တနင်္ဂနွေညပိုင်းက ပါကစ္စတန်တောင်ပိုင်း Karachi မြို့ လေဆိပ်အပြင်ဘက်မှာ Port Qasim လျှပ်စစ်ဓါတ်အားပေး ကုမ္ပဏီက တရုတ်ဝန်ထမ်းတွေလိုက်ပါလာတဲ့ ယာဉ်တန်းဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် အနည်းဆုံး တရုတ် နိုင်ငံသား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ နှစ်ဘက်တာဝန်ရှိသူတွေကပြောပါတယ်။
အစ္စရေးနယ်ထဲ ဟာမတ်စ်အဖွဲ့ ဝင်တိုက်ခဲ့တဲ့ တနှစ်ပြည့်နေ့မှာပဲ အစ္စရေး စစ်တပ်က ဂါဇာကမ်းမြှောင်မှာရှိတဲ့ ဟာမတ်စ်တွေရှိမယ့် နေရာတွေကို လေကြောင်းကနေ ဆက်လက် တိုက်ခိုက်နေပါတယ်။
မျိုးဗီဇတွေ အလုပ်လုပ်တဲ့စနစ်ရဲ့ အခြေခံဖြစ်တဲ့ microRNA ကို ရှာဖွေ ဖော်ထုတ်ခဲ့ကြတဲ့ Victor Ambros နဲ့ Gary Ruvkun တို့ကို နိုဘယ်ဆေးပညာဆု ချီးမြှင့်ကြောင်း ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့က ဒီကနေ့ အခမ်းအနားမှာ နိုဘယ်ကော်မတီ အတွင်းရေးမှူး Thomas Perlmann က ကြေညာလိုက်တာပါ။
နယ်သာလန်နိုင်ငံကာကွယ်ရေးဝန်ကြီး Ruben Brekelmans ဟာ တနင်္ဂနွေနေ့က Kyiv မြို့တော်ကို ရုတ်တရက်သွားရောက်ခဲ့ပြီး ယူကရိန်းနဲ့ပူးတွဲလုပ်ဆောင်မယ့် အဆင့်မြင့်ဒရုန်းယာဥ်ထုတ်လုပ်ဖို့ ဒေါ်လာသန်း ၄၄၀ မြှုပ်နှံမယ်လို့ ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပမ်းစားတဲ့ ချင်းမိုင်မြို့မှာ ရုတ်တရက်ရေကြီးမှုအတွင်း ဆင် ၂ ကောင် ရေနစ်သေဆုံး သွားတယ်လို့ ဆင်စခန်းတာဝန်ရှိသူတွေ ဒီနေ့ပြောပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ မွတ်ဆလင်ဗလီတခုကို ဒီကနေ့အစောပိုင်း အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
တရုတ်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့တာ ၇၅ နှစ်ပြည့်အဖြစ် ဆက်ဆံရေး ခိုင်မာဖို့ မျှော်လင့်ကြောင်း ၂ နိုင်ငံ ခေါင်းဆောင်တွေ အပြန်အလှန် အမှာစကားပါးခဲ့ကြပါတယ်။
ဂါဇာနဲ့ လက်ဘနွန် မှာ အပစ်အခတ် ရပ်စဲဖို့ ဆီးရီးယား နိုင်ငံကို ရောက်နေတဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးက စနေနေ့မှာ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီး အာဘတ်စ် အာရာဂ်ချီက ဆီးရီးယားက မဟာမိတ်တွေ ဆွေးနွေးရာမှာ အပစ်ရပ်ရေး ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဒမတ်စကတ်မြို့တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အစ္စရေးဟာ စနေနေ့က လက်ဘနွန်နိုင်ငံမှာ ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့ပြီး ဟဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့ အခိုင်အမာတည်ရှိနေတဲ့ ဘေရွတ်မြို့တော်ရဲ့ လူနေထူထပ်တဲ့ တောင်ပိုင်းဆင်ခြေဖုံး ရပ်ကွက်တွေကို လေကြောင်းတိုက်ခိုက်မှု ဒါဇင်နဲ့ချီ လုပ်ဆောင်ခဲ့ပါတယ်။
ဂါဇာနဲ့ လက်ဘနွန် မှာ အပစ်အခတ် ရပ်စဲဖို့ ဆီးရီးယား နိုင်ငံကို ရောက်နေတဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးက စနေနေ့မှာ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ နိုင်ငံရေး အကျပ်အတည်းအတွက် အဖြေရှာနိုင်ပြီး လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည် အသက်ဝင်လာရေး နိုင်ငံတကာ ညီလာခံတရပ်ကို လာအိုနိုင်ငံက ကျင်းပမယ်လို့ လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith က ပြောတာကို Vatican -Fides သတင်းမှာ ဖေါ်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်