တိုင်ဝမ်မှာ Krathon တိုင်ဖွန်းမုန်တိုင်းဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်တွေ အားလုံး နဲ့ တိုင်ပေမြို့တော်ကနေ ထွက်ခွာမယ့် နိုင်ငံတကာလေကြောင်းခရီးစဉ်တချို့ကို ဖျက်လိုက်ရပါတယ်။
စင်္ကာပူနိုင်ငံမှာ အစိုးရဝန်ကြီးဟောင်းတဦးကို ဒေါ်လာ ၃ သိန်းကျော် တန်ဖိုးရှိတဲ့ လက်ဆောင်ပဏာတွေ မလျော်မကန် လက်ခံခဲ့မှု၊ တရားစီရင်ရေးကို အနှောက်အယှက် ပြုမှု တို့နဲ့ ထောင်ဒဏ်တနှစ် ဒီကနေ့ ချမှတ်ခံလိုက်ပါတယ်။
အယုဒ္ဓယနဲ့ နန်သန်ဘူရီကို အင်္ဂါနေ့က လေ့လာရေးခရီးထွက်လာကြတဲ့ ကျောင်းသားတွေနဲ့ဆရာတွေလိုက်ပါလာတဲ့ဘတ်စ်ကား မီးလောင်ခဲ့တဲ့အတွက်၇ နှစ်နဲ့ ၁၄ နှစ်ကြား ကျောင်းသားကျောင်းသူ ၂၀ နဲ့ ဆရာ ၃ ဦးသေဆုံးခဲ့ရတယ်လို့ ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဗုဒ္ဓဟူးမနက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကို အတူတကွ လက်တွဲတွန်းလှန်ဖို့လိုအပ်ကြောင်း တောင်ကိုရီးယား သမ္မတ Yoon Suk Yeol နဲ့ ဂျပန်ဝန်ကြီးချုပ်အသစ် Shigeru Ishiba တို့နှစ်ဦး ပထမဆုံး တယ်လီဖုံးနဲ့ဆက်သွယ်ပြောဆိုချိန်မှာ သဘောတူခဲ့ကြတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
EU က ခွဲထွက်ခဲ့တဲ့ဗြိတိန်နဲ့ အီးယူတို့ကြား လုံခြုံရေးနဲ့စီးပွါးရေးဆိုင်ရာစိန်ခေါ်မှုလို ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားနေချိန်မှာပဲ ဗြိတိန်ဝန်ကြီးချုပ်သစ် Keir Starmer နဲ့ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen တို့ တွေ့ဆုံပြီး ဆက်ဆံရေး တဖြေးဖြေးပြန်ညှိနှိုင်းဖို့ သဘောတူခဲ့ကြပါတယ်။
အရှေ့အလယ်ပိုင်းဒေသအရေးဟာ တကမ္ဘာလုံးအတွက် သိပ်အန္တရာယ်ကြီးတဲ့ အနေအထားကို မကြာခင် ရောက်လာနိုင်တာကြောင့် ဒီပြဿနာ ပိုကျယ်ပြန့်မလာအောင် ကာကွယ်တားဆီးဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ကုလလုံခြုံရေးကောင်စီကို အောက်တိုဘာ ၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
Copenhagen မြို့တော် မြောက်ပိုင်း မြို့ပြင်ဖက်မှာရှိတဲ့ အစ္စရေးသံရုံးအနီး ညဖက် ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ကြောင်းနဲ့ ကနဦးစုံစမ်းမှုတွေ စတင်နေပြီလို့လည်း X လူမှုကွန်ရက်မှာ ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။
လက်ဘနွန်နိုင်ငံရဲ့မြို့တော် ဘေရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးနေရာတွေကို အစ္စရေးဘက်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီး ဟက်ဇ်ဘူလာ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာလို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။
ဂျပန်နိုင်ငံတောင်ပိုင်း ကျူရှူးကျွန်းက Myazaki မြို့ လေယာဉ်ကွင်းပြေးလမ်းနားမှာ၊ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက အသေခံ Kamikaze လေကြောင်း တိုက်ခိုက်မှုကို ဟန့်တားဖို့ အမေရိကန်က ကြဲချခဲ့တာဖြစ်ပုံရတဲ့ဗုံး ဒီနေ့ ပေါက်ကွဲတာကြောင့် လေယာဉ်ကွင်းပိတ်လိုက်ရတာပါ။
ဘတ်စ်ကားမောင်းသူ Saman Chanput ဟာ မီးလောင်ချိန်မှာ ထွက်ပြေးတိမ်းရှောင်သွားပေမဲ့ နာရီ အတော်ကြာမှာ လာရောက် အဖမ်းခံခဲ့တယ်လို့ ထိုင်းရဲက ပြောပြီး သူ့ကို ယာဉ်မဆင်မခြင်မောင်းနှင်မှုအပြင် တခြားသူတွေကို လွတ်မြောက်အောင် ကူညီဖို့ ပျက်ကွက်မှုနဲ့ တရားစွဲထားပါတယ်။
စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းကိုပံ့ပိုးပေးဖို့ကိစ္စဟာ ထိပ်တန်းဦးစားပေးဖြစ်ပြီး NATO အဖွဲ့ရဲ့ အင်အားအကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန် နိုင်ငံမှာ ဘယ်အစိုးရပဲ တက်လာလာ လက်တွဲဆောင်ရွက်မှာဖြစ်ကြောင်း NATO အတွင်းရေးမှူးချုပ်သစ် Mark Rutte က ကတိပေးလိုက်ပါတယ်။
အစ္စရေး ခေါင်းဆောင်ပိုင်းက လက်ဘနွန်စစ်ပွဲ ဆက်လုပ်ဖို့ ဆုံးဖြတ်ထားတဲ့အပေါ် ဒေသတွင်း နိုင်ငံတွေကတော့ စိုးရိမ်နေကြပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် က အပစ်ရပ်ဖို့ တောင်းဆိုထားပေမဲ့လည်း ဒါကို ဘယ်သူက နားထောင်မလဲ ဆိုတာ Anita Powell သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်