လက်ဘနွန်နိုင်ငံတောင်ပိုင်းက ရွာ ၂၃ ရွာမှာ နေထိုင်တဲ့ ဒေသခံတွေ ဘေးလွတ်ရာကို သွားကြဖို့ အစ္စရေးစစ်တပ်က ဒီနေ့ ကြေညာထားပါတယ်။ ရွာအများစုက ဒေသခံတွေကတော့ အစထဲက ဘေးလွတ်ရာ ပြောင်းကုန်ကြလို့ လူမရှိသလောက် ဖြစ်ကုန်ပါပြီ။
တရုတ်နိုင်ငံမှာ တိုးတက်နှုန်းနှေးကွေးနေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့အတွက် အစိုးရက အထူးငွေစုလက်မှတ်တွေ ထုတ်ရောင်းတော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း ပမာဏအများဆုံး ငွေကြေးကျားကန်ပေးမယ့် အစီအစဉ်အရ အစိုးရဘဏ်တွေ၊ ဒေသန္တရအစိုးရတွေ၊ အိမ်ခြံမြေဈေးကွက်တွေကို ထောက်ပံ့မှာ ဖြစ်ပါတယ်။
ရုရှားအကျဉ်းထောင်ထဲမှာ ကွယ်လွန်သွားတဲ့ ရုရှားနိုင်ငံရေးအတိုက်အခံ Alexei Navalny ဟာ သူထောင်ထဲမှာ သေဆုံးမယ်လို့ ယုံကြည်ထားတာကို မကြာခင် ထုတ်ဝေမယ့် ကိုယ်တွေ့ဘဝမှတ်တမ်း စာအုပ်ထဲမှာ ရေးသားထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေနဲ့ ဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံဘက်က အပြုသဘော ပူးပေါင်းဆောင်ရွက်မှုတွေကို အသိအမှတ်ပြုဖော်ပြသင့်တယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၁ ရက်နေ့က စာထုတ်ပြန်ခဲ့ပါတယ်။
မြန်မာကို အထီးကျန်အောင် ပစ်ပယ်မထားသင့်ဘူးလို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က လာအိုနိုင်ငံ ဗီယင်ကျန်းမှာကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးညီလာခံမှာ ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး အတွင်းဝန် Jaideep Mazumdar က သောကြာနေ့ အိန္ဒိယနိုင်ငံခြားရေးဌာန အထူး သတင်းစာရှင်းလင်း ပွဲမှာ ပြောပါတယ်။
အစ္စရေးအနေနဲ့ အရပ်သားတွေကို အကာကွယ်ပေးရေး ကြိုတင်ဆောင်ရွက်မှုတွေ လုပ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ အတွင်း အရပ်သားတွေမထိခိုက်အောင် လုပ်ဆောင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ကိုယ်တိုင် အဏုမြူဗုံးဒဏ်ကနေ လွတ်မြောက်ခဲ့ကြသူတွေကိုယ်တိုင် ကမ္ဘာမှာ နျူကလီးယားလက်နက် ပပျောက်အောင် ကြိုးပမ်းခဲ့ကြတာကို ဂုဏ်ပြုတာဖြစ်တယ်လို့ နော်ဝေ နိုဘယ်ကော်မတီရဲ့ ဥက္ကဋ္ဌ Jørgen Watne Frydnes ကပြောပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေကို ကူညီ ဖြေရှင်းဖို့ ကြိုးစားတာ၊ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတာတွေအတွက် ကြိုဆိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
၂၀၂၄ ခုနှစ်အတွကက် နိုဘယ် စာပေဆုကို တောင်ကိုရီးယားစာရေးဆရာမ Han Kang က ရရှိသွားပါတယ်။ သမိုင်းဒဏ်ရာတွေကို ရင်ဆိုင်တဲ့ သူ့ရဲ့ ပြင်းထန်တဲ့ ကဗျာဆန်တဲ့ စာသားတွေနဲ့ လူ့အသက်ရဲ့ ထိလွယ်ရှလွယ်ပုံကို ထင်ဟတ်စေတဲ့အရေးအသားတွေကြောင့် ဆုချီးမြှင့်ခံရတာ ဖြစ်ကြောင်း နိုဘယ်စာပေဆုပေးရေးကော်မတီက ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ကမ္ဘာတဝန်း အသက် ၁၈ နှစ်အောက် အမျိုးသမီးနဲ့ မိန်းကလေးငယ် ၈ ယောက်မှာ တယောက်နှုန်းဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာ ဒါမှမဟုတ် အဓမ္မပြုကျင့် ခံရတာတွေကို ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က သတိပေး ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်