လက်မခံချင်ပေမဲ့ လိုအပ်တာတွေ ဆောင်ရွက်ပေးနေတဲ့အကြောင်း” အင်ဒိုနီးရှားဒေသအာဏာပိုင်က ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားက တပ်သား ၃,၀၀၀ ရုရှားကို စေလွှတ်ထားတယ်လို့ အမေရိကန်ရဲ့ ပြောကြားချက်ကို ရုရှားသမ္မတ Vladimir Putin က မငြင်းပါဘူး။ ဒါပေမယ့် ဒီတပ်သားတွေကို ယူကရိန်းစစ်မြေပြင်ကို စေလွှတ်ဖို့အပါအဝင် ဘယ်လို တာဝန်ချမယ်ဆိုတာကိုတော့ ရုရှားအစိုးရကဆုံးဖြတ်မှာဖြစ်ကြောင်း ကြာသပတေးနေ့မှာ ပြောပါတယ်။
အင်ဒိုနီးရှားအစိုးရ စွမ်းအင်ကုမ္ပဏီ Pertamina ရဲ့ တောင်တရုတ်ပင်လယ်ပြင်ထဲ တိုင်းတာမှုတွေကို အနှောက်အယှက်ပေးခဲ့တဲ့ တရုတ်ကမ်းစောင့်တပ်သင်္ဘောတစင်းကို ဒုတိယအကြိမ်မြောက် မောင်းထုတ်ခဲ့ရတယ်လို့ အင်ဒိုနီးရှား ရေကြောင်းလုံခြုံရေးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။
“Labu ကမ်းခြေမှာ ကျနော်တို့တွေ့တဲ့ ရိုဟင်ဂျာစုစုပေါင်းက ၁၅၂ ယောက် ဖြစ်ပါတယ်။ ပထမတော့ ၁၄၆ ယောက်ပဲတွေ့ခဲ့ပြီး နောက်ပိုင်းကျမှ နောက်ထပ် ၆ ယောက်ကို ကမ်းခြေမှာ ထပ်တွေ့ တာ ဖြစ်ပါတယ်။ အဲဒီလူတွေကိုတော့ အခုအခါမှာ ခရိုင်ရုံးကိုခိုလှုံဖို့အတွက် နေရာရွှေ့ပေးထားပါ တယ်။” (Sujarwo _Pantai Labu ရဲတပ်ဖွဲ့အကြီးအကဲ)
ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းကို အပူပိုင်းမုန်တိုင်း Trami ဝင်ရောက်တိုက်ခတ်တာကြောင့် လူ ၂၆ ယောက်ထက်မနည်းသေဆုံးပြီး ၁ သိန်းခွဲကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။
G7 စက်မှုထိပ်သီး ၇ နိုင်ငံကနေ ယူကရိန်းကို အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ချေးမယ့် အစီအစဉ်ထဲက အမေရိကန်ကပေးရမယ့် ဒေါ်လာ ဘီလျံ ၂၀ နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုဘက်က မနေ့ ဗုဒ္ဓဟူးနေ့မှာ အပြီးသတ်သဘောတူညီလိုက်ပြီဖြစ်ပါတယ်။
မကြာခင်ကျင်းပတော့မယ့် အမေရိကန်ရွေးကောက်ပွဲမှာ မဲန္ဒရှင်တွေ ဆုံးဖြတ်ချက်ဝေဝါးအောင်လုပ်ပြီး ရလာဒ်တွေ ပြောင်းလဲသွားအောင် တရုတ်၊ အီရန်နဲ့ ရုရှားနိုင်ငံတွေက တွန်းတွန်းတိုက်တိုက်လုပ်နေတဲ့ အထောက်အထားသစ်တွေ ထွက်လာပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂါဇာဒေသနဲ့ လက်ဘနွန် ပဋိပက္ခတွေကို ဆွေးနွေးဖို့အတွက် အရှေ့အလယ်ပိုင်း ဒေသကိုသွားရောက်နေပြီး ဒီနေ့မှာတော့ ကာတာနိုင်ငံကို အုပ်ချုပ်နေတဲ့ စော်ဘွား Sheikh bin Hamad Al Thani နဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒာ မိုဒီ တို့ဟာ ငါးနှစ်အတွင်း တွေ့ဆုံကြတဲ့ ပထမဆုံး အစည်းအဝေးမှာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့လိုအပ်တယ်လို့ အလေးအနက် ပြောလိုက်ကြပါတယ်။ ရုရှားနိုင်ငံ ကာဇန်မြို့ မှာကျင်းပနေတဲ့ BRICS ထိပ်သီးညီလာခံ ဘေးပန်းမှာ သူတို့ တွေ့ဆုံခဲ့ကြတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယခင် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ အနားယူသွားတာနဲ့ ပတ်သက်တဲ့ စကားတခွန်းကြောင့် သမ္မတကို နှုတ်ထွက်ပေးဖို့ ဦးဆောင်ကျောင်းသားအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ သောကြာနေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ဖို့ ကျောင်းသားလှုပ်ရှားမှုက သမ္မတကို အချိန် ၂ ရက် ပေးလိုက်တာပါ။
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားမှာ ရောက်ရှိနေတဲ့ အထောက်အထားတွေ ရရှိထားပြီး၊ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က သတင်းထောက်တွေကို ဒီနေ့ပဲ ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်