ကမ္ဘာကျော် One Direction ပေါ့ပ်ဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း Liam Payne ဟာ အသက် ၃၁ နှစ်မှာ ကွယ်လွန်သွားပါတယ်။ အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့တော် ဟိုတယ်တခုရဲ့ ၃ ထပ် လေသာဆောင်ကနေ ပြုတ်ကျပြီး သေဆုံးသွားတာဖြစ်တယ်လို့ အာဂျင်တီနားရဲတပ်ဖွဲ့က ပြောပါတယ်။
ယီမင်နိုင်ငံမှာရှိနေတဲ့ ဟူသီစစ်သွေးကြွတွေရဲ့ မြေအောက် လက်နက်သိုလောင်ရုံတွေကို အမေရိကန်တပ်ဖွဲ့တွေက ဗုဒ္ဓဟူးနေ့က လေကြောင်းကနေ အတိအကျ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရုပ်ရှင်မင်းသမီးတဦးနဲ့ နာမည်ကျော် ရုပ်သံ အစီအစဥ် တင်ဆက်သူ အပါအဝင် ၁၈ ဦးကို အလှကုန်၊ ကျန်းမာရေးနဲ့ ဖြည့်စွက်စာတွေ လိမ်ညာရောင်း အမြတ်ထုတ်ခဲ့မှုနဲ့ဆက်စပ်ပြီး ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံကို ရန်လိုတဲ့နိုင်ငံ (ရန်သူနိုင်ငံ) အဖြစ် ဖွဲ့စည်းပုံမှာ မကြာခင်က ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား ချိတ်ဆက်ထားတဲ့ ကားလမ်း နဲ့ ရထားလမ်းကို ဖောက်ခွဲဖျက်ဆီးလိုက်ပြီး ၂ ရက်အကြာမှာ အခုလို အတည်ပြုလိုက်တာဖြစ်ပါတယ်။
တရုတ်ရဲ့ BRI ခါးပတ်လမ်းစီမံကိန်းတိုးချဲ့ ရေးကို ထောက်ခံကြောင်းဒါဟာ ဥရောပနဲ့အာရှပါဝင်တဲ့ ယူရေးရှားဒေသတွင်း ဆက်သွယ်မှုအမြင်နဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေပါ တိုးတက်လာနိုင်တယ်လို့ အစ္စလာမ်မာဘတ်က SCO ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နှစ်ပတ်လည်အစည်းဝေးမှာ ပါကစ္စတန်ဝန်ကြီးချုပ်ကပြောပါတယ်။
ယူကရိန်းစစ်ပွဲမှာ ဘယ်သူ့ဘက်မှာ ရပ်တည်ရမယ်၊ ရုရှားနဲ့ဘယ်လိုဆက်ဆံမှုထားမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေသလို အရှေ့အလယ်ပိုင်းဒေသတွင်း အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာပဲ အီးယူ- ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ပင်လယ်ကွေ့ ၆ နိုင်ငံတို့ရဲ့ ပထမဆုံး ထိပ်သီးအစည်းဝေးကို ဗုဒ္ဓဟူးနေ့က ဘရပ်ဆဲလ်မှာ ကျင်းပခဲ့ပါတယ်။
ရုရှားကျူးကျော်မှုခံနေရတဲ့ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာအကူအညီ ဒေါ်လာ ၄၂၅ ဘီလီယံ ပေးမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာပါတယ်။ သမ္မတဘိုင်ဒန်ဟာ ဗုဒ္ဓဟူးနေ့က ယူကရိန်း သမ္မတ Volodymyr Zelenskyy နဲ့ ကာကွယ်ရေး အထောက်အကူဆိုင်ရာ ဆွေးနွေးမှုတွေအပြီး ကြေညာခဲ့တာဖြစ်ပါတယ်။
ရုရှားကနေ ဥရောပကိုတိုက်ရိုက်လေကြောင်း ခရီးစဉ်တွေထားပေးပြီး အချိန်တိုအတွင်း ဈေးသက်သက်သာသာနဲ့ အရောက်ပို့ပေးဖို့ တရုတ်လေကြောင်းလိုင်းတွေရဲ့ လုပ်ဆောင်မှုဟာ သူတို့အတွက် အခက်ကြုံလာမှာကို ဥရောပလေကြောင်းလိုင်း အများအပြားက စိုးရိမ်နေကြပါတယ်။
လက်ဘနွန်တောင်ပိုင်း Nabatieh မှာ ဒီကနေ့ အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးသူတွေထဲမှာ Nabatieh မြို့တော်ဝန်လည်း ပါဝင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံကို NATO မဟာမိတ်အဖွဲ့ဝင်အဖြစ် ခြွင်းချက်မရှိ ဖိတ်ခေါ်ဖို့နဲ့ နျူကလီးယားရန်ကာကွယ်ဖို့ ရုရှားကျုးကျော်မှုကို ခုခံရာမှာ အောင်ပွဲရမယ့် နည်းလမ်းတွေအဖြစ် လွှတ်တော်ရှေ့မှောက် ဒီကနေ့ ပြောကြားရာမှာ သမ္မတ Volodymyr Zelenskyy က ထည့်သွင်းပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက လာရောက်မယ့်သူတွေကို ပြည်ဝင်ခွင့် လွယ်လွယ်ကူကူနဲ့ ဝင်ရောက်နိုင်မယ့် အစီအစဉ်တွေ ချမှတ်သွားမယ့်အကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှုး John Lee က ပါလီမန်မှာ ပြောကြားတဲ့ မူဝဒါဆိုင်ရာ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO အဖွဲ့ဝင်နိုင်ငံတွေဟာ ၂ ရက်ကြာ နှစ်ပတ်လည် အစည်းအဝေးကို ပါကစ္စတန်နိုင်ငံမှာ အင်္ဂါနေ့ စတင်လိုက်ကြပြီး ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေး နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို ဆွေးနွေးကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်